Part...22 (Modification)

17.5K 1.7K 87
                                    

[Zawgyi]

အသီးအပွင့်တွေလဲ သူ မရှိတော့...
ညှိုးနွမ်း၏...။
အနံ့အရသာလည်း သူ မရှိတော့...
မေ့ပျောက်၏...။
လေနေခြည်လည်း သူ မရှိတော့...
ဆိတ်သုဉ်း၏...။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::

Baekhyun's POV
»»»»»»»»»»»»»»»

ဒီနေ့က ကျွန်တော့်ရဲ့ အသက်မဲ့နေသောဘဝ၏
တစ်လတင်းတင်းပြည့်သည့်နေ့...။
လွန်ခဲ့သောတစ်လအတွင်း ဖြစ်ပျက်လှုပ်ရှားခဲ့သော
ပုံမှန်နေ့ရက်တွေအတိုင်း ခံစားချက်မဲ့နေသော
ကိုယ်ခန္ဓာ၏ လှုပ်ရှားမှုတွေဖြင့် Castleက ကျွန်တော့်အခန်းလေးထဲတွင် ထိုင်နေခဲ့မိသည်။

အခန်းထဲက တစ်ယောက်အိပ်ကုတင်ကိုမြင်
တော့...ရွာလေးကို အတူသွားဖူးသည့်
ကောင်လေးကို သတိရလိုက်မိပြန်၏။
သူ့ကိုသတိရလိုက်မိသည်နှင့် ရင်ဘတ်ထဲအောင့်
သက်လာပြီး လက်သီးတစ်ဖက်ကို
အလိုလိုကျစ်ဆုပ်လိုက်မိသည်...။

ကုတင်ပေါ်နွမ်းလျစွာထိုင်လိုက်ရင်း
လမ်းမပေါ် အရုပ်ကြိုးပြတ်ထိုင်ကျန်နေခဲ့သော
ကောင်လေး၏ပုံစံကို ပြန်မြင်ယောင်နေမိပြန်သည်။
မနေ့တနေ့ကလိုပဲ...
ကောင်လေးပုံရိပ်မြင်ယောင်လိုက်တိုင်း
ကျွန်တော့်မျက်ဝန်းစိုစွတ်သည်။

ခံစားချက်မဲ့ ရှင်သန်နေရသော ကျွန်တော့်နေ့စဉ်
လုပ်ငန်းတွေထဲတွင် ကျွန်တော် စိတ်ပါလက်ပါ
ပြုမူသည်ဟူ၍ နှစ်ချက်ပဲရှိ၏။
ကောင်လေးကို သတိရခြင်းနှင့်
ရှိုက်ကြီးတငင်ငိုခြင်း ထိုနှစ်ချက်တည်းပင်...။

ယခုလည်း ကျွန်တော်ငိုသည်...။
ပါးပြင်ပေါ်အလိုလိုကျလာသော မျက်ရည်များ
က...
ရင်ဘတ်ထဲမှ နာကျင်ခြင်း၏ ပြယုဂ်တွေလား။
ကျွန်တော့်နှလုံးသားထဲမှ နာကျင်ခြင်းကို
ယခုနည်းနှင့်မှ မဖြေလျော့ရလျှင် ကျွန်တော်ရူးသွားလိမ့်မည်ထင်သည်။
ထို့ကြောင့် သတိတရငိုရှိုက်ခြင်းတစ်ခုကိုတော့
ကျွန်တော် နေ့စဉ်လုပ်ဆောင်နေပါဦးမည်။

~Tock.Tock.~

နှစ်ချက်မြောက်တံခါးခေါက်သံအဆုံးတွင် အခန်းထဲဝင်လာ
ခဲ့သည့် Castle သမီးပျို...တစ်နည်းအားဖြင့်
ကျွန်တော့် အမည်ခံသတို့သမီး...။
ကုတင်ပေါ်မှာ ရှိုက်ကြီးတငင်ငိုကြွေးနေသော ကျွန်တော့်ကို စိတ်မကောင်းသည့်ဟန်ဖြင့်
တစ်ချက်စူးစိုက်ကြည့်လိုက်ပြီးမှ သူမ လာရင်းကိစ္စကို
နိဒါန်းပျိုးသည်။

Modification(Completed)Where stories live. Discover now