Part...18 (Modification)

18.7K 1.7K 88
                                    

ရှေ့အပိုင်းမှာတောင်းဆိုလိုက်မှုကို ဖြည့်ဆည်းပေး
လိုက်တဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ချစ်ဆုံးတို့...။
အရမ်းချစ်တာမို့...
ချက်ချင်းကောက်upလိုက်ပါတယ်နော်...။

»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»

" ဒီနေ့ ဧည့်သည်လာစရာရှိတယ်... "

မနက်အိပ်ယာထ မျက်လုံးနှစ်လုံးပွင့်ပွင့်ခြင်း
ဒီစကားကိုပြောလာသူက Biz...။
ဧည့်သည်လာသည်များ ဘာဆန်းသည်မှတ်လို့...
အရင်တုန်းကလည်း ဧည့်သည်တွေ
ဝင်ထွက်သွားလာနေကြပဲကို...။
ပြီးတော့ ကျွန်တော်နဲ့ဘာဆိုင်လို့လာပြောနေသည်
လဲ...။
ထိုတုန်းကတော့ ကျွန်တော် နှာခေါင်းတစ်ချက်
ရှုံ့တာနှင့်ပဲ...Bizစကားကို တုန့်ပြန်လိုက်မိသည်။
လာမယ့်ဧည့်သည်သည် ကျွန်တော့်ဧည့်သည်ဖြစ်
မည်လို့...ကျွန်တော်ကြိုတွေးနိုင်ခဲ့မည်တဲ့လား..။
တစ်ကယ်ဆို ထိုအချိန်ကတည်းက
အခြေအနေဆိုးတစ်ခုကို လက်ခံရဖို့
ကျွန်တော့်စိတ်ကိုကျွန်တော် ကြိုပြင်ဆင်ထားခဲ့သင့်ပါ
သည်။

»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»

နေ့လည်ထမင်းစားပြီး အလုပ်သမားတန်းလျား
ဘက်က နောက်လိုက်တွေဆီ ခေါင်းဆောင်က ပစ္စည်းတစ်ခုသွားပေးခိုင်းသည်ကြောင့်...စံအိမ်တော်ထဲမှ ကျွန်တော်ထွက်လာခိုက်...
ငြိမ့်ခနဲဝင်လာသော ကားမည်းတစ်စီးကို အမှတ်မထင်
စွာ တွေ့လိုက်ရသည်။
ကားမည်းကိုမြင်လိုက်ခိုက် ပြန်ကြားယောင်လိုက်
မိသည်က မနက်က Bizပြောလိုက်သည့်
ဧည့်သည်ရောက်လာမည်ဆိုသောစကား...။
သည်တစ်ခေါက်လာသည့်ဧည့်သည်တွေက တခမ်းတနားကြီးမဟုတ်ဘဲ ကားတစ်စီးတည်းဖြင့်သာ
အဆင်ပြေပုံပေါ်သည်။
သို့ပေမယ့် ကျွန်တော့်မျက်စိထဲတိုးဝင်လာ
သည့် အနက်ရောင်နဂါးတံဆိပ်...။

" ဟင်...အဖွဲ့ကကားပဲ...
ဧည့်သည်တွေရဲ့ကားမဟုတ်ဘူးလား? "

ထင့်ခနဲဖြစ်သွားသောစိတ်နှင့် ကျွန်တော်ရပ်ပြီး
ကြည့်နေမိ၏…။
ဘာလဲ...ဒီနောက်ကြောင်းမအေးသည့်
ခံစားချက်က...။
အချိန်အတော်ကြာ ကျွန်တော်ရပ်ကြည့်နေသော်ငြား
တစ်စုံတစ်ယောက်မျှပင် ဆင်းမလာသောကားသည်
လှုပ်ရှားခြင်းကင်းစွာ ဆိတ်ငြိမ်နေခဲ့လေသည်။

Modification(Completed)Where stories live. Discover now