Modification (Part...4)

19.3K 2K 43
                                    

[Zawgyi]

တိမ်တွေပေါ်တရိပ်ရိပ်ပြေးနေတယ့် လေယာဉ်
ပေါ်ထိုင်ရင်း Chanyeolငြိမ်သက်နေမိသည်။
မငြိမ်လို့ကလည်းမဖြစ်...
ခေါင်းဆောင်ရော...ဒုခေါင်းဆောင်ရော
နှစ်ယောက်စလုံး အလုပ်ရှုပ်နေကြသည်ကိုး။
ဒီတော့လည်း အလိုက်တသိနှင့် အားလုံး
ခပ်ဆိတ်ဆိတ်လိုက်နေကြရခြင်းဖြစ်သည်။

Black Dragonကိုယ်ပိုင်လေယာဉ်ပေါ်မှာ
လိုက်ပါလာသည်ဆိုလို့...
သူအပါအဝင် အားလုံးပေါင်း10ယောက်
တည်းရယ်။
ဒါတောင် သူတစ်ယောက်တည်းသည်သာ
ပထမဆုံးလိုက်ပါလာသူ...
ကျန်တဲ့7ယောက်က အရင်အခေါက်တွေ
ကတည်းက ခေါင်းဆောင်ကြီးသွားလေရာ
ခေါ်ဆောင်သွားခံရသောသူတွေ....။
ထိုသူတွေ Chanyeolကိုသိပ်ကျေနပ်ပုံမပေါ်ပါ
ဘူး။ဒီလေယာဉ်ပေါ်လိုက်ပါဖို့ဆိုတာ...
တော်ရုံတန်ရုံအခွင့်အရေးမဟုတ်....
အစမ်းသပ်ခံအများကြီးဖြတ်ကျော်လာပြီး…
နောက်ဆုံး ခေါင်းဆောင်သဘောကျပြီဆိုမှ
လိုက်ပါခွင့်ရှိကြတာ။
ဒါကို... သူက အစဉ်အလာကိုချိုးဖောက်ပြီး
အလိုက်သင့်လိုက်ပါလာနိုင်တာဆိုတော့...
သူတို့မကျေနပ်လည်း မကျေနပ်ချင်စရာပါ။
ထိုမကျေနပ်စိတ်နှင့် Chanyeolကို သီးသန့်တစ်ယောက်တည်းဖယ်ထားပြီး သူတို့ဘာသာသူတို့ နေနေကြ၏…။
အင်း...နေရခက်လိုက်သည့်ဖြစ်ခြင်း။

ထို့နောက် တိမ်ဖြူတွေကိုပြန်ငေးရင်း...
အိပ်စက်ခြင်းတွေရှိရာဆီ...။

»»»»»»»»»»«««««««««««««««««««

တစ်ယောက်တည်း ငြိမ်သက်စွာလိုက်ပါလာသော
ကောင်လေးကိုကြည့်ပြီး Baekhyun သဘောကျစွာပြုံးလိုက်မိသည်။
အိတ်ထဲက ကင်မရာအသေးစားလေးကိုထုတ်
ပြီး အိပ်မောကျနေတဲ့ ကောင်လေးပုံကို
အမြတ်တနိုးရိုက်ယူလိုက်မိ၏။
မျက်နှာချင်းဆိုင်မှာ ထိုင်နေသော Kris Hyung
က...သူ့လုပ်ရပ်ကိုတွေ့သွားတော့...
မျက်ခုံးပင့်လိုက်ပြီး...

" Baek.. သူများတွေမြင်သွားမယ်လေ... "

Kris စကားကြောင့် သူ တစ်ချက်ပြုံးလိုက်မိသည်။
သူဆိုတာက အရာရာကို ဆန်းစစ်ပြီးမှလုပ်တတ်သည်
ဆိုတာ hyung မေ့နေသည်ထင်၏…။

" ကျန်တဲ့သူတွေကို Mr.Junက ဟိုဘက်အခန်း
ခဏပို့ထားပါတယ်ဗျာ... "

Modification(Completed)Where stories live. Discover now