Part...23 (The Final)

24.2K 2K 170
                                    

[Zawgyi]

မျှော်လင့်နက်နက် ရင်မှာရှိုက်တော့...
နွမ်းလျပင်ပန်း အစဉ်လွမ်း၏...။
ဝမ်းနည်းအသိ လှမ်းအကြည့်မှာ...
မျှော်သူလာတော့ ရင်မှာပျော်သည်...
သခင်သိပါလေရော့မလား...။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::

" ဘယ်လို hyung? "

Hyungစကားကြောင့် Baekhyun...
ဖက်ထားရာကနေ လွှတ်လိုက်ပြီး...
Hyungကို မော့မေးလိုက်မိသည်။
Hyungက Baekဆံပင်လေးတွေကို
ဖွပစ်လိုက်ပြီး နောက်တစ်ဖန်ထပ်အတည်ပြုဆို၏။

" Chanyeolကို ခေါ်ပြီး စံအိမ်တော်ကို
ပြန်ကြရအောင်... "

" ရပြီလား...
တကယ်လား hyung... "

" Omm… "

ကြားလိုက်ရသည့်စကားက Baekရင်ထဲ
ကြည်နူးအပြည့်ဖြစ်သွားစေသည်။
မျက်ဝန်းထဲ မျက်ရည်ကြည်တွေက ချက်ချင်း
ပြည့်တက်လာ၏...။
Krisက ပြောင်းလဲသွားသော ညီဖြစ်သူကို
အမြတ်တနိုးကြည့်လိုက်ပြီး...

" Castle Leader အခုရှိလား? "

" မရှိသေးဘူး hyung...
သိပ်မကြာခင်ပြန်လာမယ်တော့ပြောသွားတယ် "

" ဒါဆို စောင့်နေရအောင်လေ... "

ညီဖြစ်သူ ပုခုံးအားဖက်ရင်း Castle အိမ်တော်ထဲကို
လှမ်းဝင်လာသော Kris ခြေလှမ်းတို့သည် ယုံကြည်
ခြင်းတစ်ခုနှင့်အတူ ဖြစ်တည်နေလေသည်။

ဧည့်ဆောင်ထဲမှာထိုင်နေရင်း
တစ်ဖက်ခေါင်းဆောင်ပြန်အလာကိုစောင့်နေရသည်က လူကို နေမထိထိုင်မသာဖြစ်စေ၏...။
ပြောင်းလဲသွားသော အခြေအနေတစ်ရပ်တွင်
အချိန်နာရီကအစ ပြောင်းလဲသွားသည်ဆိုလျှင်
သက်ရှိတစ်ယောက်ဖြစ်သည့် လူသားဆိုလျှင်ရော?

ငြိမ့်ညောင်းစွာရပ်တန့်လိုက်သော
ကားဘီးနောက်တွင်
တဖျတ်ဖျတ်ခြေသံတွေကို အမှတ်တမဲ့ကြား
လိုက်ရခိုက်…
Baekhyun အလိုအလျောက်ထရပ်လိုက်မိသည်...။Krisကတော့ တည်ငြိမ်စွာပင် ထိုင်ခုံတွင်
ထိုင်မြဲထိုင်နေခဲ့၏...။
အိမ်တော်ထဲကိုဝင်လာသော အဘိုးကြီး၏
ခြေလှမ်းတွေက သိပ်မကြာခင် သူ့အလိုဆန္ဒတွေပြည့်မြောက်သွားတော့မည့်အတွက်
သိသိသာသာပင် တက်ကြွနေလေသည်...။

Modification(Completed)Where stories live. Discover now