Part...11( Modification )

16.5K 1.8K 22
                                    

[Zawgyi]

အာဒံနဲ့ ဧဝ အတွက်...
ချစ်ခြင်းကို ဖြစ်တည်ဖို့
ပန်းသီးတစ်လုံးလိုအပ်တယ်...။
ငါ့အတွက်ကတော့...
မင်းအပြုံးတစ်ခုတည်းနဲ့တင်
ချစ်ခြင်းကို ဆက်အသက်ရှင်စေနိုင်တယ် Yeol…။

•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'

ကျွန်တော် ကားကို Parkingမှာ သေချာထိုးပြီး
ခြံထဲ ဝင်လာခဲ့တော့...
အရင်ဆုံး သတိထားလိုက်မိတာက စီတန်းရပ်
ထားတဲ့ ကားတွေ...။
တကယ့်အရေးကြီးတဲ့သူတွေကိုသာ ခြံထဲ
ကားရပ်ခွင့်ပေးတာမို့...
အခုရောက်နေတဲ့သူတွေက အရေးပါတဲ့သူတွေ
ဆိုတာ...ကျွန်တော် အရိပ်အကဲတစ်ခုအနေနဲ့
နားလည်လိုက်မိသည်...။

လျှောက်လမ်းတစ်လျှောက်မှာ တစ်ဖက်က
ကားအမည်းတွေ...
တစ်ဖက်က ခြုံပုတ်အစိမ်းလေးတွေနဲ့...
အင်း...
သူ့ဟာနဲ့သူတော့ လိုက်လျောညီထွေရှိနေတာပါပဲ...။
ဆန့်ကျင်ဘက်အရောင်တွေဆိုပေမယ့်လည်းပေါ့...။

ကျွန်တော် ဟိုတွေးဒီတွေးနဲ့လျှောက်လာခိုက်
ခြံတစ်ဝက်အရောက်တွင် မျက်နှာချင်းဆိုင်က
လျှောက်လာသောသူတွေကို တွေ့ပြီး...
ကျွန်တော့်ခြေလှမ်းတွေ ရုတ်ခြည်းနှေးကွေး
သွားသည်။

သာမန်အချိန်မှာတောင် အလိုမကျဖြစ်နေတတ်
တဲ့ မျက်နှာလေးက အခုအချိန်မှာ ပိုမာထန်နေ
ပြီး...စိတ်ကျဉ်းကြပ်နေသောသူတစ်ယောက်လိုမျိုး
ရှုပ်ထွေးနောက်ကျိနေလေ၏။
ဝတ်စုံအမည်းတွေနဲ့ လူတွေကြားက
Baekhyunက....
ကျွန်တော့်ကို မမြင်တာပဲလား...
တမင် မမြင်ချင်ယောင်ဆောင်လိုက်တာပဲလား
မသိ...
တစ်ချက်ကလေးမှ ငဲ့စောင်းကြည့်မလာသလို
ခြေလှမ်းတွေကလည်း အနည်းငယ်မျှပင် ပုံပျက်မသွားခဲ့...။
အေးလေ...
သူဆိုတာက...ကျွန်တော့်အပေါ် အာရုံရောက်
ချိန် နည်းတတ်တဲ့သူမျိုးမလား...။

မျက်နှာချင်းဆိုင်နေရာကနေ
သူတို့ ကျွန်တော့်ကိုကျောပေးသွားသည့်အခိုက်
ကျွန်တော့်အာရုံထဲရောက်လာသည်က...
ဂါဝန်လေးတစ်ထည်...။
ဟုတ်တယ်... တစ်ဆက်တည်းဖြစ်သော ဂါဝန်မိုးပြာရောင်လေး...။
အမည်းတွေကြားထဲ မိုးပြာရောင်က
ထင်းနေသည်ကို ဘာလို့များ ကျွန်တော်ချက်ချင်း
သတိမထားမိလိုက်တာပါလိမ့်...။
ကျွန်တော့်အာရုံအားလုံးကို Liner နဲ့
ကောင်လေးတစ်ယောက်တည်းကပဲ အကုန်သိမ်းကြုံးယူထားသောကြောင့်ထင်ပါသည်။

Modification(Completed)Where stories live. Discover now