Part...13 (Modification)

17.3K 1.7K 34
                                    

[Zawgyi]

အချစ်ကြီးရင်
အမျက်ကြီးတယ်ဆိုတာ
အလကားပေါ်ပေါက်လာတဲ့
စကားတစ်ခွန်းမဟုတ်ဘူး Yeol...။

•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°

စားပွဲခုံပေါ်မှ အလှထားပန်းအိုးလေးထဲက
ပန်းခြောက်လေးတွေကို အကြောင်းမဲ့ငေးကြည့်
နေရင်း...ကျွန်တော့်အကြည့်တွေ ရှေ့မှာရှိနေသော
သူမ၏လက်သန်းကြွယ်ဆီ ဘာရယ်မဟုတ်
ရောက်သွားမိသည်။
လက်စွပ်...
နှစ်ဖက်စလုံးက လက်သန်းကြွယ်မှာ လက်စွပ်
မရှိတာတွေ့ရတော့...
ကျွန်တော့်ရင်ထဲ တစ်မျိုးခံစားလိုက်ရ၏…။
ပျော်ရွှင်မှုလား...
ကြည်နူးမှုလား...။

ကော်ဖီခွက်လေးကို ဆုပ်ကိုင်ထားသော
သူမ လက်လေးတွေအရမ်းလှပပါသည်။
လက်ချောင်းသွယ်လှတာမြင်ခိုက် ကျွန်တော်
သတိရလိုက်မိသည်က စံအိမ်တော်က
Baekhyun...။
သူ့လက်လေးတွေလည်း အရမ်းလှတာကော...
ယောက်ျားလေးတစ်ယောက်၏လက်လို့ မထင်
ရလောက်အောင်...
သို့မဟုတ် gangsterအဖွဲ့တစ်ခု၏
ဒုခေါင်းဆောင်တစ်ယောက်ပိုင်ဆိုင်ထားသော လက်ကလေးတွေလို့မထင်ရလောက်အောင်ပင်
လက်ကလေးတွေ အရမ်းလှလွန်းသည်။
ကျွန်တော်တော့ သူ့လက်လေးတွေကို
အရမ်းနှမြောမိ၏…။
အနုပညာဆန်သော လက်သွယ်သွယ်တို့ကို
သေနတ်တစ်လက်ကိုင်ဆောင်ဖို့အသုံးပြုနေသည်က
နေရာမှားတာဝန်ယူခိုင်းသလိုခံစားစေရသည်။

" Yeol… အခု ဘယ်မှာနေနေတာလဲ? "

တိုးတိုးညှင်းညှင်းလေး ထွက်လာသော
သူမ အသံက ကျွန်တော့်အတွေးစတို့ကို ရပ်တန့်သွား
စေ၏…။
နေတာ? ဘယ်မှာနေတာလဲတဲ့?
သူမမေးခွန်းက သိပ်ကိုရိုးရှင်းသလို သိပ်ကိုလွယ်ကူ
နေသည့်တိုင် အဖြေကို ကျွန်တော်ချက်ချင်းရှာမတွေ့။

အမှန်အတိုင်း Black Dragonအဖွဲ့မှာ
နည်းပညာပိုင်းတစ်ယောက်အဖြစ်
အဖွဲ့သားဖြစ်နေပါသည်ပြောရမလား။
သို့မဟုတ် သီးသန့်နေနေသည်လို့ပဲပြောရမ
လား။

ကျွန်တော် ဖြေရခက်သွားသည်ကို ရိပ်မိဟန်တူသော
Miyaung Noonaက သူမ မေးခွန်းမှားသွားပြီ
မှန်းအထာပေါက်စွာဖြင့် အားနာရယ်သံလေးများထွက်ကျလာသည်။

Modification(Completed)Where stories live. Discover now