Love Is (Part 7)

883 74 0
                                    

Love Is (Part 7)


Ho Yin အိပ်ရာကနိုးလာတော့ သူမဘေးနားမှာ Seok Jin ကုတင်ပေါ်မျက်နှာအပ်ကာ အိပ်နေတာကို တွေ့လိုက်ရ၏။ သူမ နားထဲတွင် မနေ့က သူ့မိထွေးပြောတာတွေကို ပြန်ကြားယောင်နေမိသည်။ သူက သူမရဲ့ ချစ်သူမဟုတ်ဘူးတဲ့။ ဒါဆိုရင် သူကဘယ်သူလဲ။ ဘာလို့ သူမအပေါ်မှာ ဒီလောက်ကောင်းနေ နိုင်ရတာလဲ။ သူမ တွေးရင်း သူ့ခေါင်းကို အသာလေးပွတ်လိုက်မိသည်။ သူ နိုးသွားပြီး သူမ နဖူးလေးကို စမ်းကာ

"အင်း တော်သေးတာပေါ့ အဖျားကျသွားလို့ ဘာလို့အဲ့ဒီလိုတွေ လျှောက်သွားရတာလဲ Hae Ju ရယ် ကိုယ် ဘယ်လောက်ထိ စိတ်ပူရလဲသိလား ခဏနေဦးနော် မင်း စားဖို့ ဆန်ပြုတ်သွားပြင်ပေးမယ်"

သူကပြောပြော ဆိုဆို နဲ့ ထွက်သွားမယ်လုပ်တော့ သူမ သူ့လက်ကို ဆွဲထားပြီး

"Seok Jin ငါ့ကို အမှန်အတိုင်း ပြောပြပါလား ငါတို့နှစ်ယောက်က ချစ်သူတွေ မဟုတ်ဘူး မဟုတ်လားဟင် ငါ့ရဲ့ အတိတ်ကို အမှန်အတိုင်းသိချင်တယ်"

သူမ စကားကြောင့် Seok Jin မျက်နှာ ချက်ခြင်းမာသွားကာ သူမလက်ကို ခါချလိုက်ပြီး သူမ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ

"ငါတို့နှစ်ယောက်ချစ်သူတွေ မဟုတ်ဘူးဆိုတာ မင်းကို ဟိုမိန်းမပြောတာ မဟုတ်လား မင်း အတွက် အဲ့ဒီ့အတိတ်ဆိုတာကြီးကို သိရဖို့က အဲ့လောက်တောင် အရေးကြီးနေတာလား အရင်က ငါတို့နှစ်ယောက် ကချစ်သူတွေ မဟုတ်ခဲ့တော့ရော ဘာဖြစ်လဲ ငါမင်းကို ဒီအတောအတွင်း ဘာများထိခိုက် နစ်နာအောင် လုပ်ခဲ့ဖူးလို့လဲ ခုမှ တွေ့ဖူးတဲ့ လူတစ်ယောက်ရဲ့စကားက နင် ငါ့ဆီကနေ ထွက်သွားရလောက်အောင် အရေးပါနေတာလား ဒီအတောအတွင်း မှာ နင် ငါ့ အပေါ်နည်းနည်းလေးတောင် သံယောဇဉ် မရှိခဲ့ဘူးလားဟင်"

Seok Jin ဒေါသထွက်ထွက် နှင့်သူမကို အသံကျယ်ကျယ်ဖြင့်ပြောမိသွားသည်။ သူမ အပေါ်မှာ သူတစ်ခါမှ ဒီလို မဆက်ဆံဘူး လို့ Ho Yin သူ့ကို မျက်လုံးအဝိုင်းသားလေး နှင့်ငေးကြည့်နေမိသည်။ နောက်မှ Seok Jin သူ့ကိုသူ သတိထားမိပြီး သူမကို လွှတ်ကာ နံရံနားကို လျှောက်သွားပြီး သူ့ဒေါသတွေကို ဖြေတဲ့အနေနဲ့ နံရံကို လက်သီးဖြင့်ထိုးချလိုက်သည်။ ခဏကြာတော့ သူ့ကျောပြင်မှာနွေးထွေးမှု နဲ့အတူ လက်တစုံက သူ့ရဲ့ခါးကိုတင်းကြပ်စွာ နဲ့ဖက်ထားသည်။

Love Is [Completed]Où les histoires vivent. Découvrez maintenant