Love Is (Part 11)

679 52 0
                                    

Love Is – Part 11


ဒီနေ့ ညနေ J ဆောက်လုပ်ရေးပိုင် ရှင် သူဌေး Yoon Na Young ရဲ့ မွေးနေ့ ရှိတာကြောင့် Ho Yin အလှပြင်နေသည်။ ဧည့်ခန်းထဲမှာ Seok Jin ကစာဖတ်ရင်းထိုင်စောင့်နေ၏။ သူမပြင်ဆင်ပြီးတော့

"Oppa!!! mian စောင့်ရတာတော်တော် ကြာသွားလားဟင်"

Seok Jin ဘာမှ ပြန်မဖြေနိုင် သူမကို မော့ကြည့်ကာ ငြိမ်နေ၏။

"Wae Oppa ဘာဖြစ်နေလို့လဲ"

သူမ သူ့ပခုံးကို ကိုင်ကာ လှုပ်မေးလိုက်တော့မှ

"နတ်သမီးလေး ကိုယ့်ရှေ့ရောက်လာသလားလို့ ငေးကြည့်နေတာ"

Ho Yin သဘောကျစွာ ရီလိုက်ကာ

"Oppa တို့ကတော့ ပိုပြီ လာသွားရအောင် နောက်ကျနေဦးမယ် Oppa ကိုလည်း အန်တီ Na Young နဲ့မိတ်ဆက်ပေးရဦးမယ်"

Ho Yin ပြောပြောဆိုဆို နှင့် သွားဖို့ဟန်ပြင်လိုက်စဉ် Seok Jin ထလာပြီး သူမခါးလေးကို နောက်ကနေ ဖက်ထားကာ ပခုံးလေး ပေါ်သို့မေးတင်လိုက်ရင်း

"ခဏလေး ဒီလိုလေး နေပေးနော် Hae Ju"

သူမ ဘာမှ ပြန်မပြောပဲ အသာလေးငြိမ်နေလိုက်သည်။ Seok Jin ကဆက်၍

"ကိုယ် မင်းကို အရမ်းချစ်မိနေပြီ ဘယ်လိုကိစ္စ ဘာအကြောင်းတွေ ကြောင့်ပဲဖြစ်ဖြစ် မင်းကိုယ့် အနားကနေဘယ်တော့မှ မထွက်သွားပါနဲ့နော် ကိုယ့်ကို ဘယ်တော့မှ ခွဲမသွားပါနဲ့နော် အဲ့ဒီ့ အချိန်ကျရင် ကိုယ်တကယ် ရင်ကွဲရလိမ့်မယ်"

Ho Yin, Seok Jin လက်ကို ဖယ်ကာ သူ့ဘက်ကို လှည့်လိုက်ပြီး သူ့မျက်နှာကို ကြည့်လိုက်မိသည်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေ ဝိုင်းနေသည်။

"ဘာလို့လည်း ဘာလို့ Hae Ju က Oppa နားကနေ ထွက်သွားရမှာလဲ Hae Ju တို့က တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတာပဲ ဥစ္စာ ဘာလို့ခွဲရမှာလဲ စိတ်ချပါ Hae Ju ဘယ်တော့မှ Oppa ကို ထားပြီး တစ်ယောက်တည်း ထွက်မသွားဘူး"

Seok Jin သူမကို ဖက်ထားလိုက်သည်။ သူမက သူ့ရင်ခွင်ထဲကို တိုးဝင်လိုက်ကာ သူ့ရင်ခုန်သံတွေကို နားထောင်ရင်း ပြုံးလိုက်၏။ သူမ ကတော့ ဘာမှမသိတဲ့သူမို့လို့ ပြုံးနေနိုင်ပေမယ့် ကိုယ့် အဖြစ်ကိုယ်သာ သိတဲ့ Seok Jin တစ်ယောက်ကတော့မပြုံးနိုင်။ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပူလောင်နေမိသည်။ 

Love Is [Completed]Where stories live. Discover now