Love Is (Part 18)

203 14 0
                                    

Love Is - Part 18
-
-
-
ဆေးရုံသို့ So Hee နှင့် Nam Joon ရောက်လာ၏။Yoon Na Young က အခုချိန်ထိ သတိပြန်မရသေး။ Min Woo ကတော့ ဆေးရုံကို လိုက်ပို့ပေးပြီး ကတည်းက အရိပ်အယောင်ပင် မတွ့ရတော့
ည ဘက်လောက်ရောက်တော့ Yoon Na Young သတိပြန်ရလာ၏။ သူမ သတိပြန်ရရခြင်းပဲ ချုံးပွဲချငိုတော့သည်။
So Hee ရော Nam Joon ပါ လန့်သွားကြသည်။

''ဒေါ်လေး ဘာဖြစ်လို့လဲဟင်''

''ငါ့သမီးလေး ငါ့သမီးလေးကိုရှာပေးကြပါ''

''Yoon Lee လား Yoon Lee ဘယ်သွားလို့လဲ ဘာဖြစ်လို့လည်း ဒေါ်လေး''

''သူမဟုတ်ဘူး သူဒေါ်လေးကို လိမ်ခဲ့တယ် တကယ်တော့ Yoon Lee က ဒေါ်လေးရဲ့ သမီးအရင်းမဟုတ်ဘူး တဲ့''

''ဘယ်လို ဒေါ်လေး ''

So Hee ရော Nam Joon ပါအံ့အားသင့်သွားရသည်။

''ဟုတ်တယ်သူက ဒေါ်လေးသမီးအရင်းမဟုတ်ဘူး ဒေါ်လေးသမီးအရင်းက သပ်သပ်ရှိတယ် ဒေါ်လေးလည်းအခုမှ အဖြစ်မှန်ကိုသိရတာ သူက ဒေါ်လေးကို တောက်လျှောက် လိမ်လာခဲ့တာ''

သူမကငိုရင်းနှင့်ပြောနေရှာသည်။

''အခု ဒေါ်လေးသမီးအရင်းက''

''Yoon Lee ပြောတာတော့ သေပြီတဲ့ ဒေါ်လေးတော့မယုံနိုင်ဘူး ဘယ်သူလဲဆိုတာသိမှဖြစ်မယ်''

''အင်းစိတ်ချပါ ဒေါ်လေးရယ် So Hee တို့အတတ်နိုင်ဆုံးကူညီပါ့မယ် စိတ်အေးအေးထား ဒေါ်လေးရဲ့သမီးကို ပြန်တွေ့စေရမယ်လို့ So Hee ကတိပေးပါတယ်''

''ဟုတ်တယ်ဒေါ်လေးကျွန်တော်တို့အတတ်နိုင်ဆုံးကူညီမှာပါ ဒေါ်လေးသာနေကောင်းအောင်နေလိုက်နော်''

သူတို့မောင်နှမ အတင်းဖျောင်းဖျမှ ပဲအိပ်တော့သည်။
သူမ အိပ်သွားတော့မှ သူမကို စောင်ခြုံပေးကာ အခန်းပြင်သို့ ထွက်လာခဲ့၏။ ့

''So Hee ညီမလေး Yoon Lee နေတဲ့မိဘမဲ့ ကျောင်းကိုသိတယ် မဟုတ်လား''

''အင်းသေချာတော့မသိဘူး ဘာဖြစ်လို့လဲ Oppa ''

''အဲ့ဒီ့မှာ သွားစုံစမ်းရင် တခုခုတော့သိရမယ်နဲ့တူတယ်''

Nam Joon ပြောနေရင်းမှ Ho Yin ပြောခဲ့တာကိုသတိရသွား၏။

Love Is [Completed]Where stories live. Discover now