Love Is (Part 14)

591 54 0
                                    

Love Is - Part 14


အဝတ်လဲခန်း ခန်းဆီးလိုက်ကာ ကို ဝန်ထမ်းကောင်မလေး က ဖွင့်လိုက်၏။ အဖြူရောင် သတို့သမီးဝတ်စုံ လေးနဲ့ လှနေတဲ့ သူမကို Seok Jin ငေးကြည့်နေမိသည်။ သူမ ရဲ့ အလှက သူ့ကို အသက်ရှု မှားသွားစေသည်။

"Oppa တစ်ခုခု ပြန်ပြောဦးလေ"

သူမ ဆီမှ စကားသံကြားမှ သူသတိဝင်လာကာ

"အရမ်း လှလွန်းလို့ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး"

Seok Jin သူမနားကို သွားကာ လက်ကမ်းပေးလိုက်၏။ သူမက သူ့လက်ကို ဆွဲလိုက်ကာ အဝတ်လဲခန်းမှ ထွက်လိုက်သည်။

"ကိုယ်တို့နှစ်ယောက် တကယ်ပဲ လက်ထပ်ရတော့မှာပေါ့နော် ကိုယ်အိမ်မက်မက်နေ သလားလို့တောင် ထင်မိတယ်"

Ho Yin က သူ့ကို ဆိတ်လိုက်ကာ

"ဘယ်လိုလဲ အိမ်မက်လားတကယ်လား သိသွားပြီလား"

"နာတယ် ဆိုတော့ တကယ်ပေါ့"

Seok Jin ကရယ်လိုက်ရင်း သူမကို ဖက်ထားလိုက်သည်။

*ကိုယ့်အတွက်ကတော့ တကယ့်အိမ်မက်ပါပဲ Ho Yin ရယ် ဖြစ်နိုင်ရင် ဒီအိမ်မက်ကနေ တစ်သက်လုံး မနိုးထချင်တော့ဘူး ကိုယ်မင်းကို အရမ်းချစ်တယ်*

ဒီလိုနဲ့ Seok Jin နဲ့ Hae Ju မင်္ဂလာရက် တဖြည်းဖြည်း နဲ့နီးလာသည်။ So Hee ကလည်း အစစ အရာရာ ဝိုင်းကူပေး၏။

ဒီနေ့လည်း အခန်းဝင် ပစ္စည်းဝယ်ဖို့ Seok Jin မအားတာနဲ့ So Hee ကိုဖုန်းဆက်ပြီးလှမ်းချိန်းလိုက်သည်။ သိပ်မကြာပါ So Hee ရောက်ချလာသည်။ ဒါပေမယ့် သူမ တစ်ယောက်တည်းတော့မဟုတ် ကားပေါ်မှာ သူမ နှင့်အတူ ယောက်ျားလေးတစ်ယောက် ပါ ပါလာသည်။ တွေ့နေကျ Yoon Gi တို့ Ho Seok တို့တော့မဟုတ် သေချာကြည့်လိုက်တော့မှ ဟိုနေ့က သူမကို ခေါင်းကိုက်စေတဲ့သူ။ So Hee ကကားပေါ်မှဆင်းကာ သူမဆီလျှောက်လာပြီး

"uniee စောင့်နေရတာကြာသွားပြီလား"

"မကြာပါဘူး So Hee ရဲ့"

"ဟိုမှာလေ So Hee အစ်ကို ပါခေါ်လာတယ် So Hee ကားပျက်နေလို့ လိုက်ပို့ခိုင်းမလို့"

"အယ် So Hee ကလည်း အားနာစရာကြီး ကိုယ့်ဟာကိုယ် taxi နဲ့ပဲသွားရအောင်"

"ရပါတယ် uniee ကလည်း သူဒီနေ့အားနေတာနဲ့ အတော်ပဲ ဖြစ်သွားတာ လာ uniee, uniee ကို တစ်ခါမှ Oppa နဲ့မိတ်မဆက်ပေးရသေးဘူး"

So Hee က Hae Ju လက်ကို ဆွဲကာ ကားဆီသို့ခေါ်လာခဲ့သည်။

"Oppa ဒါ ညီမလေး ပြောပြောနေတဲ့ Hae Ju uniee, uniee ဒါက ညီမလေးရဲ့ အစ်ကို Kim Nam Joon တဲ့"

Love Is [Completed]Tahanan ng mga kuwento. Tumuklas ngayon