Love Is (Part 16)

148 14 0
                                    

Love Is – Part 16

"Oppa ဒါက ဘယ်လိုဖြစ်ရတာလဲ"

So Hee သူမလက်ထဲ က ဓါတ်ပုံကို ပြလိုက်၏။ Nam Joon တစ်ယောက် ဓါတ်ပုံကို တအံ့တသြ ကြည့်နေမိသည်။
ဒီဓါတ််ပုံက ဘာလို့ သူမ လက်ထဲရောက်နေတာလဲ အံ့အားသင့်နေမိသည်။

"Oppa တစ်ခုခု ပြောဦးလေ Oppa နဲ့ Hae Ju uniee နဲ့က ဘယ်လိုပတ်သတ်နေတာလဲ ဒီဓါတ်ပုံကြောင့် Hae Ju uniee မေ့လဲပြီး ဆေးရုံရောက်နေတယ် ဒါကဘယ်လိုဖြစ်တာလဲ ညီမလေး အမှန်အတိုင်းသိမှရမယ်"

"ဒါက... Oppa ရဲ့ချစ်သူပါ"
"ဘယ်လို ဘာပြောလိုက်တယ် Oppa"

"ဟုတ်တယ် ဒါက Oppa ရဲ့ချစ်သူနဲ့ Oppa နဲ့ရိုက်ထားတဲ့ပုံ ညီမလေးသိမှာမဟုတ်ပေမယ့် Oppa နိုင်ငံခြားမသွား ခင်က Oppa မှာချစ်သူ တစ်ယောက်ရှိခဲ့တယ် သူ့နာမည်က Ho Yin တဲ့ အမေတို့ သဘောမတူမှာ ကိုသိလို့ Oppa ဘယ်သူ့ကိုမှ မပြောဘဲနေခဲ့တာ ဒါပေမယ့် Oppa ပြန်လာတော့ သူက ကားတိုက်ခံရပြီးဆုံးသွားပြီတဲ့လေ Oppa အရမ်းခံစားခဲ့ရတယ် အဲ့လိုတွေဖြစ်ပြီး သိပ်မကြာခင်မှာဘဲ သူနဲ့တထေရာတည်း တူတဲ့ Hae Ju ကို တွေ့ခဲ့ရတာ အစကတော့ ရုပ်ချင်းဆင်တယ် လို့ထင်ခဲ့ပေမယ့် ဟိုတနေ့က သူမူးလဲတုန်းကမှ သိလိုက်ရတာက သူက Oppa ရဲ့ချစ်သူဆိုတာပဲ"

Nam Joon ပြောကာ သက်ပြင်းအရှည်ကြီးချလိုက်၏။
"ဟင် uniee က Oppa ရဲ့ချစ်သူဆိုရင် ဘာလို့ Oppa ကို မသိရတာလဲ"

"သူ ကားတိုက်ခံရရင်းနဲ့ အတိတ်မေ့သွားတယ်လို့ Oppa တော့ထင်တာပဲ"

"အဲ့ဒါနဲ့ ပဲ Oppa က သူသတိရအောင် ဒီဓါတ်ပုံပို့ပေးလိုက်တာလား"

"အဲ့ဒါ Oppa လုပ်တာမဟုတ်ဘူး ဒီဓါတ်ပုံကဘယ်လိုဖြစ်ပြီး အဲ့ဒီ့ကိုရောက်လည်း မသိပေမယ့် အဲ့ဒီ့ကိစ္စက Oppa နဲ့ မဆိုင်ဘူး Hae Ju က Ho Yin ဆိုတာ သိသိချင်း တုန်းကတော့ သူ့ကို Oppa ပြန်လိုချင်မိတယ် ဒါပေမယ့် Seok Jin က သူ့ကို ဂရုစိုက်တာ သူပျော်နေတာတွေကို တွေ့လိုက်ရတော့ Oppa သူ့ကို ပြန်မလိုချင်တော့ဘူး Ho Yin က Oppa အတွက်သေပြီးသား လူတစ်ယောက်ပါ ဒီ့ထက်ပိုပြီး သူ့ကို Oppa ဆုံးရှုံးစရာမရှိတော့ပါဘူး Oppa အတွက်နဲ့ နောက်ထပ် လူတစ်ယောက် ကိုထပ်ပြီး မခံစားစေချင်ဘူး သူတို့နှစ်ယောက် ပေါင်းစည်းနိုင်ဖို့ Oppa တကယ်မျှော်လင့်ခဲ့တာပါ"

Love Is [Completed]Where stories live. Discover now