Love Is (Part 16)

645 58 0
                                    


Love Is – Part 16


"Oppa ဒါက ဘယ်လိုဖြစ်ရတာလဲ"

So Hee သူမလက်ထဲ က ဓါတ်ပုံကို ပြလိုက်၏။ Nam Joon တစ်ယောက် ဓါတ်ပုံကို တအံ့တသြ ကြည့်နေမိသည်။
ဒီဓါတ်ပုံက ဘာလို့ သူမ လက်ထဲရောက်နေတာလဲ အံ့အားသင့်နေမိသည်။

"Oppa တစ်ခုခု ပြောဦးလေ Oppa နဲ့ Hae Ju uniee နဲ့က ဘယ်လိုပတ်သတ်နေတာလဲ ဒီဓါတ်ပုံကြောင့် Hae Ju uniee မေ့လဲပြီး ဆေးရုံရောက်နေတယ် ဒါကဘယ်လိုဖြစ်တာလဲ ညီမလေး အမှန်အတိုင်းသိမှရမယ်"

"ဒါက... Oppa ရဲ့ချစ်သူပါ"
"ဘယ်လို ဘာပြောလိုက်တယ် Oppa"

"ဟုတ်တယ် ဒါက Oppa ရဲ့ချစ်သူနဲ့ Oppa နဲ့ရိုက်ထားတဲ့ပုံ ညီမလေးသိမှာမဟုတ်ပေမယ့် Oppa နိုင်ငံခြားမသွား ခင်က Oppa မှာချစ်သူ တစ်ယောက်ရှိခဲ့တယ် သူ့နာမည်က Ho Yin တဲ့ အမေတို့ သဘောမတူမှာ ကိုသိလို့ Oppa ဘယ်သူ့ကိုမှ မပြောဘဲနေခဲ့တာ ဒါပေမယ့် Oppa ပြန်လာတော့ သူက ကားတိုက်ခံရပြီးဆုံးသွားပြီတဲ့လေ Oppa အရမ်းခံစားခဲ့ရတယ် အဲ့လိုတွေဖြစ်ပြီး သိပ်မကြာခင်မှာဘဲ သူနဲ့တထေရာတည်း တူတဲ့ Hae Ju ကို တွေ့ခဲ့ရတာ အစကတော့ ရုပ်ချင်းဆင်တယ် လို့ထင်ခဲ့ပေမယ့် ဟိုတနေ့က သူမူးလဲတုန်းကမှ သိလိုက်ရတာက သူက Oppa ရဲ့ချစ်သူဆိုတာပဲ"

Nam Joon ပြောကာ သက်ပြင်းအရှည်ကြီးချလိုက်၏။
"ဟင် uniee က Oppa ရဲ့ချစ်သူဆိုရင် ဘာလို့ Oppa ကို မသိရတာလဲ"

"သူ ကားတိုက်ခံရရင်းနဲ့ အတိတ်မေ့သွားတယ်လို့ Oppa တော့ထင်တာပဲ"

"အဲ့ဒါနဲ့ ပဲ Oppa က သူသတိရအောင် ဒီဓါတ်ပုံပို့ပေးလိုက်တာလား"

"အဲ့ဒါ Oppa လုပ်တာမဟုတ်ဘူး ဒီဓါတ်ပုံကဘယ်လိုဖြစ်ပြီး အဲ့ဒီ့ကိုရောက်လည်း မသိပေမယ့် အဲ့ဒီ့ကိစ္စက Oppa နဲ့ မဆိုင်ဘူး Hae Ju က Ho Yin ဆိုတာ သိသိချင်း တုန်းကတော့ သူ့ကို Oppa ပြန်လိုချင်မိတယ် ဒါပေမယ့် Seok Jin က သူ့ကို ဂရုစိုက်တာ သူပျော်နေတာတွေကို တွေ့လိုက်ရတော့ Oppa သူ့ကို ပြန်မလိုချင်တော့ဘူး Ho Yin က Oppa အတွက်သေပြီးသား လူတစ်ယောက်ပါ ဒီ့ထက်ပိုပြီး သူ့ကို Oppa ဆုံးရှုံးစရာမရှိတော့ပါဘူး Oppa အတွက်နဲ့ နောက်ထပ် လူတစ်ယောက် ကိုထပ်ပြီး မခံစားစေချင်ဘူး သူတို့နှစ်ယောက် ပေါင်းစည်းနိုင်ဖို့ Oppa တကယ်မျှော်လင့်ခဲ့တာပါ"

"တောင်းပန်ပါတယ် Oppa, So Hee အထင်လွဲခဲ့မိတယ်"

"ရပါတယ် ညီမလေး အစကတည်းက ဒါတွေ အားလုံးကို Oppa ဖျက်ဆီးခဲ့ ပြီးပါပြီ ဒါပေမယ့် ဒီပုံက ဘာလို့ ကျန်နေလဲတော့ Oppa မသိဘူး"

သူတို့မောင်နှမ နှစ်ယောက် စကားပြောနေတုန်းမှာပင် Nam Joon ဆီသို့ဖုန်းဝင်လာ၏။
"ဟယ်လို....... ဟယ်လို"

Nam Joon ထူးနေပေမယ့် တဖက်မှ ဘာမှပြန်မပြောတာကြောင့် ဖုန်းချလိုက်တော့မယ် လုပ်မှ ဖုန်းထဲမှ ရှိုက်သံထွက်လာ၏။

"Nam Joon shi ကျွန်မကိုအခုလာခေါ်ပေးပါ"

သူ အသံကိုကောင်းကောင်းမှတ်မိလိုက်ပါသည်။ အံ့အားလည်းသင့်သွားသလို ပါးစပ်မှလည်း နာမည်ကိုခေါ်မိလိုက်၏။

"Ho Yin.... မဟုတ်ပါဘူး Hae Ju shii"

တဖက်မှ ဘာမှပြန်မပြောဘဲ ငိုနေတာကြောင့် သူအရမ်းကိုစိတ်ပူသွားမိသည်။
"Hae Ju shii ဘာဖြစ်လို့လည်း ကျွန်တော်ဘယ်မှာ လာခေါ်ပေးရမှာလဲ"

"ကျွန်မ မသိဘူး ကျွန်မရှင့်ကို အရမ်းတွေ့ချင်လို့ ကျွန်မကို မြန်မြန်လာခေါ်ပေးပါနော်"

"ကိုယ်လာခေါ်ပေးမယ် ခဏလေးစောင့်နော်"
လို့ပြောကာ ဖုန်းချလိုက်၏။ ဘေးမှ နေ အခြေအနေကို အကဲခတ်နေတဲ့ So Hee က

"Oppa, ဘာဖြစ်တာလဲ Hae Ju uniee ဆီကလား"

"အင်း ဟုတ်တယ် Hae Ju ဘာဖြစ်လဲ မသိဘူး Oppa အမြန်သွားမှဖြစ်မယ် သူတက်တဲ့ဆေးရုံကို ညီမလေး သိတယ် မဟုတ်လား"
"အင်းသိတယ် Yoon Gi Oppa လုပ်တဲ့ဆေးရုံမှာ ညီမလေးပါလိုက်ခဲ့မယ်လေ Oppa"
"အင်း လိုက်ခဲ့လေ လာ"

မောင်နှမ နှစ်ယောက်ဆေးရုံသို့အပြေးလာခဲ့၏။ ဆေးရုံမရောက်ခင် လမ်းဘေး ဖုန်းရုံလေးဘေးနားမှာ ထိုင်နေတဲ့ Hae Ju ကိုတွေ့လိုက်ရ၏။

"Oppa ဟိုမှာ ဟိုမှာ Hae Ju uniee"

Nam Joon ကားရပ်ကာ သူမဆီ ပြေးသွားသည်။ သူရောက်လာတာကို မြင်တော့ သူမက သူ့ကို ရုတ်တရက် ဖက်လိုက်ကာ
"တောင်းပန်ပါတယ် Nam Joon shi ကျွန်မတောင်းပန်ပါတယ် ရှင့်ကို မမှတ်မိခဲ့လို့တောင်းပန်ပါတယ် ကျွန်မ ရှင့်ကိုစိတ်ဆင်းရဲစေမိလို့တောင်းပန်ပါတယ်"

သူမကတောင်းပန် စကားပြောပြီးငိုနေတာကြောင့် သူအံ့သြသွားမိသည်။ သူ သူမကို ပြန်ဖက်ဖို့ပြင်ပြီး မှ သူမကိုခွါလိုက်ကာ သူမပခုံးနှစ်ဖက်ကို ကိုင်ပြီး မျက်နှာကိုသေချာကြည့်လိုက်၏။ သူမ ကတော့ ငိုနေဆဲ။

"Hae Ju shi ဘာတွေဖြစ်နေတာလဲဟင်"

"ကျွန်မ အားလုံးကိုပြန်မှတ်မိလာပြီ ကျွန်မက Hae Ju မဟုတ်ဘူး ဆိုတာရော နောက်ပြီးရှင့်ချစ်သူဆိုတာကိုပါ တောင်းပန်ပါတယ် ရှင့်ကိုတွေ့တွေ့ချင်းမမှတ်မိခဲ့တဲ့အတွက်"

"ရပါတယ် ကိစ္စမရှိပါဘူး မင်းအခုပြန်သတိရလာတာကိုပဲ ကျေးဇူးတင်ပါတယ် နေလည်းသိပ်မကောင်းသေးဘဲ ဘာလို့ထွက်လာတာလဲ ဆေးရုံကိုပြန်ရအောင် နောက်ပြီး Seok Jin မင်းကိုရှာနေလိမ့်မယ်"

Seok Jin နာမည်ကိုကြားလိုက်တာနှင့် သူမမျက်နှာ ချက်ခြင်းတင်းမာသွားကာ
"ကျွန်မရှေ့မှာ သူ့နာမည်ကို မပြောပါနဲ့ ကျွန်မသူ့ကိုမုန်းတယ် သူလိမ်ညာခဲ့လို့ ဒီလိုတွေဖြစ်ရတာ ကျွန်မ ကိုဒီကနေ အဝေးဆုံးကို ခေါ်သွားပေးပါနော်"

Nam Joon ခေါင်းညိမ့်ကာ သူမကိုတွဲပြီးကားရှိရာသို့လျှောက်လာခဲ့သည်။ So Hee ကတော့ ဘာကိုမှ နားမလည်နိုင်စွာဖြင့် သူတို့နှစ်ယောက်ကိုသာ ကြည့်နေမိသည်။ Nam Joon သူမကို သူစိတ်ညစ်တိုင်း သွားနေနေကြဖြစ်တဲ့ တိုက်ခန်းဆီသို့ခေါ်လာခဲ့၏။ So Hee ကိုအကူအညီတောင်းကာ သူမကို အဝတ်အစား လဲ ကိုယ်လက်သန့်စင်စေပြီး အနားယူခိုင်းလိုက်၏။ ဘယ်လောက်တောင် ပင်ပန်းနေလဲမသိ သူမ ခဏလေး နဲ့အိပ်ပျော်သွားသည်။ သူမ အိပ်ပျော်သွားမှ သူမ အနားမှထွက်လာကာ ဧည့်ခန်းမှာဝင်ထိုင်လိုက်၏။ သူအခုချိန်ထိ မယုံကြည်နိုင်သေးလောက်အောင်ကို အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်။

"Oppa ဘယ်လိုတွေဖြစ်ကုန်တာလဲ ဟင် ညီမလေး တော့ာဘာမှနားမလည် နိုင်တော့ဘူး Seok Jin oppa အသည်းအသန် လိုက်ရှာနေပြီထင်တယ် ညီမလေး ဆီ ဖုန်းခဏခဏ ဆက်နေတယ် uniee မကြိုက်မှာစိုးလို့ ညီမလေး ဖုန်းမကိုင်လိုက်ဘူး ဘာတွေဘယ်လိုဖြစ်ကြတာလဲဟင်"

"Oppa လည်းအဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူး နောက်တခါ Seok Jin ဖုန်းဆက်လာရင် ကိုင်လိုက်ပါ စိတ်မပူဖို့လဲပြောလိုက်ပါ သူ Ho Yin ကို အသည်းအသန်လိုက်ရှာနေလိမ့်မယ်"

သူတို့ပြောလို့ပင် မဆုံးသေး Seok Jin ဆီမှဖုန်းဝင်လာသည်။ So Hee ကစိတ်မပူဖို့ပြောနေပေမယ့် သူ့ရင်ထဲ မှာတော့မီးတောက်နေသည့် အတိုင်းပင်။ သူမ ဘာလို့အခုလိုမပြောမဆိုဘဲ ထွက်သွားရတာလဲ။ သူမ တစ်ခုခုတော့ဖြစ်နေတာ သေချာသည်။ သူမကို သူမမြင်ရ မချင်း စိတ်မချနိုင်။ So Hee ပြောတဲ့ သူမ အစ်ကို ရဲ့တိုက်ခန်းဆိုတာကို Yoon Gi မှတစ်ဆင့် စုံစမ်းကာ သူလိုက်သွားမိ၏။
လူခေါ်ဘဲလ် သံကြားတာကြောင့် So Hee ကြည့်လိုက်တော့ Seok Jin အိမ်ရှေ့မှာ ရောက်နေသည်။ သူမ ဖွင့်ပေးရကောင်းနိုး မဖွင့်ပေးရကောင်းနိုး နှင့် စဉ်းစားနေမိ၏။ နောက်ဆုံးတော့ Seok Jin အကြာကြီး ခေါ်နေတာကြောင့် အားနာတာနဲ့ဖွင့်ပေးလိုက်သည်။ သူမကို မြင်မြင်ချင်းပင် Seok Jin က

"Hae Ju ရော Hae Ju ဘယ်မှာလဲ"

သူမ ဘာပြန်ပြောရမှန်းမသိဖြစ်နေ ချိန်တွင်

"Hae Ju အခန်းထဲမှာ အိပ်နေတယ် ဒါပေမယ့် သူနဲ့တော့မင်း တွေ့လို့ရမှာမဟုတ်ဘူး မနက်ကျမှ လာခဲ့ပါလား Seok Jin"
Nam Joon ကဝင်ဖြေလိုက်၏။ သူ့နေနှင့် Ho Yin နှင့် Seok Jin ကို အခုချိန်ပေးမတွေ့နိုင်။ သူမ စိတ်ဆိုးပြေ အောင် သူရှင်းပြပြီးမှ သူမတို့နှစ်ယောက်ကို တွေ့စေချင်သည်။ ဒါပေမယ့် Seok Jin ကမရ

"ကျွန်တော် သူ့ကိုစိတ်အရမ်းပူနေလို့ပါ သူ့မျက်နှာကိုမြင်ရမှ ဖြစ်မယ် သူ့ကိုမတွေ့ဘဲ နဲ့တော့ မပြန်နိုင်ဘူး"

Seok Jin က သူမ ရှိတဲ့ အခန်းထဲကို အတင်းဝင်ဖို့လုပ်နေတာကြောင့် Nam Joon အတင်းဆွဲထားမိသည်။
"ဘာလို့လဲ ကျွန်တော်က သူနဲ့လက်ထပ်မဲ့သူပါ ဘာလို့ ကျွန်တော့်ကို တားနေရလဲ"

"သူ အခုအေးအေးဆေးဆေး အနားယူနေလို့ပါ မနက်ကျမှ ပြန်လာရင်လဲရတာပဲ သူ့အတွက်ကတော့ စိတ်မပူ ပါနဲ့ So Hee လည်းရှိနေတာပဲ"

ဘာမှမဆိုင်ဘဲနှင့် သူ့ကို အတင်းတားနေသော Nam Joon ကို သူစိတ်တိုလာကာ တွန်းထုတ်လိုက်ပြီး

"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ သူက ကျွန်တော့်ချစ်သူ ကျွန်တော့်ချစ်သူကို ကျွန်တော်ဝင်တွေ့တာကို ခင်ဗျားက တားနေရအောင် ခင်ဗျားနဲ့သူက ဘာဆိုင်လို့လဲ"
"ငါက Ho Yin ရဲ့ချစ်သူပဲ"
"ဘာ...."

သူ့ဒေါသတွေ အထွဋ်အထိပ်ကိုရောက်လာကာ Nam Joon ကို ထိုးဖို့ရွယ်လိုက်၏။ ဘေးနားက So Hee လည်း သူတို့နှစ်ယောက်ကို ကြည့်ပြီးဘာလုပ်ရမှန်းမသိ။ ထိုစဉ်

"တော်တော့ Kim Seok Jin"

Seok Jin , Nam Joon ကို လွှတ်ကာ အသံလာရာဆီသို့လှည့်ကြည့်လိုက်၏။ သူ့ကို ခပ်စိမ်းစိမ်း အကြည့်တွေ နှင့်ကြည့်နေတဲ့ သူမကို တွေ့လိုက်ရသည်။ သူ သူမနားကိုသွားကာ သူမလက်နှစ်ဖက်ကို ဆွဲယူပြီး

"Hae Ju ဘာမှမဖြစ်ဘူးနော် ကိုယ်စိတ်ပူလိုက်ရတာ ဘာလို့ဒီလို ထွက်သွားရတာလဲဟင်"

သူ့အမေးကို မဖြေ သူမ အံတင်းတင်း ကြိတ်ကာ တဖက်ကိုမျက်နှာလှည့်နေ၏။ ပြီးမှ

"Nam Joon shi, So Hee ကိုခေါ်ပြီး အပြင်ခဏထွက်ပေးပါလား ကျွန်မသူနဲ့ရှင်းစရာရှိလို့"
Nam Joon က သူမ ပြောတဲ့အတိုင်း So Hee ကိုခေါ်ကာ အပြင်ထွက်သွားသည်။ အိမ်ထဲတွင် သူနှင့် သူမ နှစ်ယောက်သာကျန်ခဲ့၏။

"Hae Ju ဘာတွေဖြစ်နေတာလဲဟင် ကိုယ့်ကိုစိတ်ဆိုးနေတာလား ကိုယ်ဘာလုပ်မိလို့လဲ"
သူမ သူ့လက်ကို ခါချလိုက်ကာ
"နင်ဘယ်အချိန်ထိ ဆက်လိမ်နေဦးမှာလဲ Kim Seok Jin"

Seok Jin သူမကို နားမလည်နိုင်စွာနှင့်ပြန်ကြည့်မိသည်။ သူမ က သူ့ကို မာကြောခက်ထန်တဲ့ အကြည့်တွေနှင့် ကြည့်နေ၏။

"နင် ငါ့ကို ဘယ်အချိန်ထိ ဆက်လိမ်နေဦးမှာလဲ လို့ငါမေးနေတယ်လေ"

"ဘာတွေဖြစ်နေတာလဲ ကိုယ်ဘာလိမ်မိလို့လဲဟင်"

"ဘာလိမ်လို့လဲ ဟုတ်လား နင်တော်တော် ယုတ်မာပါလား ငါအတိတ်မေ့နေတာကို အခွင့်ကောင်းယူပြီး ငါ့ကိုလိမ်ညာပြီး လက်ထပ်ဖို့ ကြိုးစားခဲ့တယ် ငါသာ အချိန်မှီပြန်သတိမရလာရင် နင်လိမ်တာကို ဘယ်လောက်ထိခံနေရဦးမလဲမသိဘူး နင်တော်တော် ကြောက်ဖို့ကောင်းတာပဲ ငါနင့်ကို လက်ထပ် လိုက်တာ နဲ့ အားလုံးပြီးဆုံးသွားမယ်လို့ ထင်နေတာလား နင်ငါ့ကိုအနိုင်ရပြီဆိုပြီး ဝမ်းသာနေတာလား"

"မဟုတ်ဘူး Hae Ju မဟုတ်ဘူး"

"ငါ့ကို အဲ့ဒီ့နာမည် မခေါ်နဲ့ အဲ့ဒါငါ့နာမည်မဟုတ်ဘူး အခုချိန်မှာ ငါဖြောက်ဖျက် ပစ်ချင်ဆုံးက နင်နဲ့ အတူရှိခဲ့တဲ့ အချိန်တွေပဲ အဲ့ဒီ့အတွက်လည်း နင့်ကိုခွင့်မလွှတ်နိုင်သလို နင်လှည့်စားသမျှခံနေတဲ့ ငါ့ကိုယ်ငါလည်း ခွင့်မလွှတ်နိုင်ဘူး"

"နင် အထင်လွဲနေပြီ Ho Yin ငါနင့်ကို တကယ်ချစ်တာပါ ငါနင့်ကို တကယ်ချစ်ခဲ့လို့ပါ"

သူမ လှောင်ပြုံးတချက်ပြုံးလိုက်ကာ
"ဘာ နင်ကငါ့ကို နင့်ပါးစပ်က အဲ့ဒီ့စကားပြောတာကို ငါအမုန်းဆုံးပဲ Kim Seok Jin နင်ငါ့ကို ဘာလို့ ဒီလောက်အထိ နှောင့်ယှက်နေရတာလဲ Young Jae နဲ့တုန်းကလည်း တခေါက် အခုလည်း တခေါက် နင်ဘာလို့ ငါ့ကို ဒီလိုတွေလုပ်နေရတာလဲ အစကတော့ Young Jae ကိစ္စကိုခွင့်လွှတ်ပေးဖို့ ငါကြိုးစားခဲ့ ပါတယ် ဒါပေမယ့် အခုတော့ ပိုဆိုးသွားပြီ နင်က ထပ်ပြီးအမှားတခုကို ကျူးလွန်လိုက်တာပဲ နင့်မျက်နှာကို ငါမမြင်ချင်လောက်အောင်မုန်းတယ်"

"ငါတောင်းပန်ပါတယ် ငါမရည်ရွယ်ခဲ့ပါဘူး ငါနင့်ကို စောင့်ရှောက်ပေးချင်ယုံ လေးပါ ဒါပေမယ့် အချိန်တွေ ကြာလာတဲ့အမျှ ငါနင့်ကို မစွန့်လွှတ်နိုင်ခဲ့လို့..."

"တော်တော့ နင်ပြောတာတွေ ဘာတစ်ခုမှမကြားချင်တော့ဘူး ရော့ နင့်ရဲ့လက်စွပ်လည်း နင်ပြန်ယူသွား ငါအတိတ်ထပ်မေ့လို့ရရင် နင်နဲ့ပတ်သတ်ခဲ့သမျှ အချိန်တွေအကုန်လုံးကို မေ့ပစ်ချင်တယ်"

သူမ က သူ့လက်ထဲကို လက်စွပ်ထည့်ပေးလိုက်ကာ လှည့်ထွက်သွားပြီး အိပ်ခန်းထဲဝင်သွား၏။ Seok Jin သူတစ်ယောက်တည်း အခန်းဝတော်တော်ကြာအောင် ရပ်ပြီးမှ လက်စွပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ကာ ပြန်ထွက်လာခဲ့သည်။ ဒီလို အခြေအနေမျိုးအတွက် သူ ကြိုတင်မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် အခုချိန်မှာ တော့သူခံနိုင်ရည်မရှိ။ အသက်မဲ့တဲ့ သူတစ်ယောက်လို တလှမ်းချင်းကားဆီသို့လျှောက်လာမိသည်။ သူထိန်းထားသည့် ကြားက ပင်မျက်ရည်များကျလာခဲ့သည်။ ကားဘေးနားမှာ အဓိပ္ပါယ်မဲ့ စွာထိုင်နေမိသည်။ သူလုပ်သမျှ အစ အဆုံးမြင်နေရတဲ့သူက So Hee. သူမ အစ်ကို အတွက် ဝမ်းသာရမယ့်အစား Seok Jin အတွက်ဝမ်းနည်းနေမိသည်။ သူမ အရမ်းကို အားကျခဲ့ရတဲ့ ချစ်သူ နှစ်ယောက် ကို အခုလိုအဖြစ်မျိုးနှင့် တွေ့ရတဲ့ အတွက် သူမ စိတ်မကောင်းဖြစ်မိသည်။ သူတို့နှစ်ယောက် ကို ပြန်ပေါင်းစည်း စေချင်သည်။
----------------------------------
Seok Jin တစ်ယောက်နေ့တိုင်း သူမ နေတဲ့ တိုက်ခန်းရှေ့မှာ စောင့်နေမိသည်။ သူမ ထွက်လာပေမယ့် သူ့ကို မမြင်သလိုပင် လှည့်လည်းမကြည့် အရေးလည်းမလုပ်ပေ။ ဒီတစ်ခါတော့ သူမ သူ့ကို တကယ် နာကြည်းသွားပြီထင်သည်။ တနေ့ Ho Yin ကားဂိတ်မှ အိမ်အပြန်

"ခဏလေးနေပါဦး Ho Yin ရယ် ငါနင်နဲ့ စကားပြောချင်လို့ပါ"
Seok Jin သူမ ရှေ့ကိုပိတ်ရပ်လိုက်သည်။

"ငါနင်နဲ့ ဘာမှပြောစရာစကားမရှိဘူး နင်ငါ့ရှေ့ကဖယ်"
သူမ သူ့ကိုတွန်းကာထွက်သွား၏။

"နင် ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးလားဟင် Ho Yin"
သူ့စကားကြောင့် သူမခြေလှမ်းများရပ်တန့်သွားသည်။
"နင်လည်းငါ့ကိုချစ်ခဲ့တယ်မဟုတ်လား"

သူမ သူ့ဘက်ပြန်လှည့်ကာ

"ဟုတ်တယ် ဒါပေမယ့် အဲ့ဒါအတိတ်မေ့နေတုန်းက အဲ့ဒါတွေအားလုံးက Hae Ju နဲ့အတူပါသွားပြီ အခုချိန်မှာ နင့်ကို အရမ်းမုန်းတဲ့ Ho Yin ပဲရှိတော့တယ် နင်ငါ့ရှေ့ကို ထပ်မလာပါနဲ့ နင့်မျက်နှာကို ငါလုံးဝမမြင်ချင်ဘူး"

"ကောင်းပြီလေ ငါသိချင်တာသိရပြီဆိုတော့ နင့်သဘောအတိုင်း နင်ငါ့ကိုလုံးဝမမြင်စေရဘူး ဟုတ်ပြီလား"

သူပြောရင်းပြောရင်း နှင့် နောက်ဆုတ်ကာ ကားလမ်းမ ပေါ်ရောက်သွား၏။ သူမ ကြည့်လိုက်တော့ ကားတစ်စီး က သူ့အနားရောက်တော့မည်။ သူမ အလျှင်အမြန်သူ့ကို လှမ်းဆွဲလိုက်၏။ နှစ်ယောက်သား ဖက်လျှက် လမ်းဘေးသို့လဲသွား တော့သည်။ တော်တော် ကြာတဲ့ အထိသူက သူမကို မလွှတ်ပေးဘဲ စိုက်ကြည့်နေ တာကြောင့် သူမ သူ့ကို အတင်းဖယ်ကာ ထလိုက်၏။ သူလည်းလိုက်ထလာကာ

"နင်ငါ့ကို ကယ်တယ် ဟုတ်လား Ho Yin နင်ငါ့ကို မသေစေချင်ဘူးပေါ့ နင်ငါ့အပေါ်မှာ နည်းနည်းတော့ သံယောဇဉ်ရှိသေးတယ်ပေါ့"

သူက ဝမ်းသာ အားရဖြင့် သူမကို ဖက်လိုက်သည်။ သူမ သူ့ကိုတွန်းထုတ်ကာ သူ့မျက်နှာကို တချက်ကြည့်ပြီး

"ဟုတ်တယ် ငါနင့်ကို မသေစေချင်ဘူး အဲ့ဒါ ငါနင့်ကို သံယောဇဉ်ရှိလို့တော့မဟုတ်ဘူး အခုနေ နင်သေသွားရင် နင်ဘာမှခံစားလိုက်ရမှာမဟုတ်ဘူး ငါဘယ်လောက်ထိခံခဲ့ရလည်းဆိုတာ နင်နားလည်မဟုတ်ဘူး ငါကနင် တသက်လုံးနာကျင်ခံစားနေရတာကို မြင်ချင်တာ"
သူမ အပြောကြောင့်သူအံ့အားသင့်သွားသည်။

"နင်ငါ့ကို အဲ့ဒီ့လောက်တောင်မုန်းနေတာလား"

"အဲ့ဒီ့ထက်တောင်ပိုသေးတယ်"
သူမပြောကာ လှည့်ထွက်လာခဲ့၏။ ဒါပေမယ့် သူမ ရင်ထဲမှာဘာကြောင့်မှန်းမသိ နာကျင်နေမိသည်။ သူ့ကို ဘာလို့ ဒီလောက်တောင်မုန်းနေမိမှန်း ကိုယ့်ကိုယ်ကို တောင်နားမလည်နိုင်တော့။

-
-
-
to be continued

Love Is [Completed]Onde histórias criam vida. Descubra agora