Love Is (Part 15)

143 13 0
                                    

Love Is – Part 15

So Hee ထင်တဲ့အတိုင်းပင် Ho Seok တစ်ယောက် သူတို့နှစ်ယောက် စတွေ့ခဲ့တဲ့ မြစ်ကမ်းဘေးက နေရာလေးမှာ ထို်င်ကာ အရက်တွေသောက်နေ၏။ သူနောက်တခွက်ထပ်မော့တော့မည့် အချိန်တွင် သူမ သူ့လက်ထဲက ခွက် ကိုယူကာ သောက်လိုက်၏။ သူက သူမကိုကြည့်ရင်း

"ဟင်So Hee ဘယ်လို ဖြစ်လို့ ဒီကိုရောက်လာတာလဲ"

"Yu Lan uniee ပြောလို့ Oppa ကိုလာရှာတာ Oppa ဘယ်အချိန်ထိ ဒီလိုတွေဆက်လုပ်နေဦးမှာလဲ Oppa တစ်ယောက်တည်း နာကျင်ခံစားနေရလို့ထင်လို့လား So Hee ဖြစ်စေချင်တာ ဒီလိုပုံမျိုးမဟုတ်ဘူး ဘာလို့ဒီလောက်တောင် ခံစားလွယ်နေရတာလဲ ဒီလိုခံစားနေမယ် ဆိုရင်လည်း အစကတည်းက အမှန်အတိုင်း ပြောခဲ့ပါလား "

သူမပြောရင်း ဆိုရင်း သူသောက်လက်စပုလင်းကို လွှင့်ပစ်လိုက်၏။

"တောင်းပန်ပါတယ် Oppa ရင်ထဲရှိတဲ့အတိုင်း ဖွင့်မပြောနိုင်ခဲ့လို့တောင်းပန်ပါတယ် So Hee ကိုစိတ်ရှုပ်စေမိတဲ့ အတွက်လည်း တောင်းပန်ပါတယ်"

သူက ခေါင်းငုံ့ကာပြောနေ၏။ So Hee သူ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ

"တော်ကြရအောင် Oppa, So Hee တို့ ဒီလောက်နဲ့တော်ကြရအောင် Yoon Gi Oppa လည်းခံစားနေရပြီ ဒီထက်ပိုပြီးနာကျင်စရာတွေ ထပ်မဖြစ်စေချင်တော့ဘူး So Hee ဆုံးဖြတ်ပြီးပြီ So Hee , Yoon Gi oppa ကိုလက်ထပ်တော့မယ်"

"So Hee yarr ......."

"ဟုတ်တယ် Oppa အဲ့ဒါက So Hee တို့သုံးယောက်လုံးအတွက် အကောင်းဆုံးပဲ Oppa ကိုလည်းဆက်ပြီး ဒုက္ခထပ်မပေးချင်တော့ဘူး So Hee တို့ အရင်အတိုင်း မောင်နှမတွေလိုပဲ ပြန်နေရအောင်"

Ho Seok ဘာမှ ပြန်မဖြေနိုင် တစ်ချက်ငိုင်သွားကာ အဝေးကို ငေးကြည့်နေသည်။ 

"Oppa , So Hee ကိုဘယ်လောက်ချစ်တယ် ဆိုတာ So Hee သိပါတယ် ဒါပေမယ့် အဖေတို့ အကြောင်း So Hee သိတာမို့ ပြဿနာတွေ မကြီးလာခင် So Hee တို့ရပ်လိုက်ကြတာ အကောင်းဆုံးပဲလို့ So Hee ထင်တယ် ဒါကလည်း Oppa အတွက်...."

So Hee စကားပင်မဆုံး သူက သူမနဖူးလေးကို ဖွဖွလေးနမ်းလိုက်၏။ သူမ ထိန်းထားတဲ့ကြားမှ မျက်ဝန်းထဲမှ မျက်ရည်များ ကျလာသည်။ Ho Seok သူမ လက်လေးနှစ်ဖက်ကို ဆွဲယူကာ

Love Is [Completed]Where stories live. Discover now