Now!!

8.2K 437 6
                                    


လူတ​ယောက်​ရဲ့ မသဲမကွဲပုံရိပ်​​တွေ ထိုလူရဲ့ထူးခြားမှု​တွေကို မျက်​လုံး​တွေဟု သူမြင်​ပါသည်​ ​ပျော်​ရွှင်​မှု​တွေကို အရိပ်​ထင်​​နေ​သောထိုမျက်​လုံး​တွေ....
မျက်​နှာတစ်​ခုလုံးကို​တော့ သဲသဲကွဲကွဲမမြင်​ရပဲ သူမှတ်​မိ​နေတာ ထိုမျက်​လုံး​တွေသာ....

အိမ်​မက်​ထဲမှာ ထိုမျက်​လုံး​တွေကိုမြင်​ရတိုင်း ထိုသူရဲ့ကိုယ်​​နေဟန်​ထားကို မြင်​ရတိုင်း ဘာလို့များ ရင်းနှီး​နေသလို ခံစား​နေရသည်​မသိ​ပေ...
သေချာတာ​တော့ ထိုသူကို သူတစ်​ခါမှမ​တွေ့ဖူးခြင်း​ပေ....

ထိုည အိမ်​မက်​ထဲတွင်​....
သူ့လက်​တစ်​ဖတ်​ကို ထိုသူကအကျီအိတ်​​တွေထဲထည့်​ကာ သူ့ကိုစကား​တွေ​ပြော​နေ​လေသည်​...
ဘာ​တွေ​ပြော​နေမှန်းမသိ​ပေမယ့်​ သူဟာ နှုတ်​ခမ်းကို​ထော်​ပီး ထိုသူကို ပြန်​​ပြော​နေသည့်​ပုံမှာ တကယ့်​ကို အနိုင်​ယူ​နေသည့်​ပုံ...
သူအတိတ်​​မေ့​နေစဉ်​တ​လျှောက်​မှာများ
ထိုသူနဲ့ဆုံ​တွေ့ခဲ့သည်​လား...
တွေ့ခဲ့သည်​ဆိုပါ​တော့ ခုချိန်​သူ့နားမှာ ထိုလူ ဘာလို့မရှိ​လေသနည်း....
သူနဲ့တစ်​စုံတရာပါတ်​သတ်​ခဲ့တယ်​ဆိုရင်​ ခုလို သူလူ​ကောင်းပကတိဖြစ်​​နေချိန်​မှာ ထိုသူအနားမှာရှိ​နေသင့်​သည်​ မဟုတ်​ပါလား....

အိပ်​ရာကနိုးတိုင်း မထဖြစ်​​သေးပဲ ထိုအိမ်​မက်​​ကြောင့်​ ​နောက်​ဆက်​တွဲအ​တွေးများ ​Chanyeolတွေး​နေရသည်​...
မထ၍မဖြစ်​​တော့​သော​ကြောင့်​ စိတ်​ရှုပ်​စွာ ​ခေါင်းမှဆံပင်​များကိုဖွမိ​လေပီ.....
ဒီ​နေ့​တော့ သူ့အထိန်းတော်​ ဦး​လေးကြီးကို ​မေးကြည့်​ရန်​ Chanyeol ဆုံးဖြတ်​လိုက်​​လေပီ...

"ကြက်​စွပ်​ပြုတ်​​လေးပါ တိုက်​ရမယ်​လို့ Doctorမှာထားလို့ပါ"

စွပ်​ပြုတ်​ပန်းကန်​မြင်​​တော့ ဆူပုတ်​သွား​သောသူ့ကို ​auntyဂျီးက​ပြော​လေရဲ့...

"Auntyဂျီး ​လေး​လေးJohn​ရော?"

"ခြံထဲမှာ သား​လေး ဘာလို့လဲ"

"သား ​မေးစရာရှိလို့ သွား​ခေါ်​ပေးပါလား"

"ဘာ​တွေ​မေးချင်​တာလဲ yeol​လေးရဲ့ "

U And My MemoryWhere stories live. Discover now