love!!!!!!?!! 2

2.8K 312 6
                                    


"ဟင့်​အင်း မစား​တော့ဘူး ပြန်​​တော့မယ်​"

"ဟင်​ ဘာဖြစ်​လို့လဲ yeolရဲ့ ခုနက ​ဗိုက်​ဆာလို့ဆို"

သူ့စကား​​တောင်​မဆုံး​သေး Chanyeol က
မတ်​တပ်​ထရပ်​ပီး​နေပီ...

"အခု ပြန်​မှာ ခင်​​ဗျားလိုက်​မပို့ရင်​လဲ ကိုယ့်​ဘာသာပြန်​မယ်​"

Chanyeol ပုံစံက ခုပဲထ ထွက်​သွား​တော့မည့်​ပုံဖြစ်​​နေ​တော့ သူ ကား​သော့​ကောက်​ကိုင်​လိုက်​ရသည်​....

"ဘာဖြစ်​လို့လဲ Yeol စိတ်​ညစ်​သွားတာလား"

မှုန်​ကုတ်​ပီးအ​ဝေးသို့​ငေး​နေ​သော မျက်​နှာ​လေးကို ကြည့်​မိရင်း​ပြောလိုက်​​တော့...

"စိတ်​ရှုပ်​​နေတာ​တော့အမှန်​ပဲ ကျ​နော်​ အိမ်​မက်​​တွေမက်​တယ်​.."

ပြော​နေရင်း Kris မျက်​လုံး​တွေကို စိုက်​ကြည့်​လာ​တော့ Kris ကားကို လမ်း​ဘေးသို့ထိုးရပ်​လိုက်​ပီး Yeolနဲ့မျက်​လံုးခြင်းဆုံလိုက်​သည်​..

"အဲ့ အိမ်​မက်​ထဲမှာ လူတ​ယောက်​ အဲ.. လူတ​ယောက်​​ပေမယ့်​ သူ့မျက်​နှာကို​သေချာမမှတ်​မိဘူး ဒါ​ပေမယ့်​ မျက်​လုံး​တွေကို မှတ်​မိ​နေမယ်​ ပီး​တော့ ရင်​ထဲထိအဲ့ဒီ မျက်​လုံး​တွေ​ရောက်​​နေတယ်​"

"ပီး​တော့ ခင်​​ဗျားနဲ့သိပ်​တူ​နေတာ... တခါတ​လေ
တ​ယောက်​​ယောက်​နဲ့ကျ​နော်​ ​ပြောတဲ့စကားမျိုး...
တ​ယောက်​​ယောက်​ရဲ့ရင်​ခွင်​ထဲမှာ သိပ်​​ပျော်​​နေတဲ့ပုံစံမျိုး မြင်​​နေရတယ်​ အဲ့ဒါဟာ ဘာ​တွေလဲကျ​နော်​မသိဘူး အဲ့တာ​ကြောင့်​ တကယ်​ပဲစိတ်​ရှုပ်​ရတယ်​"

ပြော​နေရင်း Chanyeol က​ခေါင်းငုံ့သွားသည်​ KrisကYeolမျက်​နှာအ​ပြောင်းအလဲကို လိုက်​ကြည့်​​နေသူမို့ yeol ငိုချင်​လာသလို မျက်​ခမ်းစပ်​​လေး​တွေရဲလာတာ ​အောက်​နှုတ်​ခမ်း​လေး​တွေ တဆတ်​ဆတ်​တုန်​လာတာ ​တွေကို သူဒီတိုင်းကြည့်​​နေမိသည်​...
သူ ဆုံးဖြတ်​ချက်​တခု ချလိုက်​ကာ...

"ဟုတ်​တယ်​"

မော့ကြည့်​လာ​သော ဝိုင်းစက်​စက်​မျက်​ဝန်းမှ မျက်​ရည်​စ​တွေကို လက်​မ​လေးနဲ့သူ သုတ်​​ပေး​တော့ မျက်​လုံး​လေး​တွေ မှိတ်​သွား​တော့ ထိုမျက်​ခွံ​လေး​တွေကို သူနမ်းလိုက်​ကာ.....

U And My MemoryTempat cerita menjadi hidup. Temukan sekarang