"Yeol"သူ့ရုံးခန်းထဲမှာ ခွေလဲနေသော Yeol ကိုအမြင်မှာ Kris အော်မိသွားလေပီ...
အမြန်ပွေ့ကာ အနီးဆုံးဆေးရုံသို့မောင်းလာလိုက်သည်...."အားနည်းနေလို့ ပါ စိုးရိမ်စရာ မရှိပါဘူး"
ဆရာဝန်စကားအဆုံးမှ လေးနေသော ရင်ဟာ နဲနဲ သက်သာရာရသည်...
Yeol ကတော့ ဆေးသွင်းထားလျက်သား မေ့မျောနေတုန်း.....
နဖူးပေါ်မှ ဖရိုဖရဲ ဆံပင်လေးတွေကို သပ်တင်ပေးနေရင်း ခပ်ဖောင်းဖောင်းပါးလေးတွေကို ပွတ်သပ်နေမိသည်...
ခလေး သူနဲ့ပါတ်သတ်တာတွေကို သတိရတော့မယ်နဲ့တူတယ်....
မျှော်လင့်ချက်လေးကြောင့် ကျန်လက်လေး တဖတ်ကို ဆုပ်ကိုင်ပီး သူ့ပါးမှာ ကပ်ထားရင်း Yeol မျက်နှာလေးကို မျက်တောင်မခတ်ပဲ ကြည့်နေမိပါသည်...**************
Yeol မျက်တောင်ဖျားလေးတွေ လှုပ်လာတော့...
"ခလေး သတိရပီလား!!!"
နွေးထွေးနေသော အသံ....
ဒီအသံဟာ သူ့ကိုသိပ်ချစ်သော လူတယောက်ရဲ့အသံ....
မျက်လုံးတွေ ဖွင့်ကြည့်လိုက်ရင် စိုးရိမ်တကြီးကြည့်နေမည့် ချစ်ခင်မှုအပြည့်မျက်ဝန်းတွေနှင့် ဆုံရလိမ့်မည်...
ဘယ်ဘက်လက်တဖတ်ကိုလဲ ဆုပ်ကိုင်ဖျစ်ညှစ်နေသည်မှာ သူဘယ်လောက်စိတ်ပူနေသည်ကို ဖော်ပြနေလျက်...."Hyung"
ထိုခေါ်သံလေးဟာ Krisရဲ့ရင်ခုန်မှုအရှိန်ကို တိုးမြှင့်ပေးလိုက်သလိုလို....
Yeol မျက်ဝန်းတွေကို ကြည့်ဖို့ကြိုးစားပေမယ့်
ရုတ်တရတ်ထကာ သူ့ရင်ခွင်ထဲတိုးဝင်လာသော ခလေးလေး....."Hyung Miyanae hyung ကို သတိမရလို့ တောင်းပန်ပါတယ် အဟင့်"
"မလိုပါဘူး yeol ရယ် ခု yeol သတိရတာပဲ ဘယ်လောက်ဝမ်းသာဖို့ကောင်းလိုက်သလဲ မငိုနဲ့တော့ တိတ် တိတ်"
![](https://img.wattpad.com/cover/64526331-288-k542151.jpg)