love???

3K 303 6
                                    


"​ရော့ ဒါ​လေး​သောက်​လိုက်​အုံး"

သံပုရာရည်​ခွက်​​လေးကမ်း​ပေးကာ
Chanyeol နဖူး​ပေါ်ကျ​နေ​သော အညို​ရောင်​ဆံနွယ်​​လေး​တွေကို သပ်​တင်​​ပေးပီး ​ချွေးစ​လေး​တွေကို အသာသုတ်​​ပေးရင်း​မေးမိသည်​..
ထိုအခါ Chanyeol က သူ့လက်​လက်​လှုပ်​ရှားမှူမှန်​သမျှကို မျက်​ဆံ​လေး​တွေလှုပ်​ရှားပီး မျက်​​တောင်​မခတ်​လိုက်​ကြည့်​​နေသည်​မှာ အလွန်​ပင်​ချစ်​စရာ​ကောင်းလှပါသည်​...

Kris Chanyeol နဖူး​လေးကို လက်​သီးဆုပ်​နဲ့ဖွဖွ​လေး ထုမိ​လေပီ

"ဘာ​တွေအဲ့​လောက်​လိုက်​ကြည့်​​နေတာလဲ"

ထိုအခါမှ yeolက သံပုရာခွက်​ကို ယူ​သောက်​ပီး...

"ဘာလို့ ခင်​​ဗျားကို ရင်းနှီး​နေမှန်းမသိဘူး"

" ကျွန်​​တော့်​မှာရွယ်​တူ သူငယ်​ချင်း chen တို့ d.o တို့ပဲရှိတာ ခုသူတို့ကလဲ နိုင်​ငံခြား​ရောက်​​နေကြတယ်​ ကျွန့်​​တော့ ထက်​ ၂နှစ်​​လောက်​ကြီးတဲ့ သူငယ်​ချင်းမျိုး ကျွန်​​တော့်​ဆီမှာမရှိတာ အမှန်​ပဲ​ဗျ"

သူ ​ပြောသမျှကို Kris က ဘာတစ်​ခုမှ မတုန့်​ပြန်​ပဲ အလွန်​ပင်​ချစ်​ခင်​ကြင်​နာ​သော မျက်​လုံး​တွေနှင့်​ သူ့ကိုစိုက်​ကြည့်​​နေ​တော့ သူ နှုတ်​ခမ်းဆူမိ​လေပီ...

"ကျ​နော်​ တကယ်​​ပြော​နေတာပါ ခင်​​ဗျားက ကျ​နော့်​ကို​လှောင်​​နေတာလား?"

ထိုအခါမှ Kris ပြာပြာသလဲ ဖြစ်​သွားပီး

"မဟုတ်​ပါဘူး hyung Yeol ​ပြောတာ နား​ထောင်​​နေတာ​လေ"

ရုတ်​တရတ်​ ​ပြောင်း​ပြောလိုက်​​သော အ​ခေါ်​ဝေါ်​ကြောင့်​ Chanyeol နားထဲ မစိမ်း​နေပဲ
အရမ်းရင်းနှီိး​နေသလိုလို...

"Hyung"

ခပ်​တိုးတိုး​ရေရွတ်​​မိ​တော့

"ဟုတ်​တယ်​ hyungလို့​ခေါ်ကြည့်​ပါလား"

" ခင်​​ဗျားနဲ့ ကျ​နော်​ အဲ့​လောက်​ရင်းနှီး​သေးတာမှ မဟုတ်​တာ မ​ခေါ်ပါဘူး"

ဘုကျကျ​ပြောပီး နှုတ်​ခမ်းကို ဆူထားပြန်​လျှင်​ Kris အသဲယားစွာ ခုနကသူသပ်​တင်​​ပေးထား​သော ဆံပင်​​တွေကို ဆွဲဖွမိသွားပီ...

U And My MemoryWhere stories live. Discover now