လူတယောက်ရဲ့ မသဲမကွဲပုံရိပ်တွေ ထိုလူရဲ့ထူးခြားမှုတွေကို မျက်လုံးတွေဟု သူမြင်ပါသည် ပျော်ရွှင်မှုတွေကို အရိပ်ထင်နေသောထိုမျက်လုံးတွေ....
မျက်နှာတစ်ခုလုံးကိုတော့ သဲသဲကွဲကွဲမမြင်ရပဲ သူမှတ်မိနေတာ ထိုမျက်လုံးတွေသာ....အိမ်မက်ထဲမှာ ထိုမျက်လုံးတွေကိုမြင်ရတိုင်း ထိုသူရဲ့ကိုယ်နေဟန်ထားကို မြင်ရတိုင်း ဘာလို့များ ရင်းနှီးနေသလို ခံစားနေရသည်မသိပေ...
သေချာတာတော့ ထိုသူကို သူတစ်ခါမှမတွေ့ဖူးခြင်းပေ....ထိုည အိမ်မက်ထဲတွင်....
သူ့လက်တစ်ဖတ်ကို ထိုသူကအကျီအိတ်တွေထဲထည့်ကာ သူ့ကိုစကားတွေပြောနေလေသည်...
ဘာတွေပြောနေမှန်းမသိပေမယ့် သူဟာ နှုတ်ခမ်းကိုထော်ပီး ထိုသူကို ပြန်ပြောနေသည့်ပုံမှာ တကယ့်ကို အနိုင်ယူနေသည့်ပုံ...
သူအတိတ်မေ့နေစဉ်တလျှောက်မှာများ
ထိုသူနဲ့ဆုံတွေ့ခဲ့သည်လား...
တွေ့ခဲ့သည်ဆိုပါတော့ ခုချိန်သူ့နားမှာ ထိုလူ ဘာလို့မရှိလေသနည်း....
သူနဲ့တစ်စုံတရာပါတ်သတ်ခဲ့တယ်ဆိုရင် ခုလို သူလူကောင်းပကတိဖြစ်နေချိန်မှာ ထိုသူအနားမှာရှိနေသင့်သည် မဟုတ်ပါလား....အိပ်ရာကနိုးတိုင်း မထဖြစ်သေးပဲ ထိုအိမ်မက်ကြောင့် နောက်ဆက်တွဲအတွေးများ Chanyeolတွေးနေရသည်...
မထ၍မဖြစ်တော့သောကြောင့် စိတ်ရှုပ်စွာ ခေါင်းမှဆံပင်များကိုဖွမိလေပီ.....
ဒီနေ့တော့ သူ့အထိန်းတော် ဦးလေးကြီးကို မေးကြည့်ရန် Chanyeol ဆုံးဖြတ်လိုက်လေပီ..."ကြက်စွပ်ပြုတ်လေးပါ တိုက်ရမယ်လို့ Doctorမှာထားလို့ပါ"
စွပ်ပြုတ်ပန်းကန်မြင်တော့ ဆူပုတ်သွားသောသူ့ကို auntyဂျီးကပြောလေရဲ့...
"Auntyဂျီး လေးလေးJohnရော?"
"ခြံထဲမှာ သားလေး ဘာလို့လဲ"
"သား မေးစရာရှိလို့ သွားခေါ်ပေးပါလား"
"ဘာတွေမေးချင်တာလဲ yeolလေးရဲ့ "