သူနှင့်​ပါတ်​သတ်​​သော

3K 317 6
                                    


Kris တ​ယောက်​ Chanyeol အခန်း​လေးမီးပိတ်​သွားသည်​ထိ ​စောင့်​ပီးမှ အိမ်​ပြန်​လမ်းကိုဦးတည်​လိုက်​သည်​....
အိမ်​​ရောက်​သည်​နှင့်​ ​ရေမြန်​မြန်​ချိုးပီး ပစ်​ထား​သောအလုပ်​​တွေကို အမြန်​လုပ်​ပီး အိပ်​ရာဝင်​ရသည်
မနက်​ခင်းကျ​တော့ Chanyeol ​ကျောင်းမသွားခင်​ထပီး အိမ်​​ရှေ့မှာ ပြန်​​စောင့်​ရသည်​..

ဒါ​တွေဟာ သူလုပ်​​နေကြအလုပ်​​တွေ
ညဘက်​အလုပ်​​တွေများလို့
ပင်​ပန်းလွန်းရင်​ Chanyeol စာသင်​​နေတုန်း တခါတ​လေ ကား​ပေါ်မှာအိပ်​​ပျော်​သွားတတ်​သည်​အထိ...
သူ့လုပ်​ရပ်​​တွေအလကားမဖြစ်​​​သော​ကြောင့်​သူ​ကျေနပ်​ပါသည်​...
Chanyeol က သူ့ကို သတိထားမိပီမဟုတ်​ပါ​လော.....
*********

Chanyeolက​တော့မျက်​နှာကိုဆူပုတ်​ထားပီး ကား​ပေါ်မှာ ထိုင်​​နေ​လေရဲ့
အဘယ့်​​ကြောင့်​ဆို​သော ထိုစူးစူးရဲရဲမျက်​ဝန်းတစ်​စုံပါ​သော အိမ်​မက်​မျိုး ညက မမက်​​သော​ကြောင့်​...
ဒါဟာ သူ့နှလုံးသားကိုလစ်​ဟာမှုတစ်​ခုဖြစ်​​စေပါသည်

ဘာအလိုမကျလို့အလိုမကျမှန်းမသိ..
ဒေါသလဲနဲနဲထွက်​​နေခဲ့သည်​....

ထို ဆူပုတ်​​နေ​သောမျက်​နှာ​လေးကို ​ငေးရင်း Kris က​တော့ရင်​ထဲ ကလိကလိဖြစ်​​နေ​လေသည်

နှုတ်​ခမ်း​လေး ဆူပြကာ သူ့ကိုနမ်းဖို့​ပြောတတ်​​သော ချစ်​စဖွယ်​သူ့ခ​လေး​လေးကို သူတကယ်​ပဲလွမ်းလှပါသည်​.....
ပြေးသွားပီးနမ်းချင်​စိတ်​ကိုလဲချိုးနှိမ်​ထားရ​သေးသည်​...

Yeol ကစာသင်​ခန်းသို့မသွားပဲ စာကြည့်​တိုက်​ထဲဝင်​သွား​တော့ Kri​s လဲ​နောက်​ကတ​ကောက်​​ကောက်​လိုက်​လာရသည်​...

လွယ်​အိတ်​ကို ဝုန်းဆိုပစ်​ချပီးမှ ပါတ်​ဝန်းကျင်​ကို သတိရပီး ​ဘေးဘီ​ဝေ့ကြည့်​သဖြင့်​ သူပုန်းလိုက်​ရသည်

Yeol က​တော့ သူ့ကိုသတိမထားမိပဲဖုန်းဖြင့်​သီချင်းနား​ထောင်​​နေသည်​...
ထို့​နောက်​ အဲ့တာလဲသ​ဘောကျဟန်​မတူ
နားကြပ်​ကိုဆွဲဖြုတ်​လိုက်​ပီး မတ်​တပ်​ထရပ်​​လေသည်​..
ထို့​နောက်​ Canteen သို့ထွက်​သွား​လေသည်​...

U And My MemoryWhere stories live. Discover now