နောက်နေ့မနက် သူပစ်ထားတာ ကြာပီဖြစ်သော Companyသွားရန်ပြင်ရသည်..
Yeolနားမှာပဲ နေနေရသဖြင့် အလုပ်တွေပစ်ထားသလို ဖြစ်နေတာကြာပီိလေ ..."Hyung ဘာလုပ်နေတာလဲ"
ခပ်ချွဲချွဲ အသံလေးနှင့် အိပ်ရာထကာစ ဖောင်းနေသော မျက်နှာလေးနှင့် Yeol...
Kris Yeol နှာခေါင်းလေးကို ဆွဲလိမ်လိုက်ပီး"Hyung အလုပ်သွားရအုံးမယ် ခလေးရဲ့ မင်းအနားပဲ အချိန်ပြည့်နေနေတော့ Companyကိုပစ်ထားသလိုဖြစ်နေလို့ ဒီနေ့တော့ သွားမှဖြစ်မယ် လိမ်လိမ်မာမာနေခဲ့နော်"
"Yeolလိုက်လို့မရဘူးလား"
"မရဘူးလေ Yeolရဲ့ ညနေခင်း hyungပြန်လာမှာကို"
နှစ်သိမ့်သလို ပခုံးလေးပုတ်ပေးလိုက်သော်လည်း Yeol မျက်နှာမကောင်း သူပြောတာကိုလဲ သိပ်နားလည်ပုံမရသော်လည်း သူ့မှာရှင်းပြဖို့ အချိန်မရှိ...
"အာ့ဆို yeolကဘာလုပ်နေရမှာလဲဟင်"
"ပျင်းရင်တီဗီကြည့် အိပ်နေပေါ့ ကဲ hyungမှာအချိန်မရှိတော့ဘူး သွားတော့မယ်နော်"
ဆိုပီး သူထွက်လာတော့ တံခါးဝနားမရောက်ခင်မှာပဲ နောက်ကနေပြေးဖက်ခြင်းခံလိုက်ရသည်
သူပြန်လှည့်ကြည့်တော့ မျက်လုံးဝိုင်းလေးတွေမှာ မျက်ရည်တွေဝိုင်းလျက် သနားစဖွယ် သူ့ကိုမော့ကြည့်နေလေရဲ့..."Yeol hyungအလုပ်သွားရမယ်လေကွာ လိမ်မာတယ်နော်"
စိတ်မကောင်းသော်လည်း ထိုလက်ခလေးကို အသာလေး ဖြုတ်ချထားခဲ့လိုက်ရသည်...
***¿***************
Kris ညနေခင်းအိမ်ပြန်ရောက်တာနဲ့
"Yeol ရော"
ဟုတန်းမေးလေတော့
"သားသွားထဲက အခန်းထဲဝင်သွားတာ လုံးဝပြန်မထွက်လာသေးဘူး ဘာမှလဲ ကျွေးလို့မရဘူး သားရယ် တနေ့လုံးပဲ"
"အာ အဲ့ဒါဘာလို့ကျွန်တော့ကိုဖုန်းမဆက်တာလဲ"
အဒေါ်ကြီးကိုလဲ အော်မိကာ အခန်းထဲ အပြေးအလွှားတတ်ခဲ့တော့ Yeol က စောင်ပုံကြားထဲမှာ အိပ်ပျော်နေပုံရသည်...