အတိတ်​(သို့မဟုတ်​....)

3K 326 11
                                    


"Kris ကျွန်​​တော့ ရုံးခန်းကို ခနလိုက်​ခဲ့ပါ"

Doctorစကား​ကြောင့်​ မငြိမ်​သက်​​သောရင်​ခုန်​သံ​တွေနှင့်​ kris လိုက်​လာခဲ့ရသည်​...

"ကျ​နော့်​ အထင်​ Chanyeolရဲ့ ဦး​နှောက်မှာ လှုပ်​ရှားမှု​တွေ​တွေ့ရတယ်​ သူသတိရလာရင်​ တခုခု​ပြောင်းလဲသွားနိုင်​တယ်​"

"ဟို ဆရာဆိုလိုတာက သူအတိတ်​ကို ပြန်​သတိရသွားမယ်​လို့.. အဲ့လိုလား ဆရာ"

"ဟုတ်​တယ်​ ​နောက်​ပီး ခုလက်​ရှိသူ့ဘဝကို လုံးဝ​မေ့သွားတာမျိုးလဲ ဖြစ်​​သွားနိုင်​တယ်​"

Doctor ဆက်​​ပြော​သောစကား​တွေ Kris နားထဲဝင်​တချက်​ မဝင်​တချက်​....

**ဒါဆို yeolဟာ သူ့ကို​မေ့သွားနိုင်​တယ်​​ပေါ့
Hyung ဘာဆက်​လုပ်​ရမလဲ yeolရယ်​***

Kris Yeol ဆီမသွား​သေးပဲ ခုံတန်းရှည်​မှာထိုင်​​နေမိတာ ​တော်​​တော်​ကြာသွားပီ...
************

Yeol အခန်းထဲမဝင်​ခင်​ ကြားလိုက်​ရ​သော စကားသံ​ကြောင့်​ Kris တံခါးကိုကိုင်​ထားမိ​သော လက်​ကိုခနရပ်​လိုက်​မိသည်​...

"အိမ်​ကိုဖုန်းဆက်​​ပေးပါ အစ်​မ"

"လူနာရှင်​ Dr ​နောက်​လိုက်​သွားတယ်​ ခန​လေး​နေိာ"

"လူနာရှင်​ကဘယ်​သူလဲ ​လေး​လေးJohnလား"

"မဟုတ်​ပါဘူး Krisဆိုလား"

"Kris သူကဘယ်​သူလဲ သူ့ကို ကျ​နော်​မသိပါဘူး"

Kris ရင်​ထဲ ဒိန်းခနဲမြည်​သွားသံမှာ.အကျယ်​ကြီး
..
သူနာပြု​လေးထွက်​လာ​တော့ yeol ဆက်​ခိုင်း​သောဖုန်းကို ဆက်​​တော့ သူ့အုပ်​ထိန်းသူ​တွေချက်​ချင်း​ရောက်​လာကြသည်
စစ်​​ဆေးမှု​တွေပြုလုပ်​ပီး yeolကို​ခေါ်သွားသည့်​အိမ်​အထိ Kris တ​ယောက်​လိုက်​လာခဲ့​သော်​လည်း...

သူ့ကိုငဲ့​တောင်​မကြည့်​ပဲ....
မေ့​လျော့​နေ​သော Yeolရဲ့မျက်​နှာ​လေးကိုသာ လိုက်​ကြည့်​​နေခဲ့ပါသည်​..

Yeolဟာ ခုဆိုလူမှန်​​နေရာမှန်​သို့​ရောက်​​နေခဲ့ပီ​လေ.....

Yeol ရဲ့ဘဝဟာ သူထင်​တာထက်​ကို ပြည့်​စုံကြွယ်​ဝ​နေခဲ့ပါသည်​...

U And My MemoryWhere stories live. Discover now