Let Me Be Your Puppy_1

9.3K 797 37
                                    

Laurel...

Seoul မြို့ နဲ့ အလှမ်းကွာဝေးသော တနေရာ..
ထူးခြားသော လူမျိုးစု နေထိုင်ရာ ဗိမာန် တခု...
နေရာကား အကြီးအကဲ နေထိုင်ရာ နန်းတော်တခု ထဲ တွင် ဖြစ်သည်။...

Ji Ji : သခင်လေး.. Byun သခင်လေး!!!!!

ထို ခေါ်သံ သည် ထိုနေရာတွင်တော့ ထူးဆန်းသော အသံ မဟုတ်. နေ့စဉ် ကြားနေကြ  အသံ တခုပင်..

နန်းတော် သခင်လေး ၏ အထိန်းတော်လေး ကတော့ နေ့တိုင်း ညနေခင်းတိုင်း ခေါ်နေကြပါလေ...

ဒါဆို သခင်လေး ကကော????
နန်းတော် သခင်လေး ခုထိ တကြော်ကြော် အော်ခေါ်တာတောင် ထွက်မလာရတဲ့ အကြောင်းအရင်း တခု ရှိလေသည်။..
အ့ဒါ ကတော့ သူ မွှေစရာ တနေရာ အသစ် ရှာဖွေ တွေ့ရှိခဲ့လို့ပါ..

အမွှေဇယားတွေ ကုန်မှ သူ့ အဆောင်သူပြန်တတ်သော အမွှေစိန် မင်းသားလေးကား တခြားသူ မဟုတ်...
မင်းကြီးByun Yixing နဲ့ မယ်တော်Kim Suho တို့ရဲ့ တဦးတည်းသော သားလေး Byun Baekhyun ပါလေ...

ခုလဲ နတ်ဆရာလေး Chen အပြင်ခန သွားတုန်း ဟိုးအရင်တည်းက ဝင်ကြည့်ရန် ကြိုးစားထားသော Chen ရဲ့ အခန်းတွင်းသို့ အားပါးတရ ခိုးဝင်လာခဲ့လေတော့သည်။...

Baek : ဟီးဟီး..ငChen အပြင်သွားတုန်း သူ့ အခန်းထဲ လျှောက်ကြည့်ရမယ်...
ဒါ ကြီးက ဘာလား.. မှန် ကြည့်ရတာလား.....

ပြောရင်းဆိုရင်း ကြေးမုံမှန် အဝိုင်းလေးကို သူ့ မျက်နှာရှေ့ ထောင်ကြည့်လိုက်လေသည်။..

Baek : အီး.. ရုပ်ဆိုးလိုက်တာ. ငါ့ ချစ်ဈာ ရုပ်လေးတောင် ပျောက်တယ်....
သွား..သွား.....

နောက်တခု.......
သစ်သားချောင်းတွေပေါ်မှာ ရေးထားသော ရှေးခတ်စာအတွဲလိုက် အစည်းတချို့......

ဂလောက်......

ချောက်....

Baek : အဲ... စည်းထားတာ မှုတ်ဘူးလား.. ဒီတချောင်းက ဘယ်က ထွက်လာတာလဲ။ သိတော့ဖူး. အဟီး....
အို.. ထည့်ချင်တဲ့ နေရာ ထည့်လိုက်မယ်....Chen ပြန်ဖတ်ရင်း ပြန်စီ လိမ့်မယ်.....

နောက်တနေရာ....
ကျောက်တုံး ခပ်လှလှ ကြီးကြီးလေးများ ကို အတန်းလိုက်စီချထားပြီး ကျောက်တုံး တတုံးချင်းဆီ ရှေ့မှာ အဓိဌာန်ပြု စာသားများ ရေးသားထားသည်။..
ထို ထဲမှ.....

●Let Me Be Your Puppy●Where stories live. Discover now