Let Me be Your Puppy_3

6.6K 714 37
                                    

Next mornee..

Yeol တယောက် ပုံမှန်ထနေကြ အချိန်ရောက်တော့ မျက်လုံးက သူ့အလိုလို ပွင့်လာခဲ့သည်။. ဟောက်သံ ခပ်တိုးတိုးကြားရ မိတာကြောင့် ဘေးဘီ ကြည့်လိုက်တော့..

Yeol : ဟင်.....

ပါပီ ဘတ်လုံးရယ်လေ... လက်နှစ်ဘက် မိုးပေါ်ထောင်. ခြေနှစ်ဘက် ပြဲကားလို့ ပက်လက်လှန်ကြီး လုပ်ကာ အိပ်နေလေရဲ့..

ဗိုက်သားလေးတွေက ဟောင်းလောင်း... အတွင်းသားများမို့ ပိုနူးညံ့ နေသယောင်ယောင်

ဘေးက စောင်နဲ့ ကမန်းကတန်း ဆွဲခြုံပေးလိုက်မှ အဆင်ပြေသွားတော့သည်။..

Yeol : အိပ်နေတာများ သိုးလို့.. ဟောက်နေတာလဲ လူအတိုင်းပဲ။. ဒီနေ့ ဒီ ဘတ်လုံးကို အလုပ်ခေါ်သွားရမယ် ထင်တယ်.
ထားခဲ့ရကောင်းမလား..
မဖြစ်ဘူး.. မနေ့ကလို တခြားအိမ်က ခွေးတွေ နသယား ဖားယား လုပ်နေမှဖြင့်.. စိတ်မချဘူး....

Yeol လဲ ရေမိုးချိုး အဝတ်အစားလဲကာ အောက်ထပ်ဆင်းလာပြီး ဘတ်လုံး အတွက် လိုအပ်တာတွေပါ ထည့်ကာ ပြင်ဆင်လိုက်ရသည်။ အကုန်လုံးပြင်ဆင်ပြီးတော့ အပေါ်ထပ် ပြန်တက်ကာ ပါပီ့ ကို နှိုးရသည်။..

စောစောက ခြုံပေးလိုက်သော စောင်ကိုပါ သူ့ကိုယ်နဲ့ ပြန်ရစ်ကာ အဝတ်လုံးကြီး အဖြစ် ဆက်အိပ်နေလေသည်။...

Yeol : ဘတ်လုံးလေး. ထတော့...
ဒီဧန့ Hyung နဲ့ company လိုက်ခဲ့ရမယ်. ထတော့.. မျက်နှာသွားသစ်ချည့်..

Yeol က ဘတ်လုံး အဆင်ပြေအောင်ဟု ဆိုကာ မိုးလင်းလျှင် ရေဇလုံ အပု လေးတလုံးနဲ့ ခွက်လေးတခွက် ရေချိုးခန်းထဲ ထားပေးရလေသည်။.
ရေဇလုံ လေးက မျက်နှာသစ်ဖို့.. ခွက်လေးက ပလုတ်ကျင်းဖို့လေ...

Yeol : ပါပီ့လေး. ထတော့ဆို...

စောင်လုံးကြီးထဲက ပါပီ့ကိုယ် ကို အစရှာမရ.. တွေ့ရာ ပုတ်နှိုးလိုက်မိတော့ ဖင်လုံးလုံးပဲ ပုတ်မိပြန်သည်။...

Baek : အင့်.. အင့်...

Yeol : ထတော့..Hyung ရေချိုးခန်းထဲ အဆင်သင့် ပြင်ထားပြီးပြီ...

Baek : ommmm

ထိုအခါမှ အိပ်ရာက မထချင် ထချင် ထကာ ဘုတ်ခနဲ ကုတင်ပေါ်က ဆင်းသွားလေသည်။..
ဖင်ကတော့ တရမ်းရမ်း နဲ့သာ..
မျက်နှာသစ်နေရင်း.....

●Let Me Be Your Puppy●Where stories live. Discover now