Let Me be Your Puppy_5

6.4K 609 19
                                    


Next mornee………

နောက်နေ့ မနက်လင်းတော့ Yeol တယောက် အိပ်ရေးဝ စွာနိုးထလာခဲ့သည်။ နံဘေးဆီ ကြည့်လိုက်တော့ ပါပီ လေးက မရှိတော့…

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မနက်စာ ပြင်ဖို့ မီးဖိုချောင် ဝင်တော့လည်း ဘတ်လုံး ကို မတွေ့ရသေး…
မနေ့ က ရေချိုးပြီး ညအိပ်ရာ ဝင်ဖို့ လုပ်နေရာကနေ ဘာတွေ ဘယ်လို ဖြစ်သွားသည် မသိလိုက်…

မနက်စာ ခပ်မြန်မြန် ပြင်ဆင် လိုက်ရင်း ဘတ်လုံး ကိုရှာရလေသည်…

Yeol : ဘတ်လုံးလေးရေ… မနက်စာ စားမယ်…

ဘာသံ မှ မကြား…
ရင်ထဲ ထိတ်ခနဲ … သူ ထွက်သွားပြန်ပြီ လား

ဘုတ်…

အိမ်ရှေ့ က အသံ တခု ထွက်လာတော့မှ ထွက်ကြည့် လိုက်တော့ ဘတ်လုံးရယ်လေ ပန်ကာလေ ကို အမြင့်ဆုံး ဖွင့်ထားပြီး သူ့ ပါပီမွှေး လေးတေ လေ နဲ့ လွင့်နေတာကို ကြည့်ပြီး ဆော့နေလေရဲ့။ တခါ တခါ ပန်ကာဒလက် နားသွားကပ်နေသေး…

Yeol တယောက် အသည်းအသန် အော်လိုက်ရင်း

Yeol : ဘတ်လုံးလေး… အမွှေး ညှပ်မိမယ်…

ဖြုတ်!

Baek : အ့…
အီးဟီး… ဗြဲ……

Yeol အော် လိုက်ခါမှ Yeol ဆီ လှည့်အကြည့် အမွှေးလေးတေ က ပန်ကာ လည်နေတဲ့ အတွင်းသို့ ဝင်သွားလေတော့သည်။

Yeil : အမလေး လေး… ငါ့ ခေးလေး နာသွားတော့မယ်…

ဖပ်ခနဲ ပန်ကာ ကို ပိတ်လိုက်ရင်း ဘတ်လုံးဆီ သို့ အူယား ဖားယား ပြေးရလေသည်…
နာသွားသောကြောင့် ရှုံမဲ့မဲ့ အခွက် ကလေးနဲ့ ပါပီ  လေးက သူ့နား Yeol ရောက်လာတာနဲ့ Yeol ဆီ အတင်း ဝင်ကပ်တော့သည်

Yeol : Aigoo. ကိုယ့် ဘတ်လုံးလေး နာသွားပြီ။

ပွတ်ပေး ပြန်သည်။ ဖင်လုံးလုံး ကိုပါပဲ။
Baek လဲ ရင်ခွင်ကျယ် ကြီး ထဲသာတိုးဝင်လိုက်ရင်း……

Baek pov : ကိုကို နော်… ဖင်ကိုပဲ ကြိုက်နေ… ဘတ်လုံး လည်း ကိုကို့ ကြွက်သားကြီးတေ ကို ကြိုက်တယ်။ ဟိဟိ…

Yeol : ကဲ… ဒီနေ့ ကိုကို့ နားရက်… အ့ဒါ ကိုယ်တို့ ပျော်ပွဲစား ထွက်ကြစို့…
လိုအပ်တာလေးတွေ ထည့်လိုက်အုံးမယ်…
ခနလေး… ဘတ်လုံးလေး…

●Let Me Be Your Puppy●Where stories live. Discover now