Let Me be Your Puppy_4

6.5K 653 22
                                    

Baek Yeol အိပ်ပျော်နေရာဆီ သွားပြီး နဖူးမှ ဆံပင်တို့ကို သပ်လိုက်ကာ ခပ်ဖွဖွ တချက် အနမ်းလေး ပေးလိုက်လေသည်။..

Baek : ဒါ နောက်ဆုံးနှုတ်ဆက်အနမ်းမဟုတ်ဘူး ဆိုတာ သိထားပါ.. ကိုကို..
ဘတ်လုံး ပြန်လာခဲ့မယ်နော်...

Baek ပြောပြီး လည်ဆွဲလေး ဖြုတ်ချလိုက်လေသည်။.. Baek ရပ်နေရာဆီမှ စူးရှသော အလင်းတန်းတခု ထွက်လာပြီးနောက် လေအနည်းငယ်တချို့ ဝေ့ဝိုက်တိုက်ခတ်လာလေသည်။..
ကောင်းကင်သို့ ပြန်တက်ခါနီး လူသားကောင်လေး တယောက် အိပ်ရာပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော Yeol ကိုလည်ပြန်ကြည့်ရင်း...

Baek pov : စောင့်နေနော်. ကိုကို..

မျက်ရည်စ တချို့ တို့က လွှင့်ခနဲ....

ထို့နောက် အိမ်လေးသည် တိတ်ဆိတ်ခြင်း ပြန်လည်ကြီးစိုးသွားလေသည်။..

ဘတ်လုံးလေး ကိုကို Yeol တယောက်ကတော့ ထိုအဖြစ်တွေကို မသိခဲ့ပါချေ....

@Laurel..

Ji Ji : အမလေး.. သခင်လေး ပြန်ရောက်လာသေးတယ်နော်. ကျွန်တော်မျိုးဖြင့် ခေါင်းကျိန်းနေပြီ ..

Baek : ဟွင့်.. ဘယ်နှစ်ရက် ရှိသေးလို့လဲ။ အJi က သိပ်ပိုတာပါဆို.. ကောင်းကောင်းတောင် မပျော်ရသေးဘူး..

Ji Ji : ဒီမှာကြိုက်သလို ပျော်လို့ရပါတယ်. သခင်လေးရယ်.. Chen သခင်လေး ပြောပြလို့ သိပြီးပြီ. နောက်တခါ မသွားပါနဲ့တော့နော..

Baek : အ့ Chennie စုတ် လျှောက်ပြောပြတယ်. အJi က တဂျီဂျီ ပြောနေတော့မှာပေါ့...

Ji Ji : မကြာခင် သခင်ကြီး ပြန်လာတော့မယ်.. ကျွန်တော်မျိုး ခု ကိစ ကို မပြောပဲ နေမှာမို့ သခင်လေးလဲ လိမ်မာ ပါ..

Baek တယောက်ကတော့ သူ့ပိုင် နှုတ်ခမ်းကိုသာ ဝက်ဖင်ဖြစ်အောင် ထော်တလူး လိုက်လေတော့သည်။...

Byun သခင်ကြီး ကြွလာတယ်...

ပြောလို့မှ မဆုံးသေး.ရောက်လာချေပြီ။...

Yixing : Baek လေး.. appa ပြန်လာပြီ၊..

Baek : အွန်း... papa.. လွမ်းနေတာ. Baek လေး...

Ji Ji : လွမ်းနေတာတဲ့ .. ခုနကမှ ပြန်ရောက်လို့ ဖုတ်ဖက်ခါ ပြီးတာများ..

●Let Me Be Your Puppy●Where stories live. Discover now