Let Me Be Your Puppy_2

7.2K 738 36
                                    

နေခြည် အနည်းငယ် ဖြာကျသော နေ့တနေ့ အစမှာ Yeol နိုးထလာသည်။ အရင်နေ့တွေ ထက်ထူးခြား တာတခုက သူ့ မျက်နှာပေါ်မှ ပူနွေးနွေး အိထွေးထွေး အထိအတွေ့တခု...

မျက်လုံး မဖွင့်ဖြစ်သေးပဲ....

Yeol pov : ဘာလဲဟ. မျက်နှာပေါ်မှာ. ခေါင်းအုံး ဆိုလဲ အေးနေရမှာ ခုက ဘာလို့ နွေးနွေးအိအိလေး ဖြစ်နေရတာပါလိမ့်??

မျက်လုံး ဗြန်ူးခနဲ ဖွင့်ကြည့်လိုက်မှ....

Yeol pov : အောင်မလေးဗျ......

ညတုန်းက ရင်ခွင်ထဲ ထည့်အိပ် မိတဲ့ ပါပီလေးပေါ့.. ကျွန်တော့ မျက်နှာပေါ် သူ့ ကိုယ်နောက်ပိုင်း တင်ကာ နောက်ခြေထောက် ၂ဖက်လေး ကားလို့. ခေါင်းလေးက ကျွန်တော့ခေါင်းအုံး ပေါ် တင်လို့ အိပ်နေတာများ သိုးလို့....

သူ့ ဗိုက်သားနုနု လေးတွေနဲ့ ထိနေတော့ မျက်နှာက နွေးအိနေတာကိုး....
ဖင်လေးကနေ ကိုင်ပြီး မွေ့ရာပေါ်အသာ ပြန်ချပေးလိုက်တော့ ပါပီ နှုတ်သီးရဲရဲ လေးက လှုပ်လာသေး......
ဖင်လေး တချက် ပုတ်သိပ် လိုက်ပြီးမှ မျက်နှာသစ်ဖို့ ရေချိုးခန်းဆီ ထွက်လာခဲ့တော့တယ်။.....
ကုတင်ပေါ်က ပါပီ အိပ်ပုတ်ကတော့ ပြဲကားလို့ ဆက်အိပ်နေလေရဲ့.....

ကျွန်တော် ရုံးသွားဖို့ အဝတ်အစားလဲ နေတုန်း ပါပီပုလေး နိုးလာပြီလေ.......

Baek : အွန်း........

အွန်း ဆိုပြီး အသံရှည်ဆွဲပီး နိုးလာတာကြောင့် ကျွန်တော် မျက်လုံးပြူးသွားမိတယ်။.. ပါပီ ဆီက ထွက်လာတာ လူအသံ ကြီးပါလား.....

ဆက်နားထောင်ကြည့်တော့ ဘာသံမှ ထွက်မလာတော့....

Yeol : စိတ်ထင်လို့ နေမှာပါ......
ကဲ. ပါပီလေး ထတော့.. Hyung အလုပ်သွားတော့မှာ.. မနက်စာ ကျွေးမယိ. လာ.လာ....

Puppy Baek က ထမလာ.....

Yeol pov : သူ့ နာမည် မဟုတ်လို့များလား.... မလာတာ...

Yeol Baek ဆီ သွားပြီး ချီမယ်လုပ်တော့ လည်ပင်းက ဆွဲကြိုးလေးကို မြင်သွားသည်။..

Yeol : B.L? ဆိုတာ သူ့နာမည် များလား..
မင်း နာမည် ဘယ်လို ခေါ်လဲကွ.. B.L လား...

Baek : Baek..Baek.......

Baek ပြောဖို့ ကြိုးစားပြီးမှ အရှိန်သတ် လိုက်ရသည်။. သူ နဲ့ ခုမှ စတွေ့တာ.. ချက်ချင်းကြီး လူလို ပြန်ပြောလိုက်ရင် လန့်သွားလောက်ရဲ့..
မဖြစ်ဘူး.. မဖြစ်ဘူး.... ခုန က အွန်း ဆိုတာတောင် ကြားပြီး မျက်စိပြူးနေတာ..
လူလို သာ ပီပီသသ ပြောလိုက်ရင် ချက်ချင်း ကန်ချ လိမ့်မယ်.....

●Let Me Be Your Puppy●Where stories live. Discover now