Let Me Be Your Puppy_9

8.3K 569 47
                                    


ဒီနေ့ New Year ည.
Yeol တယောက် အလုပ် လက်စသတ်ကာ အိမ်ကို စောစောစီးစီးပြန် လာဖို့ မနက်တည်းက ဘတ်လုံးလေးက အမှာတော် ရှိလိုက်တာမို့ အလုပ်တွေကို အမြန် လက်စသတ်နေရလေသည်…

Kasper : Yeol ရေ… ဒါလေး စစ်ပေး… ပေး.   မင်း ဒါ ဘယ်သွားမလို့လဲ။

Yeol : ဘယ်သွားရမှာလဲ။ အိမ်ပြန်မလို့ပေါ့

Kasper : ဟာ. အိမ်ပြန်တဲ့ အချိန်လား ခုက. အလုပ်တေတောင် မပြီးသေးတာ. ဒီနေ့ new year ညလေ.Shawty လေးတွေ လန်းမှာ. ငါနဲ့ လိုက်ခဲ့။

Yeol : တော်. playboy တေချည်း ဖတ်နေမှ မင်းရောဂါ အတော်ပြင်းနေပြီ။ ကြပ်ကြပ် သတိထား. အိမ်ကို အ့ဒါတွေ သယ်မလာစမ်းနဲ့။ အထင်လွဲတာကို ရှင်းပြရတာ ဖတ်ဖတ်မောတယ်.

Kasper : သား. မင်း အိမ်မှာ ဘယ်သူရောက်နေလို့လဲ။ ဘယ်သူက အထင်လွဲတာတုန်း.

Yeol : ဟမ်. ဟိုလေ. ဟိုဟာ. noona. noona. လာတုန်းက တွေ့သွားလို့ .အ့ဒါ ပြောတာ.

Kasper : ဟုတ်ရဲ့လား. အိမ်မှာတင် စော်ကြည်နေတာလား. ငါ့လည်း လက်တို့အုံး. အဆင်ပြေရင်.

Yeol : တော်စမ်းပါ. ပြန်တော့မယ်.

Kasper : အင်း… … အလုပ်က မန်နေးဂျင်း ဆီက အတည်ပြုပေးဖို့ လာခဲ့တာ ခုသူက အိမ်ပြန်တော့မှာဆိုတော့ အလုပ်ကြိုးစားတဲ့ ကျွန်တော်ကပဲ မန်နေးဂျင်း အိမ်လိုက်ပြီး စစ်ရတော့မှာပေါ့.

Yeol : ဘာလို့ အိမ်လိုက်မှာလဲ။ မလိုက်နဲ့.

Kasper : ရပါတယ်. လိုက်ခဲ့ပါမယ်. အားနာရင် New Year Pary လေး ကျင်းပကြတာပေါ့.

Yeol : ဟာ. ကဲ ပေး ပေး. စစ်ပေးရင် ပြီးရော မလား. အိမ်တော့ မလိုက်နဲ့။ ကျေးဇူးတင်တယ်.

Yeol တယောက် အမြန်ပင် ပါးစပ်ပေါက် ပိတ်လိုက်ရသည်. နို့မို့ ပါပီအပု နဲ့ ရွှေသမင်ပိစိ တို့ အကောင်ဘဝ နဲ့ new year ဘဝ ဖြတ်သန်းနေရအုံးမည်လေ.

စစ်ပေးကာ လက်မှတ်ထိုးပေးပြီးတော့ Kasper တယောက် ပါးစပ်မဟ ခင်ပင် သူ အမြန်ထွက်လာရလေသည်…

@Yeol Home…

Baek : yrr!နှိုက် မစားနဲ့တော့ ဆိုနေ. ကုန်တော့မယ်ဆို…

Lu : ဘတ်လုံး မင်း ဟင်းချက်တာတွေ ပိုတော်လာတယ်. အွန်း… စားလို့ ကောင်းလိုက်တာ…

You've reached the end of published parts.

⏰ Last updated: Jan 01, 2017 ⏰

Add this story to your Library to get notified about new parts!

●Let Me Be Your Puppy●Where stories live. Discover now