Let Me Be Your Puppy-7

5.4K 541 19
                                    


Yeol : ဘတ်လုံးလေး ရေ.ကိုယ်ပြန်လာပြီ။

Yeol တယောက် လက်ဆွဲအိတ်ကို ပစ်ချကာ အိမ်ထဲသို့ ကျီးကန်းတောင်မှောင့်ကြည့် လိုက်ရင်း ဘတ်လုံး ကို ရှာလာခဲ့သည်… အရင်က သူ အိမ်ပြန်လာတာနဲ့ အတင်း ကိုယ်ပေါ် ဖက်ကုတ်တတ်သောပါပီလေးက ခုတော့ အစ အနတောင် မတွေ့ရပဲ ပျောက်ချက်သားကောင်းနေပြန်တော့ Yeol စိုးရိမ်လာသည်.
သူ laurel ကိုများ ပြန်သွား တာလား… 

ခြံထဲ ဆင်းကာ ရှာကြည့်ရင်း ခြံအနောက်ဘက်က ရေကန်အသေးလေး ဆီ ရောက်ရန် ခြေလှမ်း ငါးလှမ်းလောက် အလို လောက်ကျ ရေသံတဗြန်းဗြန်း နဲ့ ကွိကွိ ကွကွ အသံတွေကြောင့် Yeol ဘတ်လုံးလေးများ ဆိုပြီး ခေါ်လိုက်မိသည်…

Yeol : ဘတ်လုံးလေး…
အင့်.

ဖပ်!

Yeol ဆီမှ အသံတို့က ပြောက်တိပြောက်ကြား ထွက်လာလေသည်.
အဘယ်ကြောင့် ဆိုသော ရေကန်ထဲက ရွှံ့တေနဲ့ ရောနှော နေရာမှ ထကာ Yeol ပေါ်ခွတက်လိုက်သော ရွှံ့လူး အာပေတူး ဘတ်လုံးအပု…

Yeol : ဘတ်လုံးလေး ဒီမှာ ဘာလုပ်နေတာလဲ။ ကြည့်စမ်း. ရွှံ့တေလည်း ပေလူးလို့.  ညစ်ပတ်အိုးလေး.

Baek : ငါးလေးတေ သနားလို့ ရေထဲ ပြန်လွှတ်ပေးနေတာ.

Yeol : ဘယ်က ငါးတေလဲ။

Baek : ကိုကို ဧည့်ခန်းထဲက မှန်ပေါင်ကြီး ထဲက ငါးလေးတေလေ. အ့ မှန်ကန်ကြီးက ကြီးပေမဲ့ သဘာဝ ကန်လောက်တော့ သူတို့ ဘယ်ပျော်ပါ့မလဲ။ အ့ကြောင့် လာလွှတ်ပေးနေတာ.
ပြီးတော့ ရေကန်လေးက တိမ်လို့ အောက်က မြေကြီးတေ ထပ်တူး ပလိုက်တယ်.ခုမှ နက်သွားတော့တယ်…

ဘုရား.ဘုရား.
ငါးကန်နဲ့ အလှမွေး ရွှေငါးလေးတေကို သူကရေကန်နဲ့ ထည့်မွေးထလိုက်တယ်. အလှ လေး လုပ်ထားတဲ့ ကန်ကိုပါ ထပ်တူးလိုက်သေးတယ် ဆိုလား.

ခုတော့ ရွှံ့ ရောင်နဲ့ ကန်ရေလေးတေက ညစ်ထေးလို့.

Yeol : အင်း အင်း. လာတော့ . ရေချိုးမယ်

Baek : ခနလေး ကိုကို. ရေတေက ညစ်နေတာကို ကြည်အောင် လုပ်လိုက်အုံးမယ်…

Yeol : တူးပြီးချက်ချင်း  တော့ ရေက ဘယ်ကြည်မလဲ ဘတ်လုံးလေးရဲ့။ နောက်နေ့လောက်မှ ကြည်သွားလိမ့်မယ်.

●Let Me Be Your Puppy●Where stories live. Discover now