Part 13

43.4K 4K 10
                                    

လှေကားထစ်များကို နှစ်ထစ်ကျော်ကာ ရန်နိုင်ဆင်းလာခဲ့သည်။ တစ်အိမ်လုံး ဘယ်သူမှမရှိဘဲ တိတ်ဆိတ်နေသည်။ အပြင်မှာမမှောင်သေးပေမယ့် အလင်းရောင်သိပ်မရှိသော သူတို့အိမ်အောက်ထပ်သည် မှောင်နေပြီဖြစ်သည်။

တစ်ချိန်တုန်းက လှပခန့်ထည်ခဲ့မည်ဖြစ်သော ရန်နိုင်တို့၏ နှစ်ထပ်ပျဉ်ထောင်အိမ်သည် ပြင်ဆင်မှုနည်းခဲ့သောကြောင့် ယိုင်နဲ့နေပြီဖြစ်သည်။ အိမ်ခေါင်မိုးမှအပေါက်များလာတိုင်း မိုးယိုလျှင် ခံမည့်ခွက်များသာတိုးလာခဲ့ပြီး အိမ်မိုးမည့်ပိုက်ဆံကမူ ရှိမလာခဲ့။ ယခုအိမ်သည်ပင်လျှင် ဘိုးဘွားအမွေမို့ သူတို့မိသားစု ဟန်မပျက်နေနိုင်ကြခြင်းဖြစ်သည်။

သံကြေးကိုက်နေပြီဖြစ်သော စက်ဘီးဟောင်းပေါ် ရန်နိုင် တက်လိုက်ကာ မြေနီလမ်းအတိုင်း ချိုင့်ခွက်များကိုရှောင်ကာ စက်ဘီးနင်းလာခဲ့သည်။ ညနေခင်းသည် လှုပ်ရှားသွားလာသူများ၊ လမ်းဘးတိုက်အိမ်ရာများအောက်တွင် ကစားနေသည့် ကလေးများဖြင့် အသက်ဝင်နေသည်။

ကားလမ်းမတစ်လျှောက် တစ်ရှိန်တိုးမောင်းနှင်သွားသည့် ဘက်စ်ကားများ၊ ကိုယ်ပိုင်ကားများကိုရှောင်ကာ အင်းစိန်လမ်းမကြီးတစ်လျှောက် စက်ဘီးနင်းလာခဲ့သည်။ ပူလောင်အိုက်စပ်မှုက လျှော့နည်းမသွားပေမယ့် တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေအေးကြောင့် လိုရာခရီးကိုချွေးမစို့ဘဲ ရောက်လာခဲ့သည်။

ဆက်ပိုင်ညနေကျောင်းဆင်းချိန်တိုင်း အင်းစိန်လမ်းမပေါ်ရှိ အဆင့်မြင့်အအေးနှင့် ကိတ်မုန့်ဆိုင်တစ်ခုတွင် စားပွဲထိုး၊ ဆိုင်သိမ်းသည့်အလုပ်ကို အချိန်ပိုင်းလုပ်နေသည်မှာ နှစ်နှစ်၊ သုံးနှစ်ပင်ရှိတော့မည်ဖြစ်သည်။

တိုက်ခန်းအိမ်ရာတစ်ခု၏ ပထမမြေညီထပ်တွင် ဖွင့်လှစ်ထားသော ကိတ်မုန့်ဆိုင်မှာ လေအေးပေးစက်ကြောင့်အေးမြနေသည်။ သာယာသောအနောက်တိုင်းသီချင်းသံစဉ်တစ်ပုဒ်ကို ခပ်တိုးတိုး ဖွင့်ထားပေးသည်။ အပြင်စားပွဲထိုင် ထိုင်နေသူများပြည့်နေပြီး ဆိုင်တွင်းတွင်မူ စားပွဲလွတ်များရှိနေသေးသည်။ မှန်တံခါးလက်ကိုင်ကို ရန်နိုင်တွန်းဖွင့်ဝင်လိုက်သည်နှင့် စားပွဲနှင့်ကောင်တာကြား အလုပ်များနေသည့် ဆက်ပိုင်ကို ချက်ချင်းလိုလိုတွေ့လိုက်ရသည်။

စည်းWhere stories live. Discover now