Part 16 (Unicode)

47.8K 4.4K 306
                                    

အင်းယားကန်ရေပြင်သည် လေညှင်းကြောင့် လှိုင်းကြက်ခွပ်များနှင့် ပြည့်နှက်နေသည်။ တစ်ချက်တစ်ချက် အရှိန်ပြင်းစွာ တိုက်ခတ်လာသော ကန်လေညှင်းက ဖြောင့်စင်းသောထက်ပိုင်၏ ဆံပင်များကို ထိုးဖွနေသည်။ တစ်ကိုယ်လုံးရေခဲတုံး တစ်တုံးပမာ အေးစက်နေပေမယ့် သူ ထိုင်နေရာမှ မရွေ့။ အချိန်နာရီဆိုတာ သူ့အတွက် မရှိတော့သလို။ ဘယ်အချိန်ကတည်းက သူ ကန်ဘောင်ပေါ်ရောက်နေမိသည်ကို မမှတ်မိတော့။ အခုဘယ်အချိန်ရှိပြီဆိုတာကိုလည်း နားမလည်။

သူ့ ဘဝတွင် ဖျက်၍မပျက်သည့်အမှားတစ်ခု၊ ပြင်၍မရနိုင်တော့သည့် အပြစ်တစ်ခု ကျူးလွန်ခဲ့ပြီဖြစ်သည်။ ဒေါသနေရာမှာ နောင်တများ နေရာဝင်ယူချိန်ကတည်းက သူ ဆောက်တည်ရာမရဖြစ်ခဲ့သည်။ ငြိမ်သက်စွာထိုင်နေပေမယ့် ပူလောင်နေသောရင်ခွင်မှ မီးတောက်မီးခဲများက သူ့တစ်ကိုယ်လုံးကို ၀ါးမြိုနေသည်။

သူ ဘာတွေလုပ်ခဲ့မိတာလဲ။
ပြန်မစဉ်းစားရဲလောက်အောင် တုန်လှုပ်မိသည်။ ဒါပေမယ့် သူ့နှုတ်ခမ်းများထက်မှာ ဆက်ပိုင်၏ နှုတ်ခမ်းသားနွေးနွေးများ ထင်ကျန်နေသေးသည်။ သူ့လက်ဖဝါးများကြားမှာ ဆက်ပိုင်၏ ဖြူစင်သော ကျောပြင်တစ်ခုလုံးရှိနေသေးသည်။ ပြီးတော့မယုံကြည်နိုင်စွာ၊ နာကျင်စွာစူးစိုက်ကြည့်နေသော မျက်လုံးတစ်စုံ။

သူ လုံးဝမရည်ရွယ်ခဲ့ပါ။ ကိုယ်ကိုတိုင်လည်း ဒီလောက်ထိ မိုက်မဲရိုင်းစိုင်းတတ်လိုက်မည်ဟု မထင်ခဲ့။ အဖြစ်မှန်ကို သိချင်စိတ်သာ အစပထမကရှိခဲ့သည်။ ဒါပေမယ့် အရက်နှင့်မနာလိုစိတ်က သူ့ကို ၀ါးမြိုစားသုံးခဲ့သည်။ ဆက်ပိုင်သည် အမြဲတမ်းသူ့အတွက်သာဖြစ်ခဲ့သည်။ ဖြစ်ရမည်ဟုလည်း ရိုင်းစိုင်းသော သူ့နှလုံးသားက ယုံကြည်ခဲ့သည်။ ဆက်ပိုင်ကို ဆုံးရှံူးလိုက်ရသည်ဟူသော အသိတစ်ခုရဲ့နောက်မှာ ထိုဖြူစင်သောသူ့မေတ္တာက အမည်းရောင်သို့ပြောင်းခဲ့သည်။
သူ့ တစ်သက်တာလုံး ထိုလေးလံသော နောင်တဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ဆောင်သွားရတော့မည် ဖြစ်သည်။ ဆက်ပိုင်သူ့ကို ထာဝစဉ်မုန်းတီးအောင် ပြုမူပြီးနောက်မှ သူ ဆက်ပိုင်ကို ဘယ်လောက်နက်နဲစွာ ချစ်နေမိသည်ကို နားလည်ရခြင်းကလည်း သူကျေနပ်စွာ လက်ခံရမည့် ပြစ်ဒဏ်တစ်ခုဖြစ်သည်။

စည်းWhere stories live. Discover now