Part 11 (Unicode)

46.4K 4.3K 673
                                    

ဆေးရုံ အဆောက်အဦးတစ်ခုလုံး ဆေးနံ့၊ ပိုးသတ်ဆေးနံ့များနှင့် ပြည့်နှက်နေသည်။ ရင်းနှီးနေပြီမို့ ဆက်ပိုင်အတွက်တော့ မထူးဆန်းတော့။ ဒီနေ့လည်း မွေးလူနာများနှင့် ဂျူတီချိန်တစ်ချိန်လုံး ပြည့်နှက်နေသည်ဖြစ်၍ ပင်ပန်းနေမိသည်။
ထို့ပြင် ဆေးရုံသို့ရောက်လာသော လူနာများမှာ လူနာစာရင်းဆို၍မရှိ၊ အာလ်ထွာဆောင်းရိုက်ထားခြင်းမရှိ။ ဗိုက်နာမှ တက်သုတ်ရိုက်ကာ ဆေးရုံသို့ရောက်လာခြင်းများဖြစ်သည်။ နွမ်းပါးသူများမို့ သူ အဆိုးမမြင်ပါ။ တစ်နေ့စာ ဝမ်းစာရရန်ပင် ပင်ပင်ပန်းပန်း ကြိုးစားနေရသူများအတွက်တော့ လစဉ် ဆေးစစ်ဖို့၊ ကိုယ်ဝန်အပ်ဖို့ မတတ်နိုင်တာ သဘာဝပဲဖြစ်သည်။ တစ်ချို့ကျတော့လည်း ချို့တဲ့၍တော့မဟုတ်။ အချိန်တန်လျှင် မွေးလိမ့်မည်။ အဘွားတို့ အမေတို့အားလုံးဒီလိုပဲ မွေးလာကြတာပဲဟု ခပ်ပေါ့ပေါ့သဘောထားကာ ကိုယ်ဝန်အပ်ရမည်ကို အပိုအလုပ်တစ်ခုလို သဘောထားကြပြန်သည်။

သူတို့ဆရာဝန်များအတွက်တော့ အင်မတန်ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ မွေးကာနီးမှ ရောက်လာသော လူနာကို စမ်းသပ်ပြီး ကလေးအနေအထားအတွက် ကိုယ့်လက်ကို ကိုယ်ယုံကြည်နိုင်မှဖြစ်သည်။ သွေးအမျိုးအစားလောက်ကိုသာ အပြေးစစ်ပြီး မွေးပေးရပြန်သည်။ သွေးအမျိုးအစားကိုသိရဖို့က မိနစ်ပိုင်းလောက်သာ အချိန်လိုသည်မို့သာ တော်တော့သည်။ ဒါကတော့ အဆင်အပြေဆုံးပြီးသွားသည့် မွေးလူနာတွေအတွက်ပါ။

အရေးပေါ် မွေးလူနာမျိုးနှင့် ကြုံရလျှင်တော့ သူတို့အားလုံး ငရဲခန်းရောက်သည်လား ထင်ရသည်။ ကိုယ်ဝန်ဆိပ်တက်တာမျိုးဆိုလျှင်တော့ အရေးပေါ်ခွဲမွေးမှဖြစ်မည်။ ဒါကိုပင် သွေးအမျိုးအစားတောင် မသိသည့် လူနာမျိုးနှင့် ကြုံရလျှင် သူတို့အားလုံး ပျာယာခတ်ရသည်ပင်။ ဓါတ်ခွဲခန်းသို့ လူနာစောင့်ကို အကြိမ်ကြမ်လွှတ်၊ ကိုယ်တိုင်လည်း ဖုန်းအကြိမ်ကြိမ်ဆက်ကာ လောရသော အဖြစ်အပျက်များမှာလည်း ခဏခဏမို့ သိပ်ပြီးတော့ မထူးဆန်းတော့။ တစ်ခါတစ်ရံကျတော့လည်း လူနာက အိမ်မှာပင်မွေးကာ သွေးသွန်ပြီးမှ ဆေးရုံရောက်လာတတ်ပြန်သည်။ အလုပ်သင်ဆရာဝန်ဘဝတွင် ယခု သူတာဝန်ကျသည့်နေရာဖြစ်သည့် သားဖွားမီးယပ်သည် အပင်ပန်းဆုံးဖြစ်မည်ထင်သည်။ သုံးလဆိုသည့်အချိန်သည် ဘယ်လိုကုန်လို့ ကုန်သွားမှန်းပင် သူ သေချာမသိလိုက်။

စည်းWhere stories live. Discover now