Part (1)

3.6K 187 5
                                    

[Unicode]

Min Yoongi ဆိုုသည်မှာ ဘွဲ့ရ ကျောင်းပြီးခါစ ကုုန်ပဏီကြီး တစ်ခုုမှာ အလုုပ်စဝင်လုုပ်နေတာ မကြာသေးတဲ့ ၀န်ထမ်းလေး တစ်ယောက်... သူဟာ ခပ်ချေချေ နေတတ်လွန်းတဲ့အတွက် အပေါင်းအသင်းနည်းတယ်... ဒါပေမယ့် သူ့ရဲ့ စတိုုင်လ်ဟာ ရုုံးမှာဆိုု ထင်းနေရော... ရုုပ်ရည်မှာ အချောကြီး မဟုုတ်သော်လည်း swagger တစ်ယောက် ဖြစ်တယ်...

သူနဲ့ ပေါင်းတဲ့ သူ... သူ့ကိုု စကားလာပြောတဲ့သူက ခပ်ရှားရှားရယ်... လူတွေက သူ့ဆို ရှိန်ကြတယ်... သူကလည်း ဘယ်သူ့ကိုုမှ စကားသွားမပြောဘူး... တစ်ယောက်တည်းပဲ နေတတ်တယ်...

Yoongi ရုုံးမှာ ပေါင်းတာဆိုလို့ Jimin ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် ကောင်လေး တစ်ယောက်တော့ ရှိတယ်... ဒါတောင် သူတို့နှစ်ယောက် အလုပ်စားပွဲက ကပ်လျက် မို့လို့...

ယောက်ျားလေးတို့ သဘာဝ သူ ရုံးမှာ သတိထားမိနေတဲ့ ကောင်မလေး နှစ်ယောက် ရှိတယ်...

တစ်ယောက်က Sojin... ရုုံးမှာ ကောင်လေးတိုုင်းရဲ့ ၀ိုုင်းကြိုက်တာခံရပြီး ကောင်မလေးတိုုင်းရဲ့ အမြင်ကတ်တာခံရတဲ့ မိန်ခလေးတစ်ယောက်... သူမဟာ ချစ်စရာကောင်းသော်လည်း အိုုဗာတင်းလွန်းတာကြောင့် ကောင်မလေးတိုုင်း အမြင်ကတ်ရတာ...

သူမဟာ မိန်းခလေး အရမ်းဆန်လွန်းပြီး ကောင်လေးတွေ အကြိုက် ချွဲလွန်း နွဲ့လွန်းလှတယ်... တခါတခါ ခလေးသူငယ် တစ်ယောက်လိုု နုုံအအလုုပ်တတ်ပြီး အသံဆာဆာနှင့် နားပူနားဆာ တိုုက်တတ်ပြန်ရော...

နောက်တစ်ယောက်က Haneul... သူမက ခပ်အေးအေး ခပ်ချေချေပဲ... ပြောရရင် Yoongi ရဲ့ မိန်းမ ဗားရှင်း ပေါ့နော်... သူမဟာ ဘယ်သူ့မှ ဂရုုမစိုုက်ပဲ ပေါတောတော နေတတ်လွန်းတယ်... မိန်းကလေးဆိုုသော်လည်း မိန်းမ မကျ ယောကျာ်း မကျပုုံမျိုးနဲ့ swag နေပြန်ရော... အနေအထိုုင် ပိပိရိရိ မရှိချေ...

သူမဟာ Sojin နဲ့ ဆန့်ကျင်ဘက်ပင်... သူမကိုု ကောင်လေးများက သရဲတကောင်လိုု သဘောထားကြပုုံရတယ်... ရှိတယ်လိုု့ပင် မထင်... သိုု့သော် ကောင်မလေးများကမူ သူမကိုု ခင်ကျတယ်... သူမပုုံစံကိုု သဘောကျ ကြတယ်...

The First Dance [Completed]Where stories live. Discover now