Part (5)

1K 112 5
                                    

[Unicode]

တစ်နေ့ ShinAh နဲ့ Haneul တို့ နှစ်ယောက် Hoseok အကြောင်း ပြောဖြစ်ကြတယ်...

ShinAh: "ဟဲ့ သိလား... ဟိုနေ့က Hoseok က ငါ့ကို ရုပ်ရှင် အတူတူ သွားကြည့်ဖို့ ခေါ်နေတယ်... အဲ့ဒါ ငါ ဘယ်လို ပြန်ပြောရမလဲ?"

Haneul: "မိန်းမရယ်... စွံချက်!!! Jungkook က dinner ခေါ်လိုက်... Hoseok က ရုပ်ရှင်ကြည့်ဖို့ ခေါ်လိုက်နဲ့... နင်လည်း တော်တော် ရွေးရခက်နေ ဦးမယ်... လောဘတွေ ကြီးပြီး... ဟွန့်..."

ShinAh: "ငါတကယ်က ဘယ်သူ့ကြိုက်လဲ နင်သိပါတယ်... ဒါပေမယ့် Jungkook ကိုပဲ စောင့်နေလို့ကတော့ အပျိုကြီး ဖြစ်မှာပဲ..."

Haneul: "အဲ့တော့ conclusion က Hoseok နဲ့ ရုပ်ရှင်သွားကြည့်မယ်ပေါ့..."

ShinAh: "အင်း... သွားရင် ကောင်းမလားလို့... ဒါပေမယ့် ငါသူ့ကို စိတ်မဝင်စားပဲ သွားရင် မျှော်လင့်ချက်တွေပေးရာ ကျနေမလား?"

Haneul: "ဒါပေါ့ဟ... နင် သူ့ကို လက်မခံနိုင်ပဲ date သွားသလို ဖြစ်နေမှာပေါ့... ငြင်းလိုက်ပါလား?"

ShinAh: "မငြင်းရက်ဘူး... အားနာတယ်..."

Haneul: "ဒါဆို date လည်းမဖြစ်အောင် ငြင်းစရာလည်း မလိုတော့အောင် single သူငယ်ချင်း တစ်ယောက်ယောက် ခေါ်သွားလေ... နင်သူနဲ့လည်း မိတ်ဆက် ပေးလို့ရတာပေါ့..."

ShinAh: " အေးအေး... အဲ့အကြံ မဆိုးဘူး... အိုခေ!! အဲ့လို လုပ်လိုက်မယ်..."

ဒီလိုနဲ့ပဲ ShinAh တစ်ယောက် သူ့သူငယ်ချင်း ကောင်မလေး တစ်ယောက်ကိုခေါ်ပြီး Hoseok နဲ့ ရုပ်ရှင်သွားကြည့်ကြတယ်...

ဒါပေမယ့် ထင်ထားသလို အဆင်မပြေဘူး... သူခေါ်လာတဲ့ ကောင်မလေးကို Hoseok က နည်းနည်းလေးမှ စိတ်မဝင်စားဘူး...

ဖြစ်ချင်တော့ သူတို့သုံးယောက် ရုပ်ရှင် ကြည့်အပြီး ညစာစားဖို့ အသွားမှာ Jungkook နဲ့ သွားတွေ့တယ်... Jungkook က သူ့ သူငယ်ချင်းတွေနဲ့ သူ hangout လုပ်နေတာ...

တော်သေးတာပေါ့... Hoseok နဲ့ ShinAh နှစ်ယောက်တည်း မဟုတ်လို့.... နောက်ထပ် မိန်းခလေး တစ်ယောက်ပါလာလို့ပဲ... အခုအချိန် ShinAh တစ်ယောက် သူငယ်ချင်း ခေါ်သွားဖို့ အကြံပေးတဲ့ Haneul ကို ကျေးဇူးတင် နေမိတော့တယ်...

The First Dance [Completed]Where stories live. Discover now