Part (6)

1K 118 9
                                    

[Unicode]

ဒီနေ့ဟာ တစ်နှစ်မှ တစ်ခါ ကျင်းပတဲ့ ရုံးက ညစာစားပွဲနေ့ D&D (dinner and dance) နေ့ပေါ့... ဒီနှစ်ကတခြားနှစ်တွေထက် ပိုစည်မယ်လို့ သတင်းရထားတယ်... hotel က ballroom တစ်ခုငှားထားပြီးgame တွေ music တွေ dance တွေ အစုံအလင်နဲ့ပေါ့...

ဒီနေ့လူတိုင်း နေ့တဝက်ဆို ရုံဆင်းမှာ ညဖက် D&D လာဖို့ လှလှပပ ပြင်ကြဆင်ကြရမယ် မဟုတ်လား... Haneul တို့ကြတော့ ဒီနေ့ ရုံးလာစရာကို မလိုတာ...

Haneul တို့ဆိုတာ မန်ဘာ ခုနှစ်ယောက် ပါဝင်တဲ့အက အဖွဲ့... Haneul ရယ် ShinAh ရယ် နောက်ထပ် ကောင်မလေး Minji ရယ် ဆိုပြီး မိန်းကလေးသုံးယောက်ပါတယ်...

ယောကျာ်းလေး လေးယောက်က ကျတော့ Jimin ရယ် Hoseok ရယ် Jungkook ရယ် Taehyung ရယ်ပေါ့... သူတို့ ခုနှစ်ယောက်က ဒီနေ့ည D&D မှာကပြဖျော်ဖြေဖို့ အတွက် final rehearsal အက တိုက်ရမယ့်အတွက် ရုံးလာစရာ မလိုတာ...

Haneul စိတ်တော့ပူတယ်... Yoongi ဒီနေ့ည လာပါ့မလားလို့ပေါ့... ဘာလို့လဲဆိုတော့ တစ်ယောက်တည်း နေသမားတော်တော်များများက ဒီနေ့ပွဲကို မလာကြတာများတယ်... သူမက Yoongi ကိုု အလုုပ်မှာ မဟုုတ်ပဲ အပြင်မှာ တွေ့ချင်တာဆိုုတော့ ဒီနေ့ပွဲမှာ သူ့ကိုု တွေ့ရဖိုု့ မေ ျှာ်လင့်ထားတာပေါ့...

သူမ ဒီနေ့ မပြင်စဖူး အပြင်ထူးလိုု့ အရမ်းမိန်းခလေး ဆန်နေတယ်... သူငယ်ချင်း ShinAh ရဲ့ ကျေးဇူးတွေလေ... ShinAh ရော Haneul ရော final အကကိုု စင်ပေါ်မှာ လေ့ကျင့်ဖိုု့ D&D ballroom ထဲလည်းဝင်ရော သူတိုု့အဖွဲ့ထဲက လူတွေအကုုန်လုုံး ၀ိုုးတွေ ၀ါးတွေ ဖြစ်ကုုန်ရော...

နှစ်ယောက်လုုံး ပုုံမှန် အလုုပ်လာတဲ့ ပုုံနဲ့ မတူပဲ ထူးခြားနေကြတာကိုုး... သူမတိုု့ သူငယ်ချင်း နှစ်ယောက်ကိုု Cinderella နဲ့ Snow White တဲ့... Haneul က ဂါ၀န်ကားကားလေးနဲ့မိုု့ ပြီးတော့ အရင်ပုုံနဲ့ လုံးဝတခြားစီ ဖြစ်သွားတဲ့အတွက် Cinderella တဲ့... ShinAh ကကျတော့ ဆံပင်အတိုု ဂုုတ်ဝဲလေးနဲ့မိုု့ သူမကိုုကျ snow white တဲ့... လိုုက်လည်း လိုုက်ဖက်ပါပေတယ်...

Taehyung ဆိုု Haneul ကိုု "အရင်က ဒီလောက် ချောမှန်း လှမှန်း မသိခဲ့ဘူး" ဆိုုပြီး လိုုက်လုုိက်စနေတာ... " နောက်ဆိုု အမြဲ ဒီလိုုမျိုးလေးတွေ ရုုံးကိုု ၀တ်လာခဲ့" ဆို အတင်းလိုုက်ပြောနေတယ်... Haneul တစ်ယောက် ပျော်လည်းပျော် ရှက်လည်းရှက်နေပြီလေ...

The First Dance [Completed]Where stories live. Discover now