Part (8)

990 111 8
                                    

[Unicode]

Yoongi Haneul အနားကိုု ပန်းကန်လေး ကိုုင်ပြီး ရောက်သွားတယ်...

Yoongi: "Haneul-shi..."

Haneul လှည့်ကြည့်တယ်... (ဟင်... သူဒီနေ့ ငါ့နာမည်ကိုု ခေါ်ပြန်ပြီ...) သူမအံ့သြသွားရပြန်တယ်လေ...

Yoongi: "ဗိုုက်ဆာနေရောပေါ့... ကျနော် စားစရာ ယူလာတယ်... စားလိုုက်ပါဦး..."

ပြောရင်း သူမရှေ့ကိုု ပန်းကန် ချပေးလိုုက်တယ်...

Haneul: " အော... gomawoyo... ဟုုတ်တယ်... ဗိုုက်အရမ်းဆာနေတာနဲ့ အတော်ပဲ... jinja gomawo..."

Yoongi တောင် ထွက်မသွားသေးဘူး သူမက ပန်းကန်ယူပြီး စကြိတ်နေပြီ... အစားအသောက်က အဓိက မဟုုတ်လား... ကိုုယ့် crush ရှေ့မှာ ရောက်နေတာ မရောက်နေတာက နောက်မှ... ဗိုုက်ပြည့်ဖိုု့ အရေးကြီးတယ်လေ...

Yoongi က သူမရှေ့က ထိုုင်ခုုံကိုု ဆွဲယူပြီး သူမနဲ့ မျက်နှာချင်းဆိုုင်မှာ ၀င်ထိုုင်လိုုက်တယ်... သူမက စားနေရင်းနဲ့ ကြောင်သွားပြီး မော့ကြည့်တယ်... (ဘာလိုု့ သူက အခန်းထဲ မဝင်ပဲ ငါ့ရှေ့မှာ လာထိုုင်နေရတာလဲ မသိဘူး...) သူမ တွေးမိတယ်...

Yoongi: "ကျနော် ဒီမှာ ခဏထိုုင်လိုု့ ရတယ် မလား?"

သူ့ဘာသူ ၀င်ထိုုင်တုုန်းက ထိုုင်လိုုက်ပြီးမှ အခုု သူမမျက်နှာ ကြောင်တောင်တောင်လေး မြင်တော့ မေးလိုုက်တယ်...

Haneul: "nae nae... ထိုုင်လိုု့ ရတာပေါ့..."

သူမ စားရင်းသောက်ရင်း တန်းလန်းနဲ့ ပလုုတ်ပလောင်း ပြန်ဖြေရရှာတယ်... (ရိုုမန်းတစ် မဆန်လိုုက်တာနော်...) သူမတွေးပြီး ရှက်တောင် ရှက်သွားတယ်...

Yoongi: "ဟောခန်းထဲမှာ နည်းနည်း ဆူညံပြီး မွန်းကြပ်နေလိုု့..."

သူမ ဘာမှ ပြန်မပြောနိုုင်ဘူး ခေါင်းပဲ ငြိမ့်ပြလိုုက်တယ်... (ဒါဆိုုလည်း တခြားနေရာ သွားနေလေ... ဘာလိုု့ ငါ့ရှေ့ လာနေရတာလဲ? ကောင်းကောင်း စားလို့ မရတော့ဘူး ဒီမှာ...) သူမတွေးမိတယ်...

The First Dance [Completed]Where stories live. Discover now