Part (9)

964 111 4
                                    

[Unicode]

ဒီလိုုနဲ့ ကပွဲပြီးဆုုံးသွားခဲ့တယ်... အိမ်ပြန်ချိန် ရောက်ပြီ... တချို့လူတွေကတော့ အနီးအနားက bar တိုု့ club တိုု့သွားပြီး ဆက်ပြီး celebrate လုုပ်ဖိုု့ ရှိတယ်... တချို့တွေကတော့ အိမ်တန်းပြန်ကြမှာပေါ့...

Yoongi ပြန်ဖိုု့ စားပွဲကထတော့ သူတိုု့ ၀ိုုင်းကိုု Hoseok ရောက်လာတယ်... Hoseok က Haneul, ShinAh, Jungkook နဲ့ Taehyung ကိုု လာခေါ်တာ... သူတိုု့ ဒီနားက Bar မှာ သွားသောက်မလိုု့တဲ့... လူစုုတာပေါ့...

(ဘာတွေလဲဟ... ဒီအချိန်ရှိနေပြီ အိမ်မပြန်ကြသေးပဲ... ShinAh ဆိုုတဲ့ တစ်ယောက်ကတော့ သေချာတယ် သွားသောက်မှာ... ခုုဏကတောင် သူများခွက်တွေပါ လိုုက်ဆွဲသောက်နေတာ... ဒါဆိုု ဟိုုကလေးမကရော လိုုက်သွားမှာလား???)Yoongi က Haneul ကို လိုုက်မသွား စေချင်ဘူး...

Haneul က အမှန်တော့ မြန်မြန် အိမ်ပြန်ချင်နေပြီ... ဒီအရွယ် ရောက်နေတာတောင် အိမ်ကိုု မပိုုင်တဲ့အတွက် night out လုုပ်လိုု့ မရ... သူမရဲ့ overly protective ဖြစ်တဲ့ အစ်ကိုု SeokJin ကိုု ကြောက်ရတယ်လေ...

Haneul: "နင်တိုု့ သွားရင် သွားကြလေ... ငါမလိုုက်တော့ဘူး..."

သူမဆီက အဲ့စကား ကြားရမှပဲ Yoongi စိတ်သက်သာရာ ရတော့တယ်... ဒါနဲ့ သူ Jimin နဲ့ အတူ ဟောခန်းထဲက ထွက်လာခဲ့ လိုုက်တယ်...

ShinAh: " အေး ဟုုတ်သားပဲ... နင် အိမ်စောစော ပြန်ရမှာ... "

Haneul: "အင်း... ငါ့ oppa ဆူမှာ ကြောက်ရတယ်..."

ShinAh က Haneul ကို ခေါင်းငြိမ့်ပြပြီး Hoseok တိုု့ဘက်လှည့်ခါ...

ShinAh: "အပြင်မှာ ၁၀မိနစ်လောက် နေရင် ပြန်ဆုုံကြမယ်လေ..."

ပြောပြီးတော့ Haneul နဲ့ အတူ အိမ်သာကိုု ထွက်လာခဲ့တယ်... ShinAh သောက်ထားတာ များနေပြီကိုုး... အဲ့ဒါကိုု ထပ်သွားသောက်ဦးမယ်... Haneul တော့ ဒီ ShinAh တစ်ယောက် ကိုု နားမလည်နိုုင်တော့ဘူး...

Haneul က အိမ်ပြန်ရမယ့် အတူတူတော့ Yoongi နဲ့ အတူတူ ပြန်ချင်တယ်လေ... ဘာပဲဖြစ်ဖြစ် ရထားတော့ အတူတူ စီးလိုု့ ရတယ် မဟုတ်လား... အခုုတော့ သူမတွေ့လိုုက်တယ်... Yoongi က Jimin နဲ့ သူမတိုု့ စကားပြောနေတုုန်းတင် ထွက်သွားပြီ... သေချာတယ်... မမှီတော့ဘူး...

The First Dance [Completed]Where stories live. Discover now