Part (2)

1.4K 139 9
                                    

[Unicode]

ဒီနေ့ သူတို့ရုံးထဲမှာပဲ အပြင်စာ မှာ စားကြတယ်... Pantry area က စားပွဲအသီးသီးမှာ Haneul အပါအဝင် အကုန် နေရာယူပြီး သွားကြပြီ... Yoongi တစ်ယောက်ပဲ နောက်ကျမှ ရောက်လာတယ်...

သူလာတော့ စားပွဲက ပြည့်နေပြီ... တစ်ခုံပဲ လွတ်တယ်... အဲ့ဒါက Sojin ဘေး... Haneul အဲ့ဒါတွေ့တယ်... သူမ သူ့ကို Sojin ဘေးမထိုင်စေချင်ဘူး... ကိုယ် crush နေတဲ့ ကောင်လေးကို ဘယ်သူက ကောင်မလေး ချောချောဘေး ထိုင်စေချင်မှာလဲ...

Yoongi က Sojin နား ရောက်သွားပြီ... ဒါပေမယ့် တခြားနေရာတွေများ ကျန်သေးလားလို့ လျှောက်ကြည့်ရင်းနဲ့ Haneul သူ့ကို လှမ်းကြည့်နေတာကို တွေ့သွားတယ်...

Haneul လည်း Yoongi သူမ သူ့ကို ကြည့်နေတာ မြင်သွားတာကြောင့် ရှက်ရှက်နဲ့ ခေါင်းချက်ချင်း ငုံ့လိုက်ပြီးရှေ့မှာရှိတဲ့ အစားအသောက်ကိုပဲ ကုန်းစားနေလိုက်တော့တယ်...

ခဏနေတော့ Haneul တစ်ယောက် Yoongi ဘက်ဆီပြန်လှမ်းကြည့်တာ Sojin ဘေးမှာသူ့ကို မတွေ့ပဲ Yoongi ရဲ့ ဘော်ဒါ Jimin ကို သွားတွေ့တယ်... Yoongi ကကျတော့ ခုဏက Jimin ထိုင်ခဲ့တဲ့ နေရာမှာထိုင်ပြီး စားနေတယ်... သူမကိုကျောပေးထားတယ်...

ဘယ်လိုကနေ ဘယ်လို အဲ့နေရာ ရောက်သွားလဲဆိုတာတော့ သူမ ဘယ်တော့မှ သိမှာ မဟုတ်ဘူး...

အမှန်က Yoongi တစ်ယောက် Haneul သူ့ကို ကြည့်နေတာ မြင်တော့ ထိုင်စရာ နေရာ မရှိတောင်Haneul အထင်လွဲမှာ စိုးလို့ Sojin ဘေးမှာ မထိုင်ချင်ဘူး... ဒါနဲ့ Jimin နဲ့နေရာလဲ လိုက်တာ... Jimin ကတော့ ကြောင်သွားပေမယ့် Sojin ဘေးမှာထိုင်ရတော့ ပျော်နေတယ်လေ...

အဲ့မှာတင် Yoongi သူ့ကိုယ်သူ နားလည်သွားတာ သူကြိုက်နေတာ Sojin မဟုတ်ပဲ Haneul ဖြစ်နေတယ်ဆိုတာကိုပဲ...

~~~~~~~~~~

Yoongi က Haneul ကို ကြိုက်သာ ကြိုက်တယ် သူမကို သူသဘောသိပ်ကျ လှတာ မဟုတ်ဘူး... သူမဟာ ဘယ်တော့မှ ပြင်ပြင်ဆင်ဆင် နေတယ်ဆိုတာ မရှိဘူး...

ကြည့်လိုက်ရင် တီရှပ်နဲ့ ဂျင်းစ်နဲ့ပဲ... တခါတလေအနွေးထည် ပွပွကြီး ထပ်ဝတ်ထားမယ်... ရုံးမှာ နေပုံ ထိုင်ပုံကို ကြည့်လိုက်မယ် ဆိုရင်လည်း ကောင်းကောင်း ထိုင်တာ ရှားတယ်... အမြဲ ပျင်းရိပျင်းရွဲ... ထိုင်ခုံထဲကို ပုဝင်လို့ရယ်... လျောလျောကြီး ထိုင်တာကိုး...

The First Dance [Completed]Onde as histórias ganham vida. Descobre agora