Part (4)

1.1K 127 2
                                    

[Unicode]

Yoongi ဆိုတဲ့ အချေမျိုးဟာ တခြားသူကို လမ်းမှာတွေ့ရင် စပြီး နှုတ်ဆက်ဖို့ မပြောနဲ့ သူ စိတ်ဝင်စားနေတဲ့ Haneul ကိုတောင် တွေ့ရင် စပြီး နှုတ်ဆက်တဲ့ ကောင် မဟုတ်ဘူး...

မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ရင် အမြဲ Haneul ကပဲ စပြီး နှုတ်ဆက်ရတယ်... Haneul သာ အချေ မလျော့ရင် သူတို့ နှစ်ကောင် ဘာစကားတစ်ခွန်းမှ ပြောဖြစ်ကြဖို့ လမ်းမမြင်...

တစ်ခါတစ်လေကျ မြင်မြင်နေရတဲ့ Yoongi ရဲ့ သူများနဲ့ မတူတဲ့ သူမအပေါ် ကြည့်တဲ့ အကြည့်တွေကြောင့် Haneul တစ်ယောက် ရင်ခုန်စွာ မျှော်လင့်ချက် ရောင်ခြည်သန်း ရသလို... တစ်ခါတစ်ခါကျ သူမ ပြုံးပြ နှုတ်ဆက်ရင်တောင် ပြုံးပြ ချင်သလိုလို မပြုံးပြချင်သလိုလို လုပ်နေတဲ့ ဒင်းကြောင့် စိတ်ဓာတ်တွေ ထိုးကျ ရပြန်တယ်...

Haneul ရဲ့ အမြင်မှာ Yoongi ဟာ သူမ ရဲ့ နှလုံးသားကို ပဟေဋ္ဌိပေါင်း များစွာနဲ့ လှည့်စား ဆော့ကစား နိုင်လွန်းသူပါ...

Yoongi ဘက်က ကြည့်ရင်ကျ Haneul သူ့ကို စိတ်ဝင်စားနေလား မဝင်စားဘူးလား ဆိုတာ သူ မပြောတတ်ဘူး... သူမ သူ့ကို နှုတ်ဆက်လာတိုင်း သူ့မှာ တုန်တုန်ရီရီတွေ ဖြစ်လို့ရယ်...

သူ့တစ်ယောက်တည်းကိုပဲ ခုလို ဖော်ဖော်ရွေရွေ နှုတ်ဆက်တာ ဟုတ်မဟုတ် သူ သိချင်စိတ်နဲ့ သတိထား ကြည့်မိတယ်... သူတွေ့ရှိရတာက သူမနဲ့ ရွယ်တူ မတိမ်းမယိမ်းတွေ ကြားတော့ ဟုတ်ပါတယ် သူမဟာ သူ့ကိုပဲ ဖော်ဖော်ရွေရွေ စပြီး နှုတ်ဆက် တတ်တာပါ...

ဒါပေမယ့် ဒါဟာ ဘာအဓိပ္ပါယ်ကိုမှ မသက်ရောက်စေဘူးလို့ သူထင်ပြန်တယ်... အော်... ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် signal တွေ လွဲမြဲလွဲနေလေရဲ့...

~~~~~~~~~~

သူမအပေါ် သူ့ခံစားချက်တွေနဲ့ ပတ်သက်လို့ ယုံကြည်မှု ရှိလာစေတဲ့ တွန်းအားတစ်ခုဟာ အဖြစ်အပျက်လေး တစ်ခုကြားကနေ ဖြစ်ပေါ်လာခဲ့တယ်...

တစ်နေ့ Haneul တစ်ယောက် print out ထုတ်စရာ ရှိလို့ printer ဆီသွားတာ တိုက်တိုက်ဆိုင်ဆိုင် Yoongi ကလည်း printer ဆီ အလာနဲ့ သွားတိုးတယ်... Yoongi က သူမကို အရင်သုံးဆို ပေးလိုက်ပြီး သူက သူမဘေးမှာ ရပ်စောင့်နေတယ်...

The First Dance [Completed]Where stories live. Discover now