Part (10) - Final

1.5K 147 15
                                    

[Unicode]

1) The Friend-zoned Couple

ပွဲပြီးသွားတော့ Jimin တစ်ယောက် Sojin နဲ့ အိမ်နီးတဲ့ အတွက် အတူတူ ပြန်ချင်လို့ စောင့်နေတယ်... သူတို့ အိမ်က ဝေးတဲ့ အတွက် ဒီအချိန် taxi နဲ့ ပြန်မှပဲ ရောက်မှာ...

သူမထွက်လာတော့ သူဝမ်းနည်းစွာ တွေ့ရှိရတာက သူမအနားမှာ ကိုယ်ပိုင်ကားနဲ့ အိမ်ပြန် လိုက်ပို့ပေးမယ့် ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေတယ် ဆိုတာပဲ...

ဒါနဲ့ Jimin လည်း စိတ်ညစ်ညစ်နဲ့ ထွက်လာခဲ့လိုက်တယ်... လမ်းမကိုထွက်ပြီး စိတ်မပါ တပါနဲ့ taxi ငှားနေပြီ...

သူ အံ့သြသွားရတာက Sojin တစ်ယောက် သူ့ကို မမြင်ပဲ သူ့ရှေ့ကနေ ဖြတ်ပြီး taxi ဝင်ငှားနေတာကိုပဲ... (ဒါဆို Sojin ဟို ကောင်လေးတွေနဲ့ မလိုက်သွားဘူးပေါ့??!!) သူမျက်နှာလေး ပြုံးသွားတယ်...

သူအတွေးကမ္ဘာထဲ ရောက်နေတုန်း သူမကတော့ သူ့ရှေ့မှာတင် taxi ရသွားပြီ... သူမ ကားထဲဝင်ပြီး ထိုင်လိုက်တော့မှ သူမကို ကြောင်ကြည့်ရင်း ရပ်နေတဲ့ Jimin ကို လှမ်းတွေ့တယ်...

ဒါနဲ့ taxi ahjushi ကို ကား ခဏ ရပ်ခိုင်းထားပြီး သူမ တံခါး ပြန်ဖွင့်လိုက်တယ်...

Sojin: "Jimin-shi အိမ်ပြန် မလို့လား?!"

Jimin: "Ahhh... nae~"

Sojin: "ဒါဆိုလာလေ... အိမ်ချင်းနီးတာပဲ အတူတူ ပြန်တာပေါ့..."

(omo... ငါနဲ့ သူနဲ့ တစ်ရပ်ကွက်ထဲမှန်း သူလည်း သိတယ်လား?!!) Jimin အံ့သြနေရပြီ...

Sojin: "Jimin-shi?!"

Jimin: "ahhh... Sojin-shi အဆင်ပြေပါ့မလား?"

Sojin: " ပြေတာပေါ့... လာပါ... ဒီအချိန် ကားငှားရ ခက်တယ်လေ..."

Jimin: "ဒါဆို gomawoyo..."

ဒါနဲ့ Jimin ကားထဲ ဝင်ထိုင်လိုက်တယ်... ဘယ်သွားမယ်ဆိုတာ Taxi ahjushi ကို ပြောပြီးနောက် Sojin ရုတ်တရက် Jimin နားတိုုးလာတယ်... Jimin ရင်တွေဘာတွေ ခုန်သွားတော့တာပေါ့... အမှန်က သူမ taxi ahjushi မကြားအောင် တိုးတိုးလေး နားနားကပ်ပြီး စကား ပြောမလို့ပါ...

The First Dance [Completed]Where stories live. Discover now