အပိုင်း ၃

134K 11.7K 113
                                    

UNICODE

--------------------------------------------------------------------------------------------------------------------------------

CHAN'S POV:

မုန့်စားကျောင်းတက်ခေါင်းလောင်းထိုးသည်နှင့် အိပ်နေရာကနေ ငေါက်ငနဲထထွက်သွားသော လောရှည်ကောင်။
ဖယ်ပေး ဘာညာလည်း မပြောဘူး။ ကျွန်တော်တို့နှစ်ယောက် ကုလားထိုင်နောက်ဘက်ကနေ မရမကကို
ထွက်သွားတာ။ ငါကွာ... နောက်နေ့ ထွက်မရအောင်ပိတ်ထိုင်ထားပစ်ဦးမယ်။အသီးသီးထမင်းချိုင့်ဖွင့်စားနေပြီဆို
လက်ဗလာနဲ့ လောရှည်ကောင်သည် အတန်းထဲက ထထွက်သွားမြဲ။ ကျောင်းပြောင်းလာတာပဲတစ်လကျော်ပြီ။
ဒီကောင်ဘယ်သူနဲ့မှ စကားမပြောဘူး။
"ချန်း...သူကသနားတော့ သနားစရာပဲ။ ထမင်းချိုင့်လည်း မပါရှာဘူးထင်တယ်"
ထမင်းခပ်စားရင်း မျက်နှာငယ်နဲ့ပြောလာသော ကောင်းဆက်စံကို တစ်ချက်ကြည့်လိုက်တော့...
"ငါပြောချင်တာက..." ဟူ၍အူလည်လည်လုပ်ပစ်လိုက်တယ်။ သူသိတယ်။ ကျွန်တော်ဒီကောင့်ကိုနည်းနည်းလေး
မှကြည့်မရတာကို။ ဘာကောင်မှန်းမသိ။ လပတ်စာမေးပွဲမှာလည်း ဘာသာစုံကျတယ်လေ။
သိသိချင်း ကျွန်တော်ဝမ်းသာတာဆိုတာ။ (အေ)ခန်းနေပြီးဘာသာစုံကျရင် နောက်ခန်းရောက်ဖို့ သေချာပြီလေ။
သို့ပေမယ့်... ထင်သလိုမဟုတ်ခဲ့ဘူး။ အတန်းပိုင်ဆရာမ ကိုယ်တိုင်က သူ့ပခုံးကိုတောင် ခပ်ဖွဖွပုတ်ပေးနေပြီး
တိုးတိုးတိတ်တိတ်နဲ့ ဘာတွေပြောနေမှန်းမသိ။ သကောင့်သားကတော့ မျက်နှာသေနဲ့ ဆရာမရှေ့သူ့ခါးရှည်ကြီး
ကိုင်းပြီး ပေတေရပ်နေတယ်။
"ငါလေ အဲ့လောရှည်ကောင်ကို ဘယ်လိုမှ ကြည့်မရတာ။ အတန်းထဲလည်း ဘိတ်ချီး။ နောက်ဆုံးခန်းကကောင်
တွေတောင် သူ့လို ဘာသာစုံမကျဘူး။"
"သူက ကျောင်းနှစ်ဝက်လောက်မှာမှ ရောက်လာတာကိုး ချန်းရ။ နယ်ကလာတာဆိုတော့ ငါတို့ကျောင်း
အထာလည်း မနပ်သေးလို့နေမှာပါ"
"မင်းက အဲ့ကောင်ကို သနားနေတာလား။ ဒါဆိုလာလေ ငါနဲ့နေရာလဲမယ်။ မင်းအလယ်လာထိုင်"
"အဲ့...အဲ့လိုမဟုတ်ပါဘူး"
ကောင်းဆက်စံဆိုတာက မာသာ ထရီဇာဝင်စားလာလေသလားပဲ။ လူတိုင်းကို သနားနေတော့တာပါပဲ။
ကျွန်တော်က မသနားတတ်တာတော့ မဟုတ်ပါဘူး။ ငှက်ကလေးကြောင်ကလေး အကောင်ပလောင်
သေးသေးလေးတွေကအစ ကျွန်တော်ချစ်တတ်တယ်။ သနားတတ်တယ်။
ဒီလောရှည်ကောင်ကိုက သနားစရာတစ်ကွက်မှ မရှိတာ။ ဒါပေမဲ့...ဘုရားက မမုန်းစေချင်ဘူးနဲ့ တူရဲ့။
သူ့ကို ကောင်းဆက်စံလိုမခင်ချင်ပေမဲ့ သူ့အပေါ်အမြင်တွေ ပြောင်းစေခဲ့တယ်။ အဲ့နေ့က ခါတိုင်းလို
ထမင်းစားဆင်း ဘဲလ်မြည်သည်နှင့် ထထွက်သွားသော သူ့ကျောပြင်ကို ကောင်းဆက်စံတစ်ယောက်လိုက်ငေးရင်း
"ချန်း...ငါတို့ ပရဆေးပင်တွေ သွားမှတ်ထားရအောင်"
မနက်ဖြန် ကျောင်းစစ်ဆေးရေးလာမှာ ကျွန်တော်တို့၂ယောက်က ပရဆေးပင်တွေအကြောင်းလိုက်ရှင်းပြပေး
ဖို့ ဆရာမ တာဝန်ပေးထားတာ။ ကောင်းဆက်စံပြောမှ သတိရသွားသည်။
"အေးအေး။ ခုသွားကြည့်ရအောင်။"
"ထမင်း...ထမင်းမစားတော့ဘူးလားချန်းရ"
"ထမင်းက အရေးကြီးလား။ သမိုင်းဆရာမအချိန် ငါတို့စာဆိုရအုံးမှာ။ ခုအားနေတုန်း သွားကြည့်ထားမှ"
ကျွန်တော်က အဲ့လိုပဲ...ခုဆို ခုမှကြိုက်တာ။ ဒီလိုတွေကြောင့်ထင်တယ်။ ကျွန်တော့်ကိုဆို
ဘယ်သူ့မှသိပ်မပေါင်းကြ။
မူကြိုတည်းကပေါင်းလာတဲ့ ကောင်းဆက်စံတစ်ယောက်သာ ခုထိစွဲမြဲနေတာ။ သူနဲ့ကလည်း စရိုက်ချင်း
သိပ်မတူပေမဲ့ နေပုံထိုင်ပုံကတော့ မထူးခြားနား။ အတန်းထဲက မျောက်လောင်းတွေက ကျွန်တော်တို့
နှစ်ယောက်ကို အခြောက်ကလေးတွေဆိုပြီး ကွယ်ရာမှာ ပြောနေတာကို ပြန်ကြားတယ် ။ နေပါစေ။
ကိုယ်တိုင် ကြားတဲ့နေ့ အဲ့ကောင်တွေ သေမယ့်နေ့ပဲ။ သူများသားသမီးအခြောက်ဆိုပြီး ပြောနေတဲ့
သူတို့ကိုယ်တိုင်က ကွယ်ရာမှာ မိန်းမလိုမိန်းမရနဲ့ သူများအကြောင်းအတင်းပြောနေတာ။ ဟက်ခနဲတောင် ကျွန်
တော်မရယ်ချင်ဘူး။

EX-pectTempat cerita menjadi hidup. Temukan sekarang