Epi-29

101K 10.2K 397
                                    

ပြေးထွက်ခဲ့တဲ့နေ့ ငပိုင်ကျတော့်နောက်ကမလိုက်
လာတာကို ကျေးဇူးတင်ရမည်။
ဒါပေမယ့် နောက်နေ့နံနက်တွင် သူစာသွားမသင်
ခင် ကျတော့်ကိုဝင်ခေါ်ကာ လဖက်ရည်ဆိုင်ထိုင်
ဖြစ်သည်။ထွေထွေထူးထူးဘာမှမပြောဖြစ်။
မနေ့ကညနေကဘာမှမဖြစ်ခဲ့ကြသလို...လက်ဖက်ရည်သောက်လိုက်  စကားပြောလိုက်
နဲ့...ရောင်နီဦးစာလိုက်နိုင်သည့်အကြောင်း
ကျတော်မှတ်ထားသည့် Noteစာအုပ်တွေ
သူ့ကိုပေးဖို့လည်းပြော၏။
ငပိုင်သည် ဟန်ဆောင်ကောင်းနေတာမဟုတ်
မနေ့က အဖြစ်အပျက်က သူ့အတွက်သာမန်
ဖြစ်ရိုးဖြစ်စဉ် ကိစ္စလိုဖြစ်နေတာ...
သူ့မိဘတွေရဲ့ ငွေကြေးအရှုပ်အရှင်းရန်ဖြစ်သံ
တွေက သူမကြာမကြာ တွေ့ဆုံကြုံဖူးနေကျ။
ကျတော်မျက်ရည်ကျတာလဲ သူမြင်ဖူးနေကျ
မြင်ကွင်းတစ်ခု ကျတော့်ကိုမျက်ရည်သုတ်ပေး
ပြီး ဒါငိုစရာ မဟုတ်ဘူး ဆိုတဲ့ သူပြောနေကျ
စကားအတိုင်း ကျတော်ရှိနေလို့ သူရန်ကုန်မှာ
နေတယ် ဆိုပြီးပြောခဲ့တာလဲ...မှန်နေတာပဲ
ထွက်ပြေးခဲ့တဲ့ ကျတော်ကပဲ ပုံမှန်မဟုတ်တာ
ခုလည်း ငပိုင်က ပုံမှန်ပြောဆိုဆက်ဆံပြောဆို
နေပေမယ့် အရင်လို ပေါ့ပါးမနေ။

""တချန်း ညနေ ငါလာခေါ်မယ်။ငါ့ကို
internet cafeတစ်ခုလောက်ခေါ်သွားပြီး
သုံးနည်းသင်ပေးပါလား"

"မင်း မသုံးတတ်သေးဘူးလား?"

"အင်းငါဘုန်းကြီးကျောင်းမှာပဲနေခဲ့တာကိုးကွ
ငါ့ကို သင်ပေးမယ်မလား?သင်တန်း
တက်တုန်းက အဲ့ဒါတွေသင်ပေးတယ်မလား"

"အေး သင်ပေးမယ်။မင်း အားတဲ့ချိန်လာခေါ်
လိုက်"

"ok ဒါဆို ငါ ရောင်နီ့ဆီသွားလိုက်အုံးမယ်။
မင်းဘာသာမင်း ပြန်လို့ရတယ်မလား?"

"အေး။ညနေ ငါ့အိမ်လာခဲ့လိုက်"

"သွားပြီ တချန်း"

ကျောင်းတုန်းကလွယ်သည့် ကျောပိုးအိတ်ပျော့
လေးပဲလွယ်နေသေးသော ငပိုင်။
လက်မှ G-shockကိုကြည့်ပြီး ဖြည်းဖြည်းချင်း ကျောခိုင်းထွက်သွားသောငပိုင့် ကျောပိုးအိတ်ကို ကြည့်ရင်း သက်ပြင်းချမိသည်။
ပလာဇာကို သွားအုံးမှာပဲ~~နှင်းနုကိုပါခေါ်သွား
ရမယ်။မိန်းကလေးဆိုတော့ ဈေးဆစ်တာတွေ
ဘာတွေလုပ်တတ်မှာ...
-
-
-
ညနေ စက်ဘီးBellသံကလောင်ကလင်နဲ့
ငပိုင်လာခေါ်သည်။

EX-pectWhere stories live. Discover now