Life

107K 7.9K 438
                                    

Wardထဲကထွက်သည်နှင့် Duty coatထဲ
မှ ဖုန်းက တစ်ချက်တုန်သွားသည်။

Mpt,Telenorကများ massageပို့လေ
သလား ဆိုပြီး မကြည့်ဖို့ထားရင်းမှ ချန်းများ
ဖြစ်နေမလား ဖွင့်ကြည့်တော့...

"ပိုင်...ဒီည ဝိုင်သောက်ရအောင်" တဲ့။

ဝိုင်ခွက် ပုံ လေးတွေတောင် ပါသေး။

"အသဲ ထမင်းသွားစားရအောင်"

ဘယ်တုန်းတည်းက အနားရောက်လာမှန်းမသိ
အနောက်က ပုခုံးလှမ်းဖက်ပြီး မြူးတူးနေသော
နန္ဒ။

Messageကို Home keyနဲ့ ထွက်တာ
တောင် မမှီတော့...

"ငါ့တူက မနေ့ညကမှ သွားတယ်။ မင်းတို့က...
ဒီည ..."

ဆက်ပြောလိုက်မရအောင် ဒီကောင့်ဗိုက်ကို တစ်
ချက်ထိုးလိုက်မှ တဟဲဟဲရယ်နေသည်။

"မစားတော့ဘူး...သွားနှင့်တော့..."

"ဟာ..."

နန္ဒကို မျက်နှာတွေပူပေမယ့် ပုခုံးတစ်ချက်ပုတ်
ကာအဆောင်နောက်ကို ပြန်လျှောက်လာရသည်။ မနက်စာ စားတုန်းကတော့ မပြောဘူး ချန်းရယ်။

သားကို မနေ့ညနေက သူ့အဘွား မားက ရန်ကုန်
ကို အလည်ခေါ်သွားပြီ။ နောက်ပြီး မြေးအဘွား
နှစ်ယောက်က ရှမ်းပြည်ကို အလည်ခရီးထွက်ကြ
အုံးမှာ။ သားဆိုတာကလည်း မူကြိုရက်ရှည်ပိတ်
သည်နှင့် အဘွားလုပ်သူကို ဖုန်းဆက်ခေါ်တော့
တာပဲ။ အသက်ကသာ ၅နှစ်မပြည့်သေးဘူး။
ခရီးက ကျတော်တို့ထက်ပင် ထွက်သေးသည်။
ဦးလေးထွက်တဲ့ ခရီးတိုင်းလည်း သူပါ လိုက်တတ်သေး၏။
နန္ဒဆိုတာကလည်း သူ့ကိုယ်သူSingle Father လိုလို ဒီဇိုင်းနဲ့ ကျတော်တို့သားကို တံတိုင်း အဖြစ် အသုံးချသေးရဲ့။
အမေဖြစ်သူ လာလည်ရင်လည်း အမေဖြစ်သူနဲ့ လိုက်တာပဲ။
ကျတော်တို့နဲ့ တစ်နှစ်လုံးအတူတူနေရတာက
သူ့အတွက် ပျင်းရှာမှာပဲလေ။ ပြင်ဦးလွင်တစ်ဝိုက်
ကလွဲပြီး ဘယ်မှလိုက်မပို့နိုင်တာ။ လိုက်ပို့နိုင်တဲ့
လူတွေ နောက်ထည့်ပေးရတာပဲ။ ပြီးတော့...
သားကဘယ်သူနဲ့မဆို အဆင်ပြေအောင် နေတတ်တယ်။

Detoxသောက်ပြီး အူလမ်းကြောင်းတစ်
လျှောက်ရှင်းထားလိုက်သည်။ ဘာပဲဖြစ်ဖြစ်
ချန်း အတွက် ပြင်ဆင်ပေးထားတာ ပိုကောင်း
မယ်။ သွက်လက်တက်ကြွလျက်အအိပ်ဆက်သော
၎နှစ်အရွယ်သားတစ်ယောက်အဖေတွေဖြစ်တဲ့
ကျတော်တို့သည် သားရှိနေတဲ့ ကာလ
တွေဆို လူပျိုတွေလိုပဲ။
အရာရာစူးစမ်းတတ်လျက် မေးခွန်းတွေ အဆက်
မပြတ်မေးတတ်သော အရွယ်ဖြစ်နေပြီမို့ သား
ရှေ့တွင် အမူအရာပါမက အပြောအဆိုတွေပါ
သတိထားကြရသည်။

EX-pectWhere stories live. Discover now