Epi-19

103K 10.3K 172
                                    

"ချမ်းငြိမ်းအောင်နော်"
"မဟုတ်ဘူး ချန်းပါ နသတ်နဲ့"

တမင်ကတ်သတ်နေတာမဟုတ်။ ချမ်းငြိမ်းအောင်လို့ နာမည်ကင်ပွန်းတပ် တဲ့နေ့မှာပင် ပုခက်ပေါ်က ပြုတ်ကျသည့်အရှိန်ကြောင့် ခုလို အမြင်အာရုံချို့တဲ့ခဲ့ ရရှာတာ။ ဒီနောက်ပိုင်း...သူ့အတွက် ချန်း ဆိုသည့် နာမတစ်ခုသည် ထိုသို့သော အန္တရာယ်မျိုး နောက်ထပ်မတွေ့နိုင် အောင်ကာကွယ်ပေးနိုင်သည်သော မား ယုံကြည်မှု အပေါ် ကျွန်တော်အလေးထားပေး သင့်သည်။

ဆေးပိုက်တစ်ချို့ ချန်းအရေပြားကို ဖောက်ထွင်းထည့်သွင်းပြီးချိန်တွင် မား ရောက်ခဲ့သည်။

"သား!!"
မျက်တောင်ရှည်တို့ကို ဖြည်းဖြည်းချင်း ဖွင့်လှစ်ကာ မားကို မော့ကြည့်စပ်... မျက်ရည်စီးကြောင်း တစ်ခုသည်လည်း ပါးပြင်ပေါ်ခုန်ဆင်းချလာသည်။

"သား...တောင်းပန်ပါတယ်~~"

"မင်းဘာမှားလို့တောင်းပန်ရမှာလဲ တချန်း"

နေမကောင်းဖြစ်နေသူကို ကျွန်တော်အော်ငေါက်မိသွားသည်အထိ သူ့ကို မွေးသမိခင် ပင်တစ်မျိုး တမည်မထင်စေချင်။ သူ မမှားတဲ့ အမှားတစ်ခုအတွက် မွေးထားသော အမေကိုတောင် မတောင်းပန်စေချင်။ သိနေပြီးသားအမှန်တရားသည် သူ့တောင်းပန်မှု ကြောင့် လမ်းလွဲသွားမည်ကို ကျွန်တော် သေမတတ်ကြောက်တယ်။

"ဟုတ်တယ်။ ဘာတောင်းပန်စရာလိုလဲသားရယ်။ နေကောင်းအောင်သာနေသိလား။ ဒီပုလင်းကုန်ရင် မားတို့ အိမ်ပြန်ကြမယ်နော်။ မငိုနဲ့တော့ အိပ်။ ခဏအိပ်လိုက်..."

နှဖူးပေါ်မှ ဆံပင်ပျော့ပျော့များကို သပ်တင်ပေးတော့ ချန်း ထပ်ကာငိုသည်။
သုတ်ပေးခွင့်မရှိတော့သော မျက်ရည်တွေကို ငေးရင်း...ဖြစ်တည်နေမှုကိုနာကျည်းစွာ မျက်နှာလွှဲမိသည်။ ကြိတ်ဖိထားရသော နှုတ်ခမ်းအတွင်းသားတွေထဲမှ ငန်ကျိကျိ အရသာရနေပြီ။ "ဘာဖြစ်နေတာလဲ တချန်း။ ဒီလောက်အပူကြီးနေတာကို မလုပ်လို့ ရမလား"
ဆေးခန်းတွင် မနေချင်ဘူးဆိုကာ ငြင်းဆန်ဂျီကျနေ၍ အိမ်ပြန်ရောက်တော့ လည်းအပူပေါ်အပူဆင့်ပင်။

အဖျားကြီးနေသော သူ့ကို ဆရာဝန်မှာကြားချက်အရ ရေပတ်တိုက်ခိုင်းလိုက် သည်တွင် မားရှိရင် သူရှက်နေမည်စိုး၍ မားက အပြင်ထွက်နေပေး၏။ ကျွန်တော်လုပ် ပေးမယ်ဆိုတော့လည်း အင်္ကျီတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ငြင်းဆန် နေပြန်၏။
"မင်း ဘာဖြစ်နေတာလဲ တချန်း။ ဒီလောက်ပူခြစ်နေတာကို..." သူ့အင်္ကျီကိုဆွဲကာ ကြယ်သီးတွေဖြုတ်နေသော ကျွန်တော့်လက်အား လက်သည်းတို့ဖြင့်ကုတ်ခြစ်ရင်း ပေကာကတ်နေ၏။
"ချန်းငြိမ်းအောင်!!"
ကျွန်တော်အော်တော့ အိမ်ရှေ့မှာနေ နေသော မားသည် လိုက်ကာကြားမှနေ၍ သူမလုပ်ချင်ရင် မလုပ်ပေးနဲ့တော့ ဟူသော သဘောနဲ့ လက်ကာပြသည်။ မရဘူး။ ဒီအချိန် သူ့ခံစားနေရတာ တွေပျောက်သွားဖို့က အဓိကပဲ။ သူ့အလိုလိုက်ပေးနေဖို့ တော့ Sorryပဲ

EX-pectWhere stories live. Discover now