Epi-38

135K 10.5K 1.9K
                                    

နုဖူးပြင်​​ပေါ်ဖိအုပ်​လာ​သော လက်​ဖဝါး​နွေး​နွေး
အိပ်​မက်​လိုလိုတကယ်​လိုလိုနဲ့။
နည်းနည်းရှည်နေပြီဖြစ်သော​ရှေ့ကဆံပင်
တွေကို သပ်​တင်​​ပေးနေတာလား??
ဘယ်​အချိန်​ရှိ​နေပြီလဲ ​တွေး​နေစဉ်​ "တချန်း"
ဟူ​သော ​ခေါ်သံတိုးတိုး။
မထချင်​​သေး။ဖွင့်​လို့ရ​သေးသည့်​မျက်​လုံး​တွေအရ
ဖြစ်​နိုင်​တာ၂ခုတည်း။

ဒါကျတော်ပုံမှန်အိပ်ရာထချိန်မဟုတ်သေးတာနဲ့
နောက်တစ်ခုက အိပ်ရေးဝဝမအိပ်ရသေးတာ

"တချန်း ခဏထ။အစာစား ဆေးသောက်ပြီးပြန်
အိပ်ချင်အိပ်"

ဆေးသောက်ရအောင် ကျတော်ဘာဖြစ်နေလို့လဲ
လူက မျက်လုံးမဖွင့်ချင်သေးတာကလွဲရင် အကုန်
အကောင်း...အဲ အကောင်းကြီးတော့မဟုတ်ဘူး

နည်းနည်းအနေအထားရွှေ့လိုက်သည်နှင့်နာကျင်
မှုတစ်ခုက မျက်လုံးမဖွင့်နိုင်သေးခင်မှာပင် ရှုတ်မဲ့သွားစေသည်။

"အရမ်းနာနေလား??ရာသီဥတုကလည်း အေး
နေတော့ ပိုနာမှာဆိုးရတယ်"

သေမလိုပဲ!ဒီကောင်ဘာဖြစ်နေတာလဲ?
ဒေါသထွက်လာတာနဲ့ ဖွင့်မရတဲ့မျက်လုံးပါတစ်
ခါတည်းautoပွင့်တယ်။

ကျတော်မော့ကြည့်တော့...

"ဟင်...ဘယ်လိုနေလဲအခု။ညတည်းက အဝတ်ပြန်ဝတ်ပေးရင်းကြည့်ပေးမလို့ပဲ။မင်းအိပ်ပျော်သွားတာနဲ့..."

"ပိုင်သုတ!!!"

ကြားကောင်းပုံရနေသည်။စိတ်တိုတိုနဲ့ ကုတင်ကို
ထုတော့လည်း လှမ်းတားသေး၏။

"အဲ...အရမ်းမလှုပ်နဲ့။အတွင်းနံရံတွေပွန်းနေနိုင်
လို့ နာ..."

"လာအုံး...မင်း ဒီနားတိုးအုံး။လာခဲ့"

ဆိုင်ပေါက်ဝမှာထားတဲ့လာဘ်ခေါ်ကြောင်ရုပ်လို လက်တစ်ဖက်လှုပ်ခါခေါ်လို့အနားတိုးမိပါသည်။

"အာ့"

မထင်ရတာ။အဲ့လောက်ထိအားကျန်သေးမယ်
လို့။ထိုးလိုက်သော လက်သီးတစ်ချက်က လက်
မောင်းတစ်ဖက်ကို အောင့်တက်သွားရုံသာမက
အီစိမ့်သွားတာ။အရိုးထဲက အားထွက်ကောင်းနေ
တုန်း။

EX-pectWhere stories live. Discover now