ပုံပြင်​မမည်​​ခဲ့သောပုံပြင်​များ

25.5K 954 47
                                    


••••••••••••••••••••••••••••••••••••••••••••
တခါတရံမှမကတာ
မျှော်လင့်တကြီးမက်ခဲ့ရတဲ့အိမ်မက်တွေဟာ
ပိုင်ရှင်ရဲ့အသိအမှတ်ပြုခြင်းကို
တခုတ်တရစောင့်ဆိုင်းလို့
တကယ်ဆို လိုတာထက်ပိုနေတဲ့
ဂရုစိုက်မှုတွေမှာ
အချစ်ဆိုတဲ့အကြောင်းပြချက်သာမပါခဲ့ရင်
နှစ်ပေါင်းများစွာရူးသွပ်မိမှာမဟုတ်ဘူး
ခပ်ဖွဖွဆုပ်ကိုင်ထားခဲ့တဲ့လက်ဖ၀ါးတွေရဲ့
နွေးထွေးမှုဟာ ကိုယ်ဘယ်တော့မှ
မငြင်းဆန်နိုင်တော့မယ့်
ထောင်ချောက်တစ်ခုမှန်းမထင်ရက်ခဲ့
တောက်ပရွှန်းလဲ့တဲ့မျက်ဝန်းအစုံရဲ့ ရီဝေေ၀အကြည့်တွေကို
ကိုယ်ထင်သလိုဘာသာပြန်လွဲခဲ့တယ်လို့
ပြောရအောင်လဲ
သူပြောသမျှ သူ့နှလုံးသားဆိုင်ရာ
ပညတ်ချက်တိုင်းမှာ
ကိုယ့်နာမည်ကခေါင်းစဉ်ဖြစ်နေခဲ့ပြန်ရော

မှားတယ်...........
တကယ်ဆိုနှစ်ယောက်လုံးမှားခဲ့ကြတယ်
မူမမှန်တဲ့အချစ်ရဲ့စတင်မှုကို
ရင်ခုန်ေ၀၀ါးစွာနဲ့မတားခဲ့မိတာကအစ
Idolတွေရဲ့ကိုယ့်အသက်ရှုသံ
ကိုယ်မပိုင်ဆိုင်နိုင်တော့တဲ
ဖြစ်တည်မှုတွေရဲ့အဆုံး
ကိုယ်တို့နှစ်ယောက်ဟာ
နက်နက်နဲနဲမှားခဲ့ကြတယ်

ဘယ်သူကိုမှယုံကြည်​ပါလို့
မတောင်းဆိုချင်ပါဘူး

နီးစပ်လွန်းလို့ရင်ခုန်မိတာ
ဘယ်မိန်းကလေးနဲ့မှမထိတွေ့ဘူးလို့
အချစ်ကိုအဓိပ္ပါယ်ကောက်လွဲတာလို့
သတ်မှတ်ချက်တွေကိုတော့
မျက်နှာငယ်ငယ်နဲ့ပဲငြင်းပယ်ပါရစေ

သူ့ကိုလေ သူမို့လို့ကိုပဲ
ရင်နဲ့တဆုံးချစ်မြတ်နိုးရတာပါ
သူဖြစ်နေတာမို့သာပဲ ကိုယ့်ရဲ့ခံစားချက်တိုင်းအသက်ဝင်နေခဲ့တာပါ

ယောကျာ်းရယ်၊ မိန်းမရယ်
မခွဲခြားထားပါဘူးဆိုတဲ့
အချစ်ကြီးသူတွေရဲ့ပြောစကားတွေ
တိုးမပေါက်တဲ့
လူ့ပတ်ဝန်းကျင်ကြီးမှာ
မွန်းကြပ်စွာရှင်သန်ရင်းပဲ

ကျွန်တော်ဆိုတဲ့ Oh Sehun ကလေ
ကျွန်တော်နဲ့အရာရာတူညီတဲ့
ယောကျာ်းတစ်ယောက်ဆိုတဲ့
ခေါင်းစဉ်အောက်က Xiao Luhan ကို
ရင်တွေကွဲမတတ်ချစ်ခဲ့တယ်ဆိုတာ

အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလုံးထိုသူပိုင်​၏......Where stories live. Discover now