ချစ်​ခြင်းတိမ်​စိုင်​လွှာ

4.1K 435 20
                                    

ဒီနေ့နဲ့ဆိုရင်ကျွန်တော့ကလေးလေး
အိပ်​​ပျော်​​နေတာ နှစ်လတိတိ

အခုချိန်အထိ
အပြင်မှာပွက်လောတွေရိုက်နေတုန်း
မီဒီယာတွေ ဂယက်ထနေတာ
ကြားလို့တောင်မကောင်းဘူးဆိုပဲ

မင်္ဂလာပွဲကနေရုတ်တရက်ထွက်ပြေးသွားတဲ့ Luhan
အပန်းဖြေခရီးထွက်နေပါတယ်လို့
ကြေညာထားရတဲ့ EXO ရဲ့Maknae

Hunhan HC တွေကတော့
အခုချိန်ဆိုခုန်နေကြတော့မှာ
ကျွန်တော်တို့နှစ်ယောက်ထွက်ပြေးသွားကြပြီလို့ သူတို့ထင်နေမှာ

ကိုရီးယားရဲ့ဘယ်သူမှမထင်ထားတဲ့တစ်နေရာမှာကျွန်တော်တို့ရှိနေမယ်လို့
သူတို့တွေးမိမှာမဟုတ်ဘူး

အဝေးကြီးကိုပဲ လိုက်ရှာကြတယ်
နီးနီးလေးမှာ ပုန်းနေသူကိုသူတို့
ဘယ်သူမှမတွေ့ကြဘူး

သူတို့ထင်နေကြသလို
ကိုယ်သတ္တိရှိခဲ့ပါပြီကလေးရယ်
ကလေးလက်ကိုဆွဲပြီး
လောကကြီးအပြင်ကိုထွက်ဖို့လဲ ကိုယ်ဝံ့ရဲပါပြီ

တစ်ကမ္ဘာလုံးကိုလဲ
ကလေးကိုချစ်ကြောင်းကိုယ်ကြေညာရဲပါပြီ

ဘယ်သူတွေလျစ်လျူရှုရှု
ကလေးအနားမှာပဲတွယ်ကပ်ပြီး
ကလေးမျက်နှာကိုငေးကြည့်ရင်းပဲ
အသက်ဆက်ရှင်ဖို့
ကိုယ်ပြင်ဆင်ထားပြီးပါပြီ

ဒီလောက်ဆို ကလေးနိုးသင့်နေပြီမဟုတ်လား
ဆရာဝန်ပြောတာတော့
ကလေးကတစ်လလောက်ပဲ
အဲ့ဒီ့ဆေးတွေကိုသုံးခဲ့တာမို့

ဦးနှောက်အစိတ်အပိုင်းတွေ
အများကြီးမပျက်စီးသေးဘူး
ပြန်မနိုးလာရသေးတာကလဲ
စိတ်ထိခိုက်ခံစားရလွန်းတာမို့
နှလုံးကိုထိခိုက်သွားတယ်
စိတ်ကိုလဲလုံးဝလျှော့ထားတာမို့
အခုထက်ထိသတိမရသေးတာပါတဲ့
ဦး​နှောက်​​သေတဲ့အထိမဖြစ်​​သေးဘူးဆို​ပေမယ့်
အာရုံကြောကိုထိခိုက်နိုင်တာမို့
တစ်ခုခုကိုတော့မျှော်လင့်ထားပါတဲ့

အင်း.................. ဘာမဆိုရတယ်

တစ်သက်လုံးလက်လွှတ်ဆုံးရှုံးလိုက်ရပြီလို့
ထင်ထားတဲ့ကလေးလေးကို
နှလုံးခုန်ရက်သားပြန်ရတာနဲ့တင်
ဘုရားသခင်ရဲ့ကျေးဇူးတော်ကို
အကြိမ်ကြိမ်အခါခါအောက်မေ့မိပါရဲ့

အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလုံးထိုသူပိုင်​၏......Where stories live. Discover now