ကြေမွဒိုင်ယာရီ

4.3K 450 54
                                    

ချစ်တယ်ဆိုတဲ့ ရိုးရိုးရှင်းရှင်းခံစားချက်လေး
တစ်ခုမှာသာရပ်တန့်ထားနိုင်ခဲ့ရင်
ဒီနေ့လို နှလုံးသားများစွာ
ပျက်စီးကြေမွရမှာမဟုတ်
ချစ်တာကအစပြုလို့
အတူနေထိုင်ခွင့်ရချင်လာသည်
ထိုမှတဆင့်တက်လို့ မူပိုင်အဖြစ်ပိုင်ဆိုင်ခွင့်
လောဘများအတောမသတ်
တက်ခဲ့မိသောရလဒ်အဖြစ်
လက်ရှိပစ္စုပ္ပန်များသည်
ချိုမြိန်ခြင်းကင်းမဲ့
အခါးချည်းသက်သက်သာဖြစ်ခဲ့ရ၏......
နောင်နှစ်များစွာကြာသောအနာဂါတ်တွင်လဲ
ပြန်တွေးလိုက်တိုင်း
ဆွေးမြည့်နာကျင်ရစေမည့်
အတိတ်တစ်ခုအဖြစ် ကျန်နေရစ်ခဲ့အောင်
ဇာတ်သိမ်းခဲ့မိ​လေရဲ့ .........
..........................
ချစ်သူ၏ရင်ခွင်သည် နွေးထွေးလုံခြုံပေစွ

ထားခဲ့တော့မည်ဟုဆုံးဖြတ်ချက်ချလိုက်သော
နေ့ကတည်းကစ
မူမမှန်တော့သော အိပ်စက်ခြင်းများသည်
ချစ်ရပါသောကလေး၏
လက်မောင်းများပေါ်တွင်
သူမဟုတ်ခဲ့သလို ၀ံ့ဝံ့ကြွားကြွားနေရာယူ၏
မျက်လုံးများမပွင့်ခင်ကပင် ရနှင့်ပြီးသော
ကလေးရဲ့ကိုယ်သင်းရနံ့တချို့ကို
အိမ်မက်လား တကယ့်အဖြစ်အပျက်လား
ပြန်လည်ဆန်းစစ်နေမိခိုက်

" Xiao Lu ထတော့
နေ့ခင်းတောင်ရောက်တော့မယ်
မနက်စာထစားလိုက်ဦးနော်"

ဆိုသောကလေးရဲ့အသံကိုကြားပါမှ
အမှန်တကယ်ဆိုတာကိုလက်ခံမိရတော့သည်
သို့ပေမယ့် ကျွန်တော်မျက်လုံးတွေကိုမဖွင့်ချင်
ထိုရင်ခွင်မှ မခွာချင်

အခုလိုအိပ်စက်ခြင်းမျိုးဟာ
နောက်ဆုံးအကြိမ်ပဲ

အခုလို နိုးထခြင်းမျိုးဟာ
ဘယ်တော့မှပြန်မရနိုင်တော့

အတွေးနဲ့တင်စိုစွတ်ချင်လာသော
မျက်ဝန်းအိမ်ကို
ကာကွယ်တားဆီးသည့်အနေဖြင့်
ပခုံးများကြား မျက်နှာကိုတိုးသထက်တိုးမိတော့
ကလေးကခပ်တိုးတိုးရယ်မောလေသည်

" ကြောင်ပေါက်လေးလားကွာ
တိုးနေတာပဲ တစ်ညလုံးလဲတိုးဝှေ့ပြီးအိပ်တယ်
အခုနိုးတော့လဲ ဝှေ့နေတုန်း
Aigoo Xiao Lu မှာသာ ဂျိုပါရင်
ကျွန်တော်တော့အသက်မရှိတော့လောက်ဘူး"

အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလုံးထိုသူပိုင်​၏......Where stories live. Discover now