လွတ်မြောက်ခြင်း သို့မဟုတ် ချုပ်နှောင်ခြင်း

4.3K 438 51
                                    

အဲ့ဒီလိုချန်ထားရစ်ခဲ့မယ်လို့
တစ်ခါမှမမျှော်လင့်ထားမိတော့
ကျွန်တော်ဖြေသိမ့်လို့မရဘူးဖြစ်နေတယ် lu

အိပ်ယာကနိုးလာတိုင်း
အဲ့ဒါဟာအိမ်မက်ဆိုးတစ်ခုဖြစ်ပါစေလို့
ဆုတောင်းနေပေမယ့်
ကျွန်တော့ဆုတောင်းတွေကမပြည့်လာဘူး
ဘာလို့များ ကျွန်တော့ကို
ဒီလိုလုပ်ရက်တာလဲ
အဆုံးထိတိုင်မလျှောက်နိုင်ဘူးဆိုရင်
အစကတည်းက
အဲ့ဒီ့လက်တွေကမ်းမပေးခဲ့သင့်ဘူး lu

ကျွန်တော်ခင်ဗျားအပေါ်
ဘယ်လောက်အစွဲအလမ်းကြီးတယ်ဆိုတာ
သိရက်နဲ့ ကျွန်တော့ကိုအိမ်မက်လှလှတွေ
မမက်စေခဲ့သင့်ဘူး

ကျွန်တော်စဉ်းစားတယ်
အကြိမ်ကြိမ်အခါခါ
အပြန်ပြန်အလှန်လှန် ခင်ဗျားကိုတစ်ဘ၀လုံးနာကျင်ခံစားစေရမယ့်အရာကိုပေါ့

အဖြေကတော့တစ်ခုပဲထွက်တာ
ခင်ဗျားနှလုံးသားရောဘ၀ပါ
ရှင်လျက်နဲ့သေစေမယ့်
လက်နက်က ကျွန်တော်ကိုယ်တိုင်ပဲ

ခင်ဗျားကျွန်တော့ကိုသေလုအောင်ချစ်တာက အားနည်းချက်တစ်ခုပဲ

ကျွန်တော်ဟာ တခြားသူတွေအပေါ်
လူကဲခတ်အားနည်းချင်နည်းနေလိမ့်မယ်
ဒါပေမယ့် ကျွန်တော်ချစ်ရလွန်းတဲ့
ခင်ဗျားအကြောင်းကို
ခေါင်းစကနေခြေဖျားထိသိနေတာက
ကျွန်တော့အားသာချက်တစ်ခုဖြစ်လာခဲ့တယ်

ကျွန်တော်ပဲ..................
ခင်ဗျားကိုနာကျင်ခံစားရအောင်လုပ်နိုင်မှာ

စဉ်းစားတယ် .......
ကျွန်တော်ပါမိန်းမယူလိုက်ရင်ရော
ဟင့်အင်း........ ဒါဆိုခင်ဗျားကစိတ်ချသွားမှာ

ကျွန်တော်ဟိုးအဝေးကြီး
ထွက်သွားခဲ့ရင်ရော
ခင်ဗျားကအဆင်ပြေမှာပါလို့ နှစ်သိမ့်ပြီး
စိတ်ထဲမှာကြိတ်မှိတ်လွမ်းဆွတ်
စိတ်ပူရုံကလွဲပြီးလိုက်ရှာမှာလဲမဟုတ်ဘူး

ကျွန်တော်ခင်ဗျားကိုအရွဲ့တိုက်ပြီး
လုပ်ချင်ရာတွေလျှောက်လုပ်ရင်ရော
ခင်ဗျားက ကျွန်တော်ချစ်တဲ့
Hyung တွေကိုအကူအညီတောင်းပြီး
အဆင်ပြေအောင်လုပ်ခိုင်းဦးမှာ

နည်းလမ်းအများကြီးသာစုံသွားတယ်
ခင်ဗျားဘ၀တစ်ခုလုံး
နောင်တတွေနဲ့ကျန်ခဲ့ဖို့မမြင်ဘူး

အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလုံးထိုသူပိုင်​၏......Where stories live. Discover now