Chapter 1

35.3K 1.4K 54
                                    

Zawgyi

နွေဦးကာလဖြစ်၍ ပူလောင်လွန်းသည်။အပြင်ဘက်ကပူလောင်ခြင်းထက်  kook ရင်ထဲကပိုပူလောင်နေသည်။နာရီကိုကြည့်လိုက်တော့ 11နာရီကျော်လို့ 12နာရီပင်ထိုးတော့မည် အခုထိ hyung ကမလာသေး kook ရဲ့စိတ်များကစိတ်ဆိုးရာနေ ဒေါသအဖြစ်သို့ အရောင်ပြောင်းလာသည်။မနက်က မနက်စာအိမ်မှာလာစားမည်ပြောပြီး အခုထိရောက်မလာခြင်းကို စိတ်ဆိုးနေခြင်းဖြစ်သည်။အိမ်ကခြံခြင်းကပ်ရပ် အခုထိပေါ်မလာသေး သူအိမ်ပေါ်တက်ပြီး ရန်သွားရှာခြင်မိတယ် ဒါပေမဲ့မဖြစ် ကိုယ်ဘက်က အောက်ရာကျသည် နာရီကြည့်လိုက် သက်ပြင်းချလိုက်နှင့် အခန်းထဲမှာခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ် ။

''ကျွတ် ::: ငါနော် ''

kook ခြေကိုစောင့်ကာကုတင်ပေါ်ထိုင်လိုက်တယ်။ခေါင်းအုံးကိုကိုင်ကာတံခါးဝကိုစိတ်ပေါက်ပေါက်နဲ့ပစ်ပေါက်လိုက်တယ်။

''ဟဲ့ အမလေး''

အသံလာရာမော့ကြည့်လိုက်တော့omma ဖြစ်နေတယ်  ဘယ်အချိန်ကဘယ်လိုဝင်လာမှန်းမသိkookပေါက်လိုက်သော ခေါင်းအုံးသည် omma ခေါင်းတည့်တည့်ကိုမှန်လေသည် ။

''အဲ့ဒါဘာဖြစ်နေတာလဲ kookie  ဘာလဲ သား tae လေးမလာလို့စိတ်ဆိုးနေတာလား ထမင်းစားချိန်ကျော်နေပြီးလာခဲ့တော့ အောက်မှာ ဖွားဖွားစောင့်နေတယ်''

''သူ့ကို သားသားနဲ့မခေါ်နဲ့ omma မွေးထားတာ kookie တစ်ယောက်ထဲရှိတယ်သူ့ကိုမခေါ်နဲ့''

''အဲ့ဒါဘာဖြစ်ပြန်တာလဲ အရင်ကတော့ kim tae hyung ကိုသားလို့ခေါ်မှကြိုက်တာဆို ငါမေွးစားထားတာငါ့သားပေါ့''

''ဟာ.... မခေါ်နဲ့ ဆို ဖွား yoon ကိုပြောလိုက်ထမင်းမစားချင်သေးဘူးလို့ ပြီးမှ kookie ဘာသာလာစားမယ်''

''အေးပါဟယ် အမျိုးမျိုးပဲ နင်တိုနှစ်ယောက် ကလင်မယားတွေကျနေတာဘဲ တွေ့ရင်ကိုက်မယ် မတွေ့ရင်တော့လွမ်းနေကြ ငါမပြောလိုက်ခြင်ဘူး ''

omma ပြောပြီးတာနှင့် အခန်းအပြင်သို့ပြန်ထွက်သွားသည်။ဖွား yoon ထမင်းစားစောင့်နေမှာတော့ kook သိသည်။သို့ပေမဲ့မစားချင် စိတ်ခုနေ၍စားရင်လည်းဝင်မည်မဟုတ်။kook မှာက appa ကမရှိတော့ ဖွားဖွား yoongi နှင့် omma jin တို့ပင်ဆွေမျိုးဟူ၍ရှိသည်။ဖွား yoon ကkook ကိုတအားချစ်၍အရာအားလုံးကို kook စိတ်တိုင်းကျထားသည်။ တစ်ဦတည်းသောသားဖြစ်၍ ကလေးတစ်ယောက်လိုဆိုးသည် ဂျစ်တိုက်သည် ဗိုလ်ကျသည်။ kook omma jin နှင့် tae omma namjoon တို့ ကငယ်သူငယ်ချင်းများဖြစ်ကြသည်။tae က kook နှင့်ကျောင်းနေဖက်ဖြစ်ပေမဲ့ kookထက်အသက်တစ်နှစ်ကြီးသည်။kook ကို tae ရဲ့မိဘတွေကလည်းအလိုလိုက်ကြသည်ချစ်ကြသည်။kook ကလူတစ်ကာအပေါ်နွဲ့ဆိုးဆိုးသလို tae အပေါ်တွင်အဆိုးဆုံးဖြစ်သည်။tae ကလည်း kook ကိုအလိုလိုက်သည်။tae နဲ့ kook တို့ရဲ့သံယောဇဉ်က အဖြူ ရောင် 528 နဲ့ 1500 ကြားက အဖြူ ရောင် 528 ထက်ပိုပေမဲ့ 1500 မပြည့်ပေ။

ချစ်သူ့ကိုယ်ရံတော် (Completed)Where stories live. Discover now