chapter 18 (final)

18.8K 923 65
                                    

Zawgyi

ပြတင်းပေါက် မှ တိုက်ရိုက်ကျရောက်လာတဲ့ နေရောင်ခြည် နုနုကြောင့်  kook မျက်လုံးလေးများ ပွင့်လာခဲ့သည်။

ထမလို့ ပြင်လိုက်ပေမဲ့ အနောက်ကနေ တင်းတင်း ကြပ်ကြပ် ဖတ်ထားတဲ့ လက်တစ်စုံကြောင့် လှည့် ကြည့်လိုက်တော့ hyung ရဲ့ရင်ခွင်ထဲမှာ သူရောက်နေသည်ပင်.....

မနေ့ညကအဖြစ် အပျက်များက ခေါင်းထဲ တရေးရေးပြန်ပေါ်လားပြီး မျက်နှာလေး ရှက်သွေးဖြာသွားရသည်။ hyung အကျင့်ပုတ်ကြီး မနေ့ညက သူများကို.....

ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တော့လည်း naked ဖြစ်နေသောကြောင့် ဘေးမှာရှိတဲ့ စောင်လေးကို အလျှင်အမြန်ဆွဲခြုံ လိုက်သည်။

ပြီးမှ ဖတ်ထားတဲ့ လက်တစ်စုံကို မနိုးစေရန် အသာဖယ်လိုက်သည်။

သူ hyung ကိုအခုလိုပုံစံနှင့်ရင်မဆိုင်ရဲသေးပါ။ ဘယ်လောက်ပဲ ချစ်ကြတယ်ပြောပြော သူရှက်နေသေးသည်။

သူ့ရင်ခွင်ထဲ့မှ လုပ်စိလုပ်စိအရာလေးကိုကြည့်လိုက်တော့ သူ့ရဲ့နှစ်ယောက်မရှိတဲ့ ကလေးလေးက ဖတ်ထားတဲ့ သူ့ရဲ့လက်တွေကိုဖယ်ပြီး ထဖို့ကြိုးစားနေသည်။

သူအိပ်ချင်ယောင် ဆက်ဆောင်နေလိုက်ပြီး ရင်ခွင်ထဲက ကိုယ်လုံးသေးသေးလေးကို တင်းတင်းကြပ်ကြပ် ထပ်ဖတ်ထားလိုက်သည်။

ကလေးက နှုတ်ခမ်းလေး တစ်ချက်စူသွားပြီး သူ့ရင်ခွင် ထဲမှ တဖန်ရုန်းထွက်ပြန်သည်။

"ဘာလဲကွာ..... ငြိမ်ငြိမ်မနေဘူး....''

သူ့အသံကြားတော့ ကလေးက အလန့်တကြား ဖြစ်သွားပြီး သူ့ကိုယ်လုံးလေးကို စောင်နှင့်အတင်းခြုံ လေသည်။

"hyung! hyung ကနိုးနေတာလား....''

"ကိုယ်နိုးနေတာကြာပြီး....''

tae ပြောပြီး kook ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

"hyung! ဘာ..ဘာ ကြည့်တာလဲ.....''

kook က စောင်လေးကို ပတ်ပြီး ထပြေးရန် ပြင်လိုက်ပေမဲ့ tae ကပြန်ဆွဲထားသောကြောင့် kook ရဲ့ ကိုယ်လုံးလေး tae ရဲ့ ရင်ဘက်ပေါ်သို့မှောက်လျက်လေကျသွားသည်။

ချစ်သူ့ကိုယ်ရံတော် (Completed)Where stories live. Discover now